China
ဝမ်ရိနှင့် အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး Bayramov တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၂၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် အဇာဘိုင်ဂျန်နိုင်ငံခြားရေးဝန်ကြီး Jeyhun Bayramov နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက လွန်ခဲ့သည့်နှစ်အတွင်း သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ Ilham Aliyev တို့ နှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-အဇာဘိုင်ဂျန် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ကြောင်း အတူတကွ ကြေညာခဲ့သည်ဟု ပြောကြားခဲ့သည်။ နှစ်ဖက်အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ ချိတ်ဆက်မှု အားကောင်းစေပြီး “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွ တည်ဆောက်ခြင်းကို လမ်းညွှန်မှုအဖြစ် ထားရှိကာ နှစ်နိုင်ငံ ခေတ်မီအသွင်ပြောင်းတည်ဆောက်ရေးကို အားဖြည့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ယခုနှစ် အာရှတိုက်အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု နှင့် ယုံကြည်မှု တည်ဆောက်ရေး အစီအမံများဆိုင်ရာ ထိပ်သီးညီလာခံကို အဇာဘိုင်ဂျန်ဘက်က ကောင်းမွန်စွာ ကျင်းပမည့်အပေါ် တက်ကြွစွာ ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
Bayramov က အဇာဘိုင်ဂျန်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်ကို ထောက်ခံအားပေးပြီး “ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုမိတ်ဆွေအဖွဲ့ငယ်” တွင် ပါဝင်ရန် ဆန္ဒရှိကြောင်း၊ အဇာဘိုင်ဂျန်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်မြဲ ခိုင်မာစွာ လက်ကိုင်ထားပြီး တရုတ်နိုင်ငံနှင့်အတူ ကုန်သွယ်စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ အပြန်အလှန်ချိတ်ဆက်မှု၊ သိပ္ပံနည်းပညာ၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း စသည့် ကဏ္ဍများတွင် ဖလှယ်မှု၊ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
王毅同阿塞拜疆外长巴伊拉莫夫会谈
新华社北京1月28日电(记者袁睿)中共中央政治局委员、外交部长王毅28日在北京同阿塞拜疆外长巴伊拉莫夫会谈。
王毅表示,去年习近平主席同阿利耶夫总统两度会晤,共同宣布建立中阿全面战略伙伴关系。双方要加强发展战略对接,以高质量共建“一带一路”为引领,助力两国现代化建设。中方愿积极支持阿方办好今年亚信峰会。
巴伊拉莫夫表示,阿方支持习近平主席提出的四大全球倡议,愿加入“全球治理之友小组”。阿方始终恪守一个中国原则,愿同中方拓展经贸投资、互联互通、科技教育及旅游等领域交流合作。(完)
图说:1月28日,中共中央政治局委员、外交部长王毅在北京同阿塞拜疆外长巴伊拉莫夫会谈。 新华社记者 戴天放 摄
