Connect with us

China

ဗဟိုအမေရိကနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပုံမှန်သွားလာဆက်ဆံမှုအပေါ် အချို့သော အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များ လက်ညှိုးထိုး ခြယ်လှယ်စွက်ဖက်ခြင်းကို တရုတ်နိုင်ငံ အခိုင်အမာကန့်ကွက်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၆ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေ‌ဖြင့် အချို့သော အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များက ဗဟိုအမေရိကနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပုံမှန်သွားလာဆက်ဆံမှုအပေါ် လက်ညှိုးထိုး ခြယ်လှယ်စွက်ဖက်ခြင်းကို အခိုင်အမာကန့်ကွက်ကြောင်း၊ အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များအနေဖြင့် တရုတ်နိုင်ငံနှင့်စပ်လျဉ်းသော အကြောင်းအရာအား ခြယ်လှယ်ခြင်းကိုရပ်တန့်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်၊ အကျိုးပြုသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက ဇန်နဝါရီ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ထိုနေ့တွင်ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်က ယမန်လတွင် “အမျိုးသားလုံခြုံရေး မဟာဗျူဟာ” ဗားရှင်းအသစ်အား ထုတ်ပြန်ပြီးနောက် အမေရိကန်သည် အနောက်ကမ္ဘာဘက်ခြမ်းတွင် ရင်းနှီးထည့်ဝင်မှုအား သိသိသာသာမြှင့်တင်လာသည်ကို မိမိတို့သတိပြုမိကြောင်း၊ လတ်တလောရက်ပိုင်းတွင် အမေရိကန် အောက်လွှတ်တော် “တရုတ်နိုင်ငံဆိုင်ရာ အထူးကော်မတီ” ဥက္ကဋ္ဌ John Moolenaar သည် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်၍ ပနားမား စသည့် ဗဟိုအမေရိကနိုင်ငံများစွာသို့ သွားရောက်ခဲ့ရာ ယင်းသည် တရုတ်နိုင်ငံက ဒေသတွင်းအပေါ် အကျပ်ကိုင်မှု၊ ဖိအားပေးမှုနှင့် စွက်ဖက်မှုအား ကိုင်တွယ်စီမံရန်၊ တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုအား အတိုက်အခံပြုလုပ်ရန် စသည်တို့အတွက်ဖြစ်သည်ဟု ဆိုပြီး ပနားမားတူးမြောင်း ဆိပ်ကမ်းလည်ပတ်မှု စသည့် ကုန်သွယ်စီးပွားရေး လုံခြုံမှုကဏ္ဍတွင် တရုတ်နိုင်ငံအား အနိုင်ရရှိအောင် ယှဉ်ပြိုင်မည်ဟုလည်း ဆိုခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ တုံ့ပြန်လိုသနည်းဟု မေးမြန်းခဲ့သည်။

ကောကျားခွန်းက တရုတ်နိုင်ငံအနေ‌ဖြင့် အချို့သော အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များက ဗဟိုအမေရိကနိုင်ငံများနှင့် တရုတ်နိုင်ငံ၏ ပုံမှန်သွားလာဆက်ဆံမှုအပေါ် လက်ညှိုးထိုး ခြယ်လှယ်စွက်ဖက်ခြင်းကို အခိုင်အမာကန့်ကွက်ကြောင်း၊ သက်ဆိုင်ရာပြောဆိုချက်သည် လုံးဝအဓိပ္ပာယ်မဲ့သော မုသားစကားသာဖြစ်ပြီး မိမိ၏သဘောထားအသိအမြင်ဆိုင်ရာ ဘက်လိုက်မှုနှင့် စစ်အေးအတွေးအခေါ်များကို ကြေးမုံပမာ ထင်ဟပ်စေမည်သာဖြစ်ကြောင်း ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံအနေဖြင့် အပြန်အလှန်လေးစားသော၊ တန်းတူညီမျှ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းသော၊ တံခါးဖွင့်လှစ်၍ အားလုံးပါဝင်သော၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်သော အခြေခံမူကို အစဉ်အမြဲအရင်းခံကာ ဗဟိုအမေရိကနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါကလည်း ဒေသတွင်းပြည်သူတွေအတွက် လက်တွေ့ကျကျ အကျိုးစီးပွားတွေ သယ်ဆောင်လာခဲ့တာကြောင့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ကြိုဆိုခြင်း ခံခဲ့ရပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံရေးပုဂ္ဂိုလ်များအနေဖြင့် တရုတ်နိုင်ငံနှင့်စပ်လျဉ်းသော အကြောင်းအရာအား ခြယ်လှယ်ခြင်းကိုရပ်တန့်၍ ဒေသတွင်း ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောမှုအား မြှင့်တင်ရန်၊ အကျိုးပြုသော ကိစ္စရပ်များ ပိုမိုလုပ်ဆောင်ရန် မိမိတို့တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部:中方坚决反对美国个别政客对中美洲国家同中国的正常交往指手画脚
新华社北京1月26日电(记者朱超、邵艺博)外交部发言人郭嘉昆26日表示,中方坚决反对美国个别政客对中美洲国家同中国的正常交往指手画脚。敦促美方政客停止操弄涉华议题,多做有利于促进地区发展繁荣的事。
当日例行记者会上,有记者问:我们注意到,自上月公布新版《国家安全战略》以来,美国明显加大了对西半球的投入。近日,美国国会众议院“中国特设委”主席莫伦纳率团访问巴拿马等中美洲多国,声称是为应对中国对当地的胁迫、施压和干预、对抗中国影响力等,并要在巴拿马运河港口运营等经贸安全领域竞赢中国。中方有何回应?
郭嘉昆表示,中方坚决反对美国个别政客对中美洲国家同中国的正常交往指手画脚。有关言论是彻头彻尾的谎言谬论,只能镜像其自身意识形态偏见和冷战思维。
“中方始终秉持相互尊重、平等互利、开放包容、合作共赢的原则同中美洲国家开展友好合作,为当地人民带来了实实在在的好处,受到有关国家欢迎。”郭嘉昆说,我们敦促美方政客停止操弄涉华议题,多做有利于促进地区发展繁荣的事。(完)