Connect with us

China

မြန်မာနိုင်ငံ ဘက်အသီးသီးက ရွေးကောက်ပွဲမှတစ်ဆင့် ပို၍ကျယ်ပြန့်မှု၊ ပို၍ခိုင်မာမှု၊ ပို၍ စဉ်ဆက်မပြတ်ဖြစ်မှုရှိသော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအား ဖော်ဆောင်ခြင်းအပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

မြန်မာနိုင်ငံ ရန်ကုန်တိုင်းဒေသကြီးရှိ မဲရုံတစ်ရုံတွင် ဆန္ဒမဲပေးနေသူအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အသစ်တစ်ကြိမ် ရွေးကောက်ပွဲ ဆန္ဒမဲပေးမှုသည် ဇန်နဝါရီ ၂၅ ရက်တွင် အလုံးစုံ ပြီးဆုံးခဲ့ကြောင်း၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အာဆီယံသက်ဆိုင်ရာနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကိုယ်စားလှယ်များစေလွှတ်၍ ရွေးကောက်ပွဲအား လေ့လာစောင့်ကြည့်ခဲ့ကြရာ ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် တည်ငြိမ်၍ စနစ်တကျရှိပြီး မဲဆန္ဒရှင်များက မဲပေးမှုတွင် တက်ကြွစွာ ပါဝင်ခဲ့ကြကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ဂုဏ်ပြုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၂၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ အပိုင်း (၃) မဲပေးမှုပြီးဆုံးခဲ့ခြင်းနှင့်စပ်လျဉ်း၍ မေးခွန်းများကို ပြန်လည်ဖြေကြားရာ၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို ကာလကြာရှည် အခိုင်အမာ လက်ကိုင်ထားကျင့်သုံးပြီး မြန်မာနိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ကြောင်း၊ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ဘက်အသီးသီးက ရွေးကောက်ပွဲမှတစ်ဆင့် ပို၍ကျယ်ပြန့်မှု၊ ပို၍ခိုင်မာမှု၊ ပို၍ စဉ်ဆက်မပြတ်ဖြစ်မှုရှိသော ငြိမ်းချမ်းရေးနှင့် ပြန်လည်ရင်ကြားစေ့ရေးအား ဖော်ဆောင်ရန်၊ အခြေအနေ ဆောလျင်စွာ ပြေငြိမ်းကာ နိုင်ငံရေးတည်ငြိမ်မှုအား အတူတကွ ကာကွယ်ထိန်းသိမ်းရန် ဆောင်ရွက်ခြင်းကို ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ မြန်မာပြည်သူများ၏ ရွေးချယ်မှုကို လေးစားကာ မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ဆက်လက်ပံ့ပိုးသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
中国外交部:支持缅甸各方通过大选实现更广泛、更牢固、更持久的和平和解
新华社北京1月26日电(记者邵艺博、董雪)就缅甸全国大选第三阶段投票结束,外交部发言人郭嘉昆26日在例行记者会上答问时表示,缅甸新一轮大选投票于1月25日全部结束,中国、俄罗斯、印度、东盟有关国家和国际组织派员观察了大选,选举过程平稳有序,选民积极参与投票,中方对此表示祝贺。长期以来,中方坚定奉行和平共处五项原则,不干涉缅甸内部事务。作为友好邻邦,中方支持缅甸各方通过大选实现更广泛、更牢固、更持久的和平和解,早日实现局势降温,共同维护政局稳定。中方愿同国际社会一道,尊重缅甸人民的选择,为缅甸恢复和平稳定和发展继续提供建设性帮助。(完)
1. 1月25日,选民在缅甸仰光省的一处投票站参加投票。新华社发(苗觉梭摄)