Connect with us

China

ငွေငန်းဖြူအများအပြား ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့တွင် ဆောင်းခိုလျက်

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့ရှိ ငွေငန်းဖြူအမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း၌ ငွေငန်းဖြူများ ပျံသန်းနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရုန်ချိန် (ဆန်းတုန်း)၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

ဆောင်းရာသီဝင်လာချိန်မှစ၍ ငွေငန်းဖြူ (whooper swans) အများအပြားသည် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့သို့ ဆောင်းခိုရန် လာရောက်ခဲ့ကြသည်။ လက်ရှိတွင် ဆောင်းခိုကျက်စားရန် ရုန်ချိန်မြို့သို့ ရောက်ရှိလာသော ငွေငန်းဖြူအရေအတွက်မှာ အကောင်ရေ ၆,၀၀၀ ကျော်ရှိပြီဖြစ်သည်။ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့သည် ငှက်မျိုးစိတ်များ မြောက်ဘက်မှ တောင်ဘက်သို့ ရွှေ့ပြောင်းခြင်း၏ အရေးပါသော တစ်ထောက်နားခိုရာနေရာဖြစ်သလို အာရှတိုက်၏ ငွေငန်းဖြူများအတွက် အဓိက ဆောင်းခိုကျက်စားရာနေရာများအနက် တစ်ခုလည်းဖြစ်သည်။ ငွေငန်းဖြူအများအပြားသည် နှစ်စဉ် ဆိုက်ဘေးရီးယား စသည့်ဒေသများမှာ ဤနေရာသို့ လာရောက် ဆောင်းခိုကြခြင်းဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ရုန်ချိန်မြို့ရှိ ငွေငန်းဖြူအမျိုးသားအဆင့် သဘာဝထိန်းသိမ်းရေးနယ်မြေအတွင်း၌ ငွေငန်းဖြူများ နေထိုင်ကျက်စားနေကြသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………
(Chinese Version)
大批大天鹅在山东荣成越冬
新华社照片,荣成(山东),2026年1月5日
入冬以来,大批大天鹅在山东省荣成市越冬,目前飞抵荣成越冬栖息的大天鹅数量已超过6000只。山东荣成是鸟类南迁北移的重要中转站,也是亚洲主要的大天鹅越冬栖息地之一,每年有大量大天鹅从西伯利亚等地来此越冬。
图说1:1月5日,大天鹅在荣成大天鹅国家级自然保护区飞翔。 新华社记者 徐速绘 摄
图说2:1月5日,大天鹅在荣成大天鹅国家级自然保护区栖息。新华社记者 徐速绘 摄