China
၁၆၁ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှု စတင်
ကူမင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
၁၆၁ ကြိမ်မြောက် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားမှုတွင် ပါဝင်သည့် တရုတ်ဘက် တရားဥပဒေစိုးမိုးရေး ရေယာဉ် ၃ စင်းသည် ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျင်ဟား၊ ကွမ်းလေ ရဲဘက်ဆိုင်ရာသင်္ဘောဆိပ်ကမ်းမှ စတင်ထွက်ခဲ့သည်။ ယင်းမှာ ၂၀၂၆ ခုနှစ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ခြင်း တရားဥပဒေစိုးမိုးရေးလှုပ်ရှားကို စတင်လိုက်ခြင်း ဖြစ်သည်။
ယခုအကြိမ်လှုပ်ရှားမှုတွင် တရားဥပဒစိုးမိုးရေး အပိုင်းလိုက် ကင်းလှည့်ခြင်းနှင့် အဓိကအကဲဆတ်သည့်ရေပြင်တွင် ပူးတွဲကင်းလှည့်ခြင်းကို ပေါင်းစပ်သည့်နည်းလမ်းဖြင့် လုပ်ဆောင်ခြင်း ဖြစ်သည်။ တရုတ်ဘက် တရားဥပဒေ စိုးမိုးရေး ရေယာဉ် ၃ စင်းသည် တရုတ်နိုင်ငံ ရှစ်ဆောင်ပဏ္ဏားမှ စတင်ထွက်ခွာခဲ့ပြီး လာအိုဘက် တရားဥပဒေ စိုးမိုးရေး ရေယာဉ် ၂ စင်းက လာအိုနိုင်ငံ ပန်ရှန်ကော်၊ မုန်မော်မှလည်းကောင်း၊ မြန်မာဘက် တရားဥပဒေ စိုးမိုးရေး ရေယာဉ် ၁ စင်းက ဝမ်ပုံမှလည်းကောင်း တစ်ပြိုင်နက်တည်း ထွက်ခွာခဲ့သည်။ ဘက်အသီးသီး တရားဥပဒေ စိုးမိုးရေး ရေယာဉ်များသည် အပိုင်းလိုက် ကင်းလှည့်ပြီး ကြိုတင်သတ်မှတ်ထားသော ရေပြင်တွင် ပေါင်းဆုံကာ တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှုအား အတူတကွ ဆောင်ရွက်ကြမည်ဖြစ်သည်။
လှုပ်ရှားမှုမတိုင်မီ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံ သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးဌာနများက ရှစ်ဆောင်ပဏ္ဏားပြည်နယ်ခွဲ ကျင်ဟုန်မြို့တွင် ကွပ်ကဲရေးမှူးပူးတွဲအစည်းအဝေးနှင့် သတင်းအချက်အလက်ဖလှယ်ပွဲအား ကျင်းပပြီး ယခုကာလများအတွင်း မဲခေါင်မြစ်ဝှမ်း လုံခြုံရေးစီမံမှုအခြေအနေနှင့် ဘက်အသီးသီး၏ တရားမဝင်မှုခင်းတိုက်ဖျက်ရေးရလဒ်များကို အပြန်အလှန်အသိပေးခဲ့ကာ လှုပ်ရှားမှုအစီအစဉ်များကို အတူတကွ လေ့လာဆွေးနွေး၍ သဘောတူညီချက်ရရှိခဲ့သည်။
လှုပ်ရှားမှုကာလအတွင်း တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံသည် အစီအစဉ်အတိုင်း မဲခေါင်မြစ် အဓိကရေပြင်များတွင် တရားဥပဒေစိုးမိုးရေး ပူးတွဲလှုပ်ရှားမှုများ ဆောင်ရွက်သွားမည် ဖြစ်ပြီး မြစ်ဝှမ်းအတွင်း တရားဥပဒေကိုချိုးဖောက်သော ပြစ်မှုအမျိုးမျိုးကို စဉ်ဆက်မပြတ်တိုက်ဖျက်ကာ နှစ်အကူးအပြောင်းကာလ မဲခေါင်မြစ်ဝှမ်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အစွမ်းကုန် အာမခံထားဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် လေးနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံတွင် ၂၀၂၅ ခုနှစ် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း မဲခေါင်မြစ် တရားဥပဒေစိုးမိုးရေး ပူးတွဲကင်းလှည့်လှုပ်ရှားမှု နှစ်ပတ်လည် အနှစ်ချုပ်သုံးသပ်ပွဲအား ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၅ ခုနှစ် တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို အတူတကွ ပြန်လည်အောက်မေ့ကာ ၂၀၂၆ ခုနှစ် လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရေးနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
—————–
(Chinese Version)
第161次中老缅泰湄公河联合巡逻执法行动启动
新华社昆明1月26日电(记者王研、胡了然)1月26日上午9时,参加第161次中老缅泰湄公河联合巡逻执法行动的3艘中方执法艇分别从云南省西双版纳傣族自治州景哈、关累警务码头启航,拉开了2026年中老缅泰湄公河联合巡逻执法行动的序幕。
此次行动采取分段巡逻执法和重点敏感水域联合巡逻执法相结合的方式开展,中方3艘执法艇从中国西双版纳启航,老方2艘执法艇、缅甸1艘执法艇同步从老挝班相果、孟莫和缅甸万崩启航,各方执法艇开展分段巡逻执法至预定水域会合后,共同开展联合巡逻执法行动。
行动前,中老缅泰四国有关执法部门在西双版纳景洪召开指挥官联席会和信息交流会,相互通报近期湄公河流域治安形势和各方打击违法犯罪成效,共同研商行动方案并达成共识。
行动期间,中老缅泰四方将按计划在湄公河重点水域开展联合执法行动,持续打击流域内各类违法犯罪活动,全力确保岁末年初湄公河流域安全稳定。此外,四方还将在泰国召开2025年度中老缅泰湄公河联合巡逻执法行动总结会,共同回顾总结2025年执法合作成果,并就2026年深化四国执法合作进行磋商。(完)
1. 中方53101艇和53105艇从西双版纳景哈警务码头启航。(云南省公安厅水上巡逻总队供图)
