China
ဟန်ကျိန့်နှင့် ကနေဒါဝန်ကြီးချုပ်ဟောင်း Jean Chretien တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် ဇန်နဝါရီ ၅ ရက်က ကနေဒါဝန်ကြီးချုပ်ဟောင်း Jean Chretien နှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဟန်ကျိန့်က တရုတ်-ကနေဒါ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်အတွက် Jean Chretien ၏ ကာလရှည်ကြာစွာ အကျိုးထမ်းဆောင်မှုများကို တန်ဖိုးထားချီးကျူးခဲ့သည်။ ယခင်နှစ် အောက်တိုဘာလတွင် သမ္မတ ရှီကျင့်ဖိန်သည် ဝန်ကြီးချုပ် မာ့ခ်ကာနီနှင့် တောင်ကိုရီးယားနိုင်ငံတွင် အောင်မြင်စွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကနေဒါ ဆက်ဆံရေး တစ်ဆင့်တိုး ကောင်းမွန်တိုးတက်ရေး မြှင့်တင်ရန်အတွက် အရေးကြီးသော သဘောတူညီချက်များ ရရှိခဲ့ရာ မဟာဗျူဟာ ဦးဆောင်မှုများ ပြုလုပ်ခဲ့ပြီး တရုတ်-ကနေဒါဆက်ဆံရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း၊ တရုတ်နှင့်ကနေဒါတို့တွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာများရှိကြောင်း၊ ကနေဒါနိုင်ငံနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများ အားကောင်းစေပြီး တန်းတူညီမျှမှုနှင့် အပြန်အလှန် လေးစားမှုကို အရင်းခံကာ နှစ်ဖက်ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်၍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။
Jean Chretien က ကနေဒါ-တရုတ် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ကောင်းမွန်သော အရှိန်အဟုန် ရရှိခြင်းအပေါ် အပြုသဘောသုံးသပ်ခဲ့ပြီး ကနေဒါ-တရုတ်နှစ်နိုင်ငံ စီးပွားရေးသည် အပြန်အလှန် ဖြည့်စွက်မှု မြင့်မားပြီး နှစ်ဖက်ဆက်ဆံရေး အလားအလာမှာကျယ်ပြန့်ကြောင်း၊ ကနေဒါ-တရုတ် ဆက်ဆံရေး ကောင်းမွန်တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက် တက်ကြွစွာ မြှင့်တင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………….
(Chinese Version)
韩正会见加拿大前总理克雷蒂安
新华社北京1月5日电 1月5日,国家副主席韩正在北京会见加拿大前总理克雷蒂安。
韩正赞赏克雷蒂安长期以来为推动中加关系发展所作贡献。他表示,去年10月,习近平主席同卡尼总理在韩国成功会晤,就推动中加关系进一步改善发展达成重要共识,作出战略引领,开启了中加关系新篇章。中加拥有广泛共同利益和广阔合作空间。愿同加方加强沟通协调,在平等和相互尊重基础上,推动双边关系健康、稳定、可持续发展。
克雷蒂安积极评价加中关系发展取得的良好势头,表示加中两国经济高度互补,双边关系前景广阔,愿继续积极推动加中关系健康稳定发展。(完)
图说:1月5日,国家副主席韩正在北京会见加拿大前总理克雷蒂安。 新华社记者 刘彬 摄
