China
ဝမ်ရိနှင့် အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Hissein Brahim Taha တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အစ္စလာမ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူး Hissein Brahim Taha နှင့် ဇန်နဝါရီ ၂၆ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် အစ္စလာမ်နိုင်ငံများ၊ OIC နှင့်ဆက်ဆံရေးကို မြင့်မားသောမဟာဗျူဟာဖြင့် အစဉ်အမြဲ အလေးထား တိုးတက်စေခဲ့ကြောင်း၊ OIC က ရှင်းကျန်း၊ ထိုင်ဝမ် စသည့်အရေးကိစ္စများတွင် တရုတ်နိုင်ငံအား အခိုင်အမာ ထောက်ခံအားပေးခြင်းကို တန်ဖိုးထားချီးကျူးကြောင်း၊ အစ္စလာမ်နိုင်ငံများနှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများ တရားဝင်အကျိုးစီးပွားနှင့် အခွင့်အရေးကို အတူတကွ ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာကြီး “တောရိုင်းစည်းမျဉ်း” သို့ နောက်ပြန်ဆုတ်ခြင်းကို ကန့်ကွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
Taha က OIC သည် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ ရှင်းကျန်းဒေသ၏ ကြီးမားသော အောင်မြင်မှုအပေါ် လေးစားချီးကျူးကြောင်း၊ ပြင်ပအင်အားစုက တရုတ်နိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းအား ကန့်ကွက်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ မိတ်ဖက်ဆက်ဆံရေးကို မယိမ်းမယိုင် ခိုင်ခံ့ နက်ရှိုင်းစေရန် ဆန္ဒရှိပြီး ပါလက်စတိုင်းအရေးတွင် တရုတ်နိုင်ငံ၏ ဘက်စုံ၊ ရေရှည်တည်တံ့၍ တရားမျှတသော ဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော အကျိုးထမ်းပိုးမှုများ မြှင့်တင်လုပ်ဆောင်ခြင်းအပေါ် လေးစားချီးကျူးကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
王毅同伊斯兰合作组织秘书长塔哈会谈
新华社北京1月26日电(记者陆君钰)中共中央政治局委员、外交部长王毅26日在北京同伊斯兰合作组织秘书长塔哈会谈。
王毅表示,中方历来从战略高度重视发展同伊斯兰国家及伊合组织关系,赞赏伊方在涉疆、台湾等问题上给予中方坚定支持,愿同伊斯兰国家共同维护发展中国家正当权益,反对世界倒退回“丛林法则”。
塔哈表示,伊合组织恪守一个中国原则,赞赏新疆巨大发展成就,反对外部势力干涉中国内政,愿同中方坚定不移巩固深化伙伴关系,赞赏中方为推动巴勒斯坦问题全面、持久、公正解决作出积极贡献。(完)
图说:1月26日,中共中央政治局委员、外交部长王毅在北京同伊斯兰合作组织秘书长塔哈会谈。 新华社记者 金良快 摄
