Connect with us

China

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာစတားမာ၏ တရုတ်နိုင်ငံခရီးစဉ် ကြွယ်ဝသော အောင်မြင်မှုရလဒ်များ ရရှိခြင်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုကို ပြသခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ကီယာ စတားမာ၏ တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ်သည် ကြွယ်ဝသော အောင်မြင်မှုရလဒ်ခြင်းက နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၏ ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုကို ပြသခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇန်နဝါရီ ၃၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များရရှိထားသော အရေးကြီးသည့် သဘောတူညီချက်များကို ကောင်းမွန်စွာ ဖော်ဆောင်ရန်၊ ရေရှည်တည်ငြိမ်သော ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် အတူလက်တွဲ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကီယာ စတားမာသည် ဇန်နဝါရီ ၂၈ ရက်မှ ၃၁ ရက်အထိ တရုတ်နိုင်ငံသို့ တရားဝင် ခရီးစဉ် လာရောက်ခဲ့ကြောင်း၊ “ဒါဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ၈ နှစ်အကြာ တရုတ်နိုင်ငံကို ထပ်မံရောက်ရှိတာဖြစ်သလို နှစ်သစ်အစမှာ တရုတ်နိုင်ငံက ဧည့်ခံတွေ့ဆုံခဲ့တဲ့ ပထမဆုံး ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်လည်း ဖြစ်ပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်နှင့် ဝန်ကြီးချုပ် ကီယာ စတားမာတို့ ဇန်နဝါရီ ၂၉ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်တို့က တရုတ်-ဗြိတိန်အနေဖြင့် ရေရှည်တည်ငြိမ်သော ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်စေရန် သဘောတူညီခဲ့ကြကြောင်း၊ တရုတ်-ဗြိတိန် ပူးပေါင်းဆောင်ရွက်မှု၏ “ကြီးမားသော အလားအလာ” ကို လက်တွေ့ ရလဒ်ဖြစ်သည့် “ကြီးမားသော အောင်မြင်မှုများ” အဖြစ် ပြောင်းလဲရန် အားစိုက်ဆောင်ရွက်လျက် တရုတ်-ဗြိတိန် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် အခင်းအကျင်းအသစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ တရုတ် ဝန်ကြီးချုပ် လီချန်၊ NPC အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျိတို့သည် ဝန်ကြီးချုပ် ကီယာစတားမာနှင့် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြပြီး တရုတ်-ဗြိတိန် ကဏ္ဍအသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ နှစ်နိုင်ငံ ဥပဒေပြု အဖွဲ့အစည်းများအကြား ကူးလူးဆက်ဆံရေး ပြန်လည်ထူထောင်ရန်နှင့် စပ်လျဉ်း၍ အမြင်သဘောထားများ နက်နက်ရှိုင်းရှိုင်းဖလှယ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်ဖက်သည် တရုတ်-ဗြိတိန် ရာသီဥတုနှင့် သဘာဝတရားဆိုင်ရာ အဆင့်မြင့် မိတ်ဖက်ဆက်ဆံရေး ထူထောင်ရန်၊ တရုတ်-ဗြိတိန် အဆင့်မြင့် လုံခြုံရေးဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲများ ကျင်းပခြင်းကို ပြန်လည်ထူထောင်ရန် သဘောတူခဲ့ကြကြောင်း၊ ထို့အပြင် ယခုနှစ်အတွင်း အသစ်တစ်ကြိမ် မဟာဗျုဟာ ဆွေးနွေးပွဲ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဆွေးနွေးပွဲ၊ ကုန်သွယ်စီးပွားရေး ပူးတွဲကော်မရှင် အစည်းအဝေးစသည့် ယန္တရားဆိုင်ရာ အပြန်အလှန်ဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်သလို တရုတ်နိုင်ငံသည် တင်သွင်းလာသော ဝီစကီအပေါ် စည်းကြပ်ခွန်နှုန်းထားကို ၁၀ ရာခိုင်နှုန်း မှ ၅ ရာခိုင်နှုန်းသို့ လျှော့ချပေးမည်ဖြစ်ကြောင်း၊ နှစ်ဖက်လုံးအနေဖြင့် နားလည်မှု ပိုမိုနက်ရှိုင်းစေရန်၊ အပြန်အလှန်ယုံကြည်မှု တိုးတက်စေရန် လူမှုယဉ်ကျေးမှုဖလှယ်ခြင်းများနီးကပ်စေကာ လူပုဂ္ဂိုလ်များ သွားလာမှု ပိုမိုလွယ်ကူစေသင့်သည်ဟု ယူဆကြပြီး နှစ်နိုင်ငံ ဥပဒေပြုအဖွဲ့အစည်းများ ပုံမှန်ကူးလူးဆက်ဆံမှု ပြန်လည်ထူထောင်ရန် အခြေခံမူအားဖြင့် သဘောတူညီခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆန္ဒရှိသော ဗြိတိန်လွှတ်တော်အမတ်များ တရုတ်နိုင်ငံသို့ အများအပြားလာရောက်လည်ပတ်ရန် ကြိုဆိုကြောင်း၊ ဗြိတိန်နိုင်ငံသားများအတွက် တစ်ဖက်သတ်ဗီဇာကင်းလွတ်ခွင့်မူဝါဒကို အကောင်အထည်ဖော်ရန် တက်ကြွစွာထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက မိတ်ဆက်ပြောကြားခဲ့သည်။

နိုင်ငံတော်ခရီးစဉ်အတွင်း ဝန်ကြီးချုပ်လီချန်သည် ဝန်ကြီးချုပ် ကီယာ စတားမာနှင့်အတူ ကုန်သွယ်စီးပွားရေး၊ လယ်ယာထွက် အစားအစာများ၊ ယဉ်ကျေးမှု၊ ဈေးကွက်ကြီးကြပ်စီမံရေးစသည့် ကဏ္ဍများတွင် အစိုးရအကြား ပူးပေါင်းဆောင်ရွက်ရေး စာရွက်စာတမ်း ၁၂ ခု လက်မှတ်ရေးထိုးခြင်းကို ပူးတွဲမျက်မြင်သက်သေပြုခဲ့ပြီး တရုတ်-ဗြိတိန် စီးပွားရေးကောင်စီ အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့လည်း အတူတကွတက်ရောက်ခဲ့ကြောင်း၊ နှစ်ဖက်အနေဖြင့် တရုတ်-ဗြိတိန် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ပထမဆုံးအကြိမ် အစည်းအဝေးနှင့် တရုတ်-ဗြိတိန် အာမခံဖိုရမ်ကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
အထူးဖော်ပြရမည်မှာ ဝန်ကြီးချုပ် စတားမာ သည် ယခုအကြိမ် တရုတ်နိုင်ငံခရီးစဉ်တွင် ဗြိတိန်၏ အရေးပါသော စက်မှုစီးပွားလုပ်ငန်း၊ ယဉ်ကျေးမှုနယ်ပယ်မှ ကိုယ်စားလှယ် ၆၀ ကျော်ကို ဦးဆောင်၍ လာရောက်လည်ပတ်ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအစိုးရသည် ဗြိတိန်ကုမ္ပဏီလုပ်ငန်းများအပါအဝင် နိုင်ငံအသီးသီးမှကုမ္ပဏီလုပ်ငန်းများ တရုတ်နိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင် ပံ့ပိုးရန် အားစိုက်ဆောင်ရွက်လျက်ရှိပြီး ဗြိတိန်နိုင်ငံအနေဖြင့်လည်း ဗြိတိန်နိုင်ငံသို့ သွားရောက် ရင်းနှီးမြှုပ်နှံသော တရုတ်ကုမ္ပဏီလုပ်ငန်းများအတွက် တန်းတူညီမျှသော၊ ပွင့်လင်းမြင်သာသော၊ ခွဲခြားဆက်ဆံမှုမရှိသော စီးပွားရေးလုပ်ကိုင်ရာပတ်ဝန်းကျင် ပံ့ပိုးပေးရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဗြိတိန် အင်တာနက်အသုံးပြုသူ အများအပြားက တရုတ်နိုင်ငံဟာ ယုံကြည်အားကိုးရတဲ့ မိတ်ဆွေမိတ်ဖက်ဖြစ်တယ်လို့ ဖော်ပြကြတာကို ကျွန်တော် သတိပြုမိပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ယခုအကြိမ် ခရီးစဉ်ကို အခွင့်အလမ်းအဖြစ်ထားရှိကာ ဗြိတိန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို ကောင်းမွန်စွာ အကောင်အထည်ဖော်ရန်၊ ကျယ်ပြန့်သော သမိုင်းအမြင်ကို ထိန်းသိမ်းရန်၊ ကွဲလွဲမှုများကို ကျော်လွှားရန်၊ အပြန်အလှန်လေးစားရန်၊ ရေရှည်တည်ငြိမ်သော ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရန် အတူလက်တွဲဆောင်ရွက်သွားလိုပြီး ယင်းက နှစ်နိုင်ငံပြည်သူများအား အကျိုးပြုမည်သာမက ကမ္ဘာကြီးအတွက်ပါ အကျိုးရှိစေမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
外交部:英国首相斯塔默访华取得丰硕成果 展现了两国合作的广度和深度
新华社北京1月30日电(记者朱超、邵艺博)外交部发言人郭嘉昆30日在例行记者会上表示,英国首相斯塔默对中国进行的正式访问取得丰硕成果,展现了两国合作的广度和深度。中方愿同英方一道落实好两国领导人重要共识,携手发展长期稳定的全面战略伙伴关系。
斯塔默于1月28日至31日对中国进行正式访问。“这是英国首相时隔8年再次访华,也是新年伊始中方接待的第一位联合国安理会常任理事国领导人。”郭嘉昆说,1月29日,习近平主席同斯塔默首相举行会见,两国领导人同意中英要发展长期稳定的全面战略伙伴关系,致力于把中英合作“大有可为”的潜力转化成“大有作为”的实绩,为中英关系与合作开新局。李强总理、赵乐际委员长分别同斯塔默首相会谈、会见,就推进中英各领域务实合作,恢复两国立法机构交往深入交换意见。
郭嘉昆介绍,双方同意建立中英高级别气候与自然伙伴关系,恢复举行中英高级别安全对话,并于年内举办新一轮战略对话、经济财金对话、经贸联委会会议等机制性对话,中方将进口威士忌酒关税税率由10%降至5%。双方都认为应密切人文交流、便利人员往来,以加深了解、增进互信,原则同意恢复两国立法机构正常交往。中方欢迎有意愿的英国议员多来中国参访,将积极考虑对英国公民实施单方面免签政策。
郭嘉昆说,访问期间,李强总理同斯塔默首相共同见证签署经贸、农食、文化、市场监管等领域12项政府间合作文件,共同出席中英企业家委员会会议闭幕式。双方还将举行中英金融工作组首次会议和中英保险论坛。要特别指出的是,斯塔默首相此次率60多位英国重要工商、文化界代表访华。双方企业界对中英合作未来充满信心和期待。中国政府致力于为包括英国企业在内的各国企业来华投资提供良好环境,也希望英方为中国企业赴英投资提供公平、透明、非歧视的营商环境。
“我们注意到不少英国网友表示中国是值得信赖的朋友伙伴。”郭嘉昆说,中方愿以此访为契机,同英方一道落实好两国领导人重要共识,秉持大历史观,超越分歧,相互尊重,携手发展长期稳定的全面战略伙伴关系,既造福两国人民,也惠及世界。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.