Connect with us

China

“လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ကို ဂျပန် ပြင်ဆင်နိုင်ခြေရှိသည့်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေ အထူးသတိထားရမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန တုံ့ပြန်

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဌာနချုပ် အဆောက်အအုံရှေ့၌ ဆန္ဒပြနေကြသော ပြည်သူလူထုအား ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မကြာသေးမီရက်က ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိသည် “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” အား ယခုနှစ်အတွင်း ပြင်ဆင်ရန် ရည်မှန်းထားကြောင်း ဆိုခဲ့သည်ဟု သတင်းများအရ သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန မော်နင်က ယင်းမှာ ဂျပန်နိုင်ငံ၏ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” အန္တရာယ်ရှိသော အရွေ့ကို ထင်ဟပ်စေပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေ အထူးသတိထားရမည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မော်နင်က ဂျပန်မီဒီယာများ၏ ထုတ်ဖော်ချက်အရ ယခုအကြိမ် ဂျပန်ဘက်က “လုံခြုံရေး စာရွက်စာတမ်း ၃ ခု” ပါ ပြင်ဆင်မည့် အဓိကအကြောင်းအရာများတွင် ကာကွယ်ရေးစရိတ် တိုးမြှင့်ခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ပြင်ဆင်ခြင်း၊ လက်နက်တင်ပို့မှုကန့်သတ်ချက်များရုပ်သိမ်းခြင်းနှင့် ထိုးစစ်အတွက်စစ်ရေးအင်းအားများ အရှိန်မြှင့် တိုးတက်စေခြင်း စသည်တို့ ပါဝင်သည်ဟု သိရကြောင်း၊ ယင်းမှာ ဂျပန်နိုင်ငံ၏ “ထပ်မံစစ်ရေးအသွင်ပြောင်းခြင်း” အန္တရာယ်ရှိသော အရွေ့ကို ထင်ဟပ်စေပြီး ဒေသတွင်း ငြိမ်းချမ်းရေးကို မုချ ထိခိုက်စေမည်ဖြစ်ရာ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မဖြစ်မနေ အထူးသတိထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန် စစ်ဝါဒ ပြန်လည်ခေါင်းမော့လာခြင်းအား တားဆီးရန် “ကိုင်ရိုကြေညာချက်”၊ “ပေ့ါစ်ဒမ် ကြေညာချက်” စသည့် နိုင်ငံတကာဥပဒေ သက်ရောက်မှုရှိသော စာတမ်းများက “ဂျပန်အနေဖြင့် အပြည့်အဝလက်နက်ဖျက်သိမ်းသင့်ပြီး ၎င်းအား ပြန်လည်လက်နက်တပ်ဆင်သည့် စက်မှုလုပ်ငန်းများအား ဆက်လက်ထိန်းသိမ်းခြင်း မပြုရ” ဟူ၍ အတိအလင်း သတ်မှတ်ထားပြီး ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း စစ်ရေးအင်အား၊ စစ်ဖြစ်ခွင့်၊ စစ်ပွဲဆင်နွှဲခွင့်တို့အပေါ် တင်းကျပ်သော ကန့်သတ်မှုများ ပြုလုပ်ထားကြောင်း၊ သို့သော် မကြာသေးမီနှစ်များတွင် ဂျပန်လက်ယာယိမ်းအင်အားစုသည် လက်နက်အင်အား၊ စစ်တပ်အင်အားတိုးချဲ့မှုများ အရှိန်မြှင့်ပြုလုပ်ခဲ့ပြီး “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူ စသည့် စစ်ပွဲအလွန် စံနှုန်းများနှင့် နိုင်ငံတကာ စည်းမျဉ်းများကို တစ်စထက်တစ်စ ချိုးဖောက်ကာ စစ်ပွဲအလွန် နိုင်ငံတကာစည်းစနစ်ကို စိန်ခေါ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“သူတို့က လှည့်ဖြားဖုံးကွယ်ပြီး မဟုတ်မမှန်တဲ့ အကြောင်းအရာတွေကို ဖန်တီးလေ့ရှိကြတယ်။ အမြင်အာရုံတွေကို လွှဲပြောင်းမယ်၊ အိမ်နီးချင်းနိုင်ငံတွေကို ရန်စမယ်၊ အရေးကိစ္စတွေ ဖန်တီးမယ်၊ အခြေအနေတင်းမာမှုကို ချဲ့ကားဖော်ပြမယ် ဒါတွေကိုဆက်တိုက်လုပ်ဆောင်ပြီး သူတို့က ‘ခြိမ်းခြောက်ခံနေရ’ ပြီး နောက်ဆုတ်ဖို့ လမ်းမရှိတော့တဲ့ ပုံရိပ်တုကိုပါ ဖန်တီးတယ်။ ‘သေရေးရှင်ရေး’ ‘ကာကွယ်ရေး’ ဆိုတာတွေကို အကြောင်းပြပြီး သူတို့နိုင်ငံသားတွေကို စစ်မက်ယာဉ်ပေါ် ချည်နှောင်ထားတယ်၊ ဒါတွေလုပ်ခြင်းဖြင့် သူတို့ရဲ့ နောက်ကွယ်က လောဘစိတ်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတယ်။ ဒီလိုနည်းလမ်းတွေဟာ သမိုင်းထဲ က ဂျပန်စစ်ဝါဒနဲ့ ဘာကွာခြားမှု ရှိပါသလဲ ကျွန်မတို့ မေးရမှာပါ” ဟု မော်နင်က ပြောကြားခဲ့သည်။

သမိုင်းသင်ခန်းစာများသည် လွန်စွာ နက်ရှိုင်းလှကြောင်း မော်နင်က အလေးအနက်ထား ပြောကြားခဲ့သည်။ ဂျပန်လက်ယာယိမ်းအင်အားစု၏ “ထပ်မံ စစ်ရေးအသွင်ပြောင်းရေး” မြှင့်တင်ခြင်းသည် ဒေသတွင်းနှင့် ကမ္ဘာကြီး ငြိမ်းချမ်းရေး၊ အေးချမ်းရေးအပေါ် ခြိမ်းခြောက်မှုဖြစ်ပေါ်စေကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးချစ်မြတ်နိုးသော နိုင်ငံ၊ ပြည်သူများနှင့်အတူ ဂျပန်လက်ယာယိမ်းအင်အားစု၏ သမိုင်းနောက်ကြောင်းပြန်လှည့်ခြင်းကို လုံးဝခွင့်ပြုမည်မဟုတ်သလို စစ်ဝါဒ ပြန်လည်ဦးမော့လာခြင်းကိုလည်း လုံးဝခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
外交部回应日本拟修订“安保三文件”:国际社会必须高度警惕
新华社北京1月6日电(记者董雪、曹嘉玥)据报道,日本首相高市早苗日前称将以年内修订“安保三文件”为目标。外交部发言人毛宁1月6日在例行记者会上表示,这反映出日本加速推进“再军事化”的危险动向,国际社会必须高度警惕。
毛宁表示,据日本媒体披露,此次日方修订“安保三文件”重点内容包括增加防卫费、修改“无核三原则”、取消武器出口限制和大力发展进攻性军事力量等。这反映出日本加速推进“再军事化”的危险动向,势必损害地区和平,国际社会必须高度警惕。
她说,为防止日本军国主义死灰复燃,《开罗宣言》《波茨坦公告》等具有国际法效力的文件明确规定,“日本应完全解除武装,不得维持能使其重新武装的产业”,日本宪法对军力、交战权、战争权也作出严格限制。然而近年来日本右翼势力加速推进扩武强军,一步一步突破“专守防卫”原则等战后规范和国际规定,挑战战后国际秩序。
“他们惯于伪装和炮制虚假叙事,不断转移视线、挑衅近邻、制造事端、渲染紧张,还炮制出受人‘威胁’、无处可退的假象,以‘生存’‘防卫’为借口把本国民众绑上战车,以实现其背后的野心。我们要问,这种手法同历史上日本军国主义有什么两样?”毛宁说。
毛宁强调,历史教训十分深刻。日本右翼势力推动“再军事化”,已对地区和世界和平与安宁构成威胁。中国同全世界爱好和平的国家与人民绝不允许日本右翼势力开历史倒车,绝不允许军国主义死灰复燃。(完)
图说:12月25日,民众在日本东京的自民党总部大楼前参加抗议活动。新华社记者 贾浩成 摄

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.