Connect with us

China

ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၁၀၀ ကျော် ရှိလာ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၂၆ ရက်တွင် ထပ်မံ သမိုင်းစံချိန်သစ်တင် မြင့်တက်ခဲ့ရာ အမေရိကန်နိုင်ငံ နယူးယောက် ကုန်စည်လဲလှယ်မှု (NYMEX) ၏ Gold Futures ဈေးနှုန်းနှင့် လန်ဒန်လက်ရှိရွှေဈေးနှုန်း အရောင်းအဝယ်နှစ်ခုလုံးသည် တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၁၀၀ ကျော်ခဲ့သည်။ ယင်းနေ့ အရောင်းအဝယ် အသွက်လက်ဆုံးဖြစ်သော ဖေဖော်ဝါရီလ Gold Futures ဈေးနှုန်းသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၅,၁၀၈ ဒေါ်လာ နီးပါးဖြစ်ပြီး လွန်ခဲ့သည့်ရက် ရောင်းဝယ်မှုနေ့၏ အပိတ်ဈေးထက် ၂ ရာခိုင်နှုန်းကျော် တိုးလာခဲ့သည်။

ပထဝီနိုင်ငံရေးအခြေအနေတင်းမာမှု ဆိုးရွားလာခြင်း စသည့် အကြောင်းရင်းများ၏ နှိုးဆွမှုကြောင့် ရင်းနှီးမြှုပ်နှံသူများသည် အန္တရာယ်အလားအလာ ရှောင်ရှားလိုမှုများ မြင့်မားလာရာ ရွှေ (Gold) နှင့် ငွေ (Silver) စသည့် အန္တရာယ်အလားအလာ ရှောင်ရှားသည့် ပိုင်ဆိုင်မှုဈေးနှုန်းများမြင့်တက်လာစေရန် အထောက်အပံ့ဖြစ်စေကြောင်း သုံးသပ်သူများက ထောက်ပြကြသည်။
ယင်းနေ့ NYMEX ၏ Silver Futures ဈေးနှုန်းသည်လည်း များစွာ မြင့်တက်ခဲ့ရာ ရောင်းဝယ်မှုသည် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်အောင်စလျှင် ကန်ဒေါ်လာ ၁၀၉ ဒေါ်လာကျော်အထိ ထပ်မံစံချိန်တင် မြင့်မားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် မြို့နေပြည်သူတစ်ဦးက ရွှေထည်ပစ္စည်းရွေးချယ်နေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန်မြို့ လျန်ယွင်ခရိုင်ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းတစ်ဦးက ရွှေထည်ပစ္စည်းများအား စီရီနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
国际金价突破每盎司5100美元
新华社北京1月26日电 国际黄金价格26日再创历史新高,纽约商品交易所黄金期货价格和伦敦现货黄金价格盘中双双突破每盎司5100美元关口。当天,交投最活跃的2月黄金期货价格一度接近每盎司5108美元,较前一交易日收盘价上涨超2%。
分析人士指出,受地缘政治紧张加剧等因素刺激,投资者避险情绪高涨,为黄金和白银等避险资产价格上涨提供支撑。
当天,纽约商品交易所白银期货价格也大幅上涨,盘中一度涨破每盎司109美元,再创新高。(完)
1、3:1月26日,江苏省连云港市连云区一家黄金店店员在整理黄金饰品。新华社发(王春 摄)
2:1月26日,市民在江苏省连云港市连云区一家黄金店挑选黄金饰品。新华社发(王春 摄)