China
ကွမ်ကျိုး ယွိရှီးရုက္ခဗေဒဥယျာဉ်တွင် ကြာပန်းရိပ်မြုံ ဖန်တီးထား
ကွမ်ကျိုး၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
ယွိရှီးရုက္ခဗေဒဥယျာဉ်သည် တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ ပိုင်ယွင်တောင် ရှုခင်းသာ အနောက်တောင်ခြေ၌ တည်ရှိပြီး အမျိုးသားရုက္ခဗေဒဥယျာဉ်စနစ် ကွမ်ကျိုးရွှေ့ပြောင်းရာနေရာ ကာကွယ်စောင့်ရှောက်ရေး စံပြဇုန်ဖြစ်သည်။ ယွိရှီးရုက္ခဗေဒဥယျာဉ်သည် စတင်တည်ဆောက်လာသည့်အချိန်မှစ၍ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပမှ ကြာပန်းမျိုးရင်းများကို ကျယ်ကျယ်ပြန့်ပြန့်စုစည်းခဲ့ပြီး ကြာပန်းမျိုးစု အပင်အရင်းအမြစ် ထိန်းသိမ်းထားမှု အရေအတွက်သည် တရုတ်နိုင်ငံတစ်ဝန်း ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိသည်။
ယွိရှီးရုက္ခဗေဒဥယျာဉ်သည် ဧရိယာ စတုရန်းမီတာ ၂၀,၀၀၀ ကျော်ရှိသည့် ကြာပန်းသရုပ်ပြဇုန်ကို ဖော်ဆောင်ထားရာ ရေကန်၊ မြက်ခင်း၊ ပန်းမန် ဟူသည့် အဓိကအကြောင်းအချက် ၃ ရပ်ဖြင့် “ကြာပန်းသင်းရနံ့မွှေးပျံ့၍ ပန်းပေါင်းရာချီ အရောင်အသွေးစုံလင်ခြင်း” ဟူသည့် ရှုခင်းသာကို ဖန်တီးထားသည်။ မျိုးစေ့အရင်းအမြစ် ဆန်းသစ်တီထွင်မှုအပိုင်းအတွက် ယွိရှီးရုက္ခဗေဒဥယျာဉ်တွင် ကြာပန်းမျိုးစေ့တင်သွင်း၍ ပျိုးထောင်ဖော်ဆောင်ရေးအဖွဲ့ငယ် ဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ ပြည်တွင်း အဆင့်မြင့်ပညာရေးတက္ကသိုလ်ကျောင်းနှင့် သိပ္ပံသုတေသနဌာနများ၏ ပူးတွဲလုပ်ဆောင်မှုကို တက်ကြွစွာ ဖော်ဆောင်ခြင်းဖြင့် သိပ္ပံနည်းကျ မျိုးစေ့ရွေးချယ်ခြင်းစနစ်ကို ကနဦးတည်ဆောက်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ယွိရှီးရုက္ခဗေဒဥယျာဉ်ရှိ ကြာပန်းအမျိုးမျိုးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ယွိရှီးရုက္ခဗေဒဥယျာဉ်ရှိ ကြာပန်းသရုပ်ပြဇုန်တွင် ဝန်ထမ်းက ကြာပန်းအား မြေဩဇာထည့်ပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




———————
(Chinese Version)
广州云溪植物园打造睡莲家园
新华社照片,广州,2026年1月27日
云溪植物园位于广州市白云山风景名胜区西麓,是国家植物园体系广州迁地保护示范区。自筹建以来,云溪植物园就广泛收集来自国内外的睡莲原生种,睡莲属植物资源保存数量在国内名列前茅。
云溪植物园开辟占地面积两万多平方米的睡莲展示区,整体以塘、草、花三要素打造“莲香飘远、百花疏影、姹紫嫣红”的景观。在种质资源创新方面,云溪植物园成立了睡莲引种保育开发小组,积极联动国内高校和科研院所,初步构建起科学选育体系。
1、这是1月27日拍摄的广州云溪植物园睡莲展示区。新华社记者 邓华 摄
2、这是1月27日在广州云溪植物园拍摄的各种睡莲(拼版照片)。新华社记者 邓华 摄
3、1月27日,在广州云溪植物园睡莲展示区,工作人员给睡莲施肥。 新华社记者 邓华 摄
