Connect with us

China

တရုတ်-ဗင်နီဇွဲလား ကုန်သွယ်စီးပွားဆက်ဆံရေးကဏ္ဍ စဉ်ဆက်မပြတ်နက်ရှိုင်းစေသည့် သဘောဆန္ဒ ပြောင်းလဲမည်မဟုတ်ဟု တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောကြား

ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်၌ ဗင်နီဇွဲလား သမ္မတ မာဒူရိုနှင့် ဇနီးအား အမေရိကန် ပြန်လွှတ်ပေးရေး ဆန္ဒပြပွဲတွင် ပါဝင်ကြသူများအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

အမေရိကန်၏ ဗိုလ်ကျစိုးမိုးမှုလုပ်ရပ်သည် နိုင်ငံတကာဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း၊ ဗင်နီဇွဲလား အချုပ်အခြာအာဏာကို ကျူးကျော်ထိပါးခြင်း၊ လက်တင်အမေရိကဒေသ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ရာ ထို့အပေါ် တရုတ်နိုင်ငံက အခိုင်အမာ ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်ရာတုန်းက ဇန်နဝါရီ ၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဗင်နီဇွဲလားအရေးနှင့်စပ်လျဉ်းသော မေးခွန်းများကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

တရုတ်-ဗင်နီဇွဲလား ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုသည် အချုပ်အခြာအာဏာပိုင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပြီး နိုင်ငံတကာဥပဒေနှင့် နှစ်နိုင်ငံဥပဒေ၏ကာကွယ်မှုကို ရရှိထားရာ အခြားနိုင်ငံက ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိကြောင်း၊ ဗင်နီဇွဲလားနိုင်ငံရေးအခြေအနေ မည်သို့ပင်ပြောင်းလဲစေကာမူ နှစ်နိုင်ငံ ကုန်သွယ်စီးပွား ဆက်ဆံရေးကဏ္ဍ နက်ရှိုင်းစေသည့် တရုတ်နိုင်ငံဘက်က သဘောထားမှာ ပြောင်းလဲမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်တင်အမေရိကနိုင်ငံများနှင့်အတူ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသောဘုံအကျိုးစီးပွားဖော်ဆောင်မှု ဟူသော အခြေခံစည်းမျဉ်းကို အစဉ်အမြဲလက်ကိုင်ထား ကျင့်သုံးသွားမည် ဖြစ်သလို အာဏာဩဇာလွှမ်းမိုးမှုနယ်ပယ်ကို မည်သည့်အခါမျှ ရှာဖွေမည်မဟုတ်သလို မည်သည့်ဘက်ကိုမျှ ဦးတည်မည်လည်း မဟုတ်ကြောင်း ဟယ်ရာတုန်းက ပြောကြားခဲ့သည်။ စီးပွားရေးအပြန်အလှန်ဖြည့်စွက်မှုရှိခြင်းသည် တရုတ်-လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်မှု၏ ခိုင်မြဲသောအခြေခံ ဖြစ်သလို တံခါးဖွင့်လှစ်၍ အားလုံးပါဝင်စေလိုခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်းတို့မှာ ထင်ရှားသည့် ဝိသေသလက္ခဏာဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် လက်တင်အမေရိကနိုင်ငံများနှင့်အတူ ဆက်လက်၍ စည်းလုံးညီညွတ်စွာ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတကာအပြောင်းအလဲများကို ကိုင်တွယ်စီမံသွားမည် ဖြစ်သလို တရားမျှတ၍ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုကို အခြေခံထားကာ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ကာ ဘုံတိုးတက်ဖွံ့ဖြိုးရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
中国商务部:中方持续深化中委经贸关系意愿不会改变
新华社北京1月8日电(记者谢希瑶、黄韬铭)中国商务部8日举行例行新闻发布会,商务部新闻发言人何亚东在回应有关委内瑞拉的提问时说,美方的霸权行径,严重违反国际法,侵犯委内瑞拉主权,威胁拉美地区和平与安全,中方对此坚决反对。中委经贸合作是主权国家之间的合作,受到国际法和两国法律的保护,其他国家无权干涉。无论委政局如何变化,中方持续深化两国经贸关系的意愿不会改变。
何亚东表示,中国同拉美国家开展经贸合作始终秉持平等相待、互利共赢原则,从不寻求势力范围,也不针对任何一方。经济互补性是中拉经贸合作的坚实基础,开放包容、合作共赢是鲜明特色。中方将继续同拉美国家一道,以团结协作应对国际风云变幻,以平等互利为基础开展经贸合作,实现共同发展。(完)
1. 1月6日,民众在委内瑞拉首都加拉加斯参加游行,要求美国释放委内瑞拉总统马杜罗和夫人。 新华社发