Connect with us

China

ကျောက်လဲ့ကျိနှင့် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Petteri Orpo တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ ပေကျင်းမြို့၌ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိနှင့် ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Petteri Orpo တို့ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိသည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖင်လန်နိုင်ငံ ဝန်ကြီးချုပ် Petteri Orpo နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဖင်လန်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအား အစောဆုံးအသိအမှတ်ပြုပြီး သံတမန်ဆက်ဆံရေး ထူထောင်သော အနောက်နိုင်ငံများအနက် တစ်နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံအနေဖြင့် အစဉ်အမြဲ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု ရှိကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် သမ္မတ ရှီကျင့်ဖိန်နှင့် ဖင်လန်နိုင်ငံ သမ္မတ Stubb တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ဖင်လန် အနာဂတ်အတွက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေးပုံစံသစ် နက်ရှိုင်းစေရေးနှင့်စပ်လျဉ်း၍ အရေးကြီးသော သဘောတူညီချက်ရရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖင်လန်နိုင်ငံနှင့်အတူတကွ ကြိုးပမ်းသွားကာ သံတမန်ဆက်ဆံရေးထူထောင်သည့် မူလရည်ရွယ်ချက်ကို လက်ကိုင်ထားရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တိုးတက်စေရန်၊ အပြန်အလှန်အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှု ဖလှယ်ရေး တိုးချဲ့ရန်၊ နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်စွာ ရေရှည်တိုးတက်မှုကို တွန်းအားပေးရန် လုပ်ဆောင်သွားလိုကြောင်း၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အနေဖြင့် ဖင်လန်နိုင်ငံလွှတ်တော်နှင့်အတူ ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ဥပဒေပြုရေး၊ ကြီးကြပ်မှုနှင့် နိုင်ငံ့ရေးရာစီမံခန့်ခွဲမှုတို့တွင် အတွေ့အကြုံများကို အပြန်အလှန် လေ့လာသင်ယူရန်၊ ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုအတွက် တရားဥပဒေစိုးမိုးရေး အာမခံချက် ပေးအပ်ရန် ဆန္ဒရှိကြောင်း ကျောက်လဲ့ကျိက ပြောကြားခဲ့သည်။

Orpo က ဖင်လန်-တရုတ် ဆက်ဆံရေးသည် ရေရှည်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ဖင်လန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုတွင် ကမ္ဘာသိ အောင်မြင်မှုများရရှိသည့်အတွက် ဂုဏ်ယူကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ လက်ကိုင်ထားကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွားရေး၊ ဆန်းသစ်တီထွင်မှု စသည့် ကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ ဥပဒေပြုအဖွဲ့အစည်းများအကြား ဖလှယ်မှုများကို အားကောင်းစေရန် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………..
(Chinese Version)
赵乐际会见芬兰总理奥尔波
新华社北京1月27日电 全国人大常委会委员长赵乐际27日上午在北京会见芬兰总理奥尔波。
赵乐际表示,芬兰是最早承认并同新中国建交的西方国家之一,双方始终友好相处、互尊互信。2024年10月,习近平主席同斯图布总统举行会谈,就深化中芬面向未来的新型合作伙伴关系达成重要共识。中方愿同芬方共同努力,秉持建交初心,增进政治互信,深化互利合作,扩大人文交流,推动两国关系行稳致远。中国全国人大愿同芬兰议会深化交流合作,互学互鉴立法、监督和治国理政经验,为各领域务实合作提供法治保障。
奥尔波表示,芬中关系长期稳定发展。芬方祝贺中国发展取得举世瞩目成就,坚持一个中国政策,愿同中方深化经贸、创新等领域合作,加强立法机构交流。(完)
图说:1月27日上午,全国人大常委会委员长赵乐际在北京会见芬兰总理奥尔波。新华社记者 姚大伟 摄