China
ရှေးဟောင်းမဟာတံတိုင်းနှင့် ရေခဲဆီးနှင်း ရေပန်းစားမှုတို့ တွေ့ဆုံခြင်း
ဆော့ကျိုး (ဆန်းရှီး)၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
မကြာသေးမီနှစ်များတွင် တရုတ်နိုင်ငံ ယန့်မန်ဂိတ်အပြင်ဘက်တွင်တည်ရှိသော ဆန်းရှီးပြည်နယ်၊ ဆော့ကျိုးမြို့၊ ဆန်းရင်းခရိုင်သည် ၎င်း၏ပထဝီဝင်အားသာချက်များနှင့် ကွမ်ဝူမဟာတံတိုင်းစသည့် သမိုင်းဝင်အမွေအနှစ်နေရာများကို အသုံးချကာ “ရေခဲဆီးနှင်း + ယဉ်ကျေးမှု ခရီးသွားလုပ်ငန်း + အားကစား” ပေါင်းစပ်ထားသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို တက်ကြွစွာစူးစမ်းလေ့လာခဲ့ပြီး ရေခဲဆီးနှင်းစီးပွားရေးအား ခရိုင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးတက်မှုအသစ်ဖြစ်လာစေခဲ့သည်။ ဆန်းရင်းခရိုင် ကွမ်ဝူမြို့နယ်တွင်တည်ရှိသော ကွမ်ဝူနိုင်ငံတကာ ဆီးနှင်းစကိတ်ကွင်းကို ၂၀၂၄ ခုနှစ်တွင် တတိယမြောက်အသုတ် အမျိုးသားအဆင့် ဆီးနှင်းစကိတ်စီး ခရီးသွားအပန်းဖြေစခန်းအဖြစ် သတ်မှတ်ခဲ့ပြီး နှစ်စဉ်လာရောက်လည်ပတ်သူအကြိမ်ရေ ၁၀၀,၀၀၀ ကျော်ရှိသည်။ (Xinhua)

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်၊ ဆော့ကျိုးမြို့၊ ဆန်းရင်းခရိုင်၊ ကွမ်ဝူမြို့နယ်ရှိ ကွမ်ဝူနိုင်ငံတကာ ဆီးနှင်းစကိတ်ကွင်းတွင် ကေဘယ်ကားစီးနေကြသော ခရီးသွားဧည့်သည်များအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)



……………………..
(Chinese Version)
古长城“邂逅”冰雪热
新华社照片,朔州(山西),2026年1月8日
近年来,地处雁门关外的山西省朔州市山阴县依托地理位置优势和广武长城等历史遗存,积极探索“冰雪+文旅+体育”融合发展路径,使冰雪经济成为县域经济发展的新增长极。位于山阴县广武镇的广武国际滑雪场,于2024年被公布为第三批国家级滑雪旅游度假地,每年接待游客超过10万人次。
图说1:位于山阴县广武镇的广武国际滑雪场全景(无人机照片,1月8日摄)。新华社记者 杨晨光 摄
图说2:在广武国际滑雪场,游客乘坐索道缆车(1月7日摄)。新华社记者 杨晨光 摄
