Connect with us

China

ဂျပန်လက်ယာယိမ်း၏ စဉ်ဆက်မပြတ်ကြီးထွားလာသော နျူကလီးယားရည်မှန်းချက်သည် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ဝန်ကြီးချုပ်အိမ်တော်ပြင်ပ၌ ဆန္ဒပြလှုပ်ရှားမှုတွင် ပါဝင်နေသော ပြည်သူများကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၈ ရက်က ထုတ်ပြန်သော “ဂျပန်လက်ယာယိမ်း၏ နျူကလီးယားရည်မှန်းချက်- ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု” သုတေသန အစီရင်ခံစာနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဂျပန်လက်ယာယိမ်း၏ စဉ်ဆက်မပြတ်ကြီးထွားလာသော နျူကလီးယားရည်မှန်းချက်သည် ဂျပန် စစ်ဝါဒ ပြန်လည်ဦးမော့လာသည့် အန္တရာယ်ရှိသော အချက်ပြမှုဖြစ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသည်ဟု အဆိုပါနေ့တွင် ပြောကြားခဲ့သည်။

ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်လက်နက်ထိန်းချုပ်ရေးနှင့် လက်နက်လျှော့ချရေးအသင်း (CACDA) စသည့် အကယ်ဒမီအဖွဲ့အစည်းများက ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သော “ဂျပန်လက်ယာယိမ်း၏ နျူကလီးယားရည်မှန်းချက်- ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် ပြင်းထန်သော ခြိမ်းခြောက်မှု” အစီရင်ခံစာတွင် ဂျပန်လက်ယာယိမ်း၏ စဉ်ဆက်မပြတ်ကြီးထွားလာသော နျူကလီးယားရည်မှန်းချက်သည် ကမ္ဘာကြီး ငြိမ်းချမ်းရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်ပေါ်စေကြောင်း ထောက်ပြခဲ့ပြီး ဂျပန်ဝန်ကြီးချုပ် တာကာအိချိအနေဖြင့် နျူကလီးယားလက်နက်အရေးတွင် ဂျပန်နိုင်ငံ၏ ရပ်တည်ချက်ကို ချက်ချင်း ရှင်းလင်းပြောကြားရန် တိုက်တွန်းထားကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် မည်သို့မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့သည်။

ဂျပန် အစိုးရအသစ်သည် အာဏာရချိန်မှစ၍ ဂျပန်လက်ယာယိမ်း၏ နျူကလီးယားရည်မှန်းချက်ကို အလျင်စလို ထုတ်ဖော်ပြသခဲ့ကြောင်း၊ ဂျပန်ဝန်ကြီးချုပ် တာကာအိချိစသည့် အဆင့်မြင့်အရာရှိများက “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ပြင်ဆင်ရန် မြှင့်တင်ခဲ့ပြီး နျူးကလီးယားရေငုပ် သင်္ဘောများ တင်သွင်းရန် အရိပ်အမြွက်ပြောကြားကာ ဂျပန်၏ “တိုးချဲ့ဟန့်တားခြင်း” ဆိုသည်ကို အားကောင်းစေရန် အားပေးခဲ့ကြောင်း၊ “ဂျပန်သည် နျူကလီးယားလက်နက်များ ပိုင်ဆိုင်သင့်သည်” ဟု လူသိရှင်ကြား ပြောဆိုခဲ့ကြောင်း၊ ဂျပန်လုပ်ရပ်များသည် “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” အား အခြေခံအုတ်မြစ်အဖြစ်ထားရှိသော နိုင်ငံတကာ နျူကလီးယားလက်နက် မပြန့်ပွားရေးစနစ်၊ စစ်အလွန် နိုင်ငံတကာစည်းစနစ်များကို အပြင်းအထန် စိန်ခေါ်မှုများ ပြုလုပ်ခဲ့ရာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဂျပန်ပြည်တွင်း နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၏ အပြင်းအထန် ကန့်ကွက်မှုကို ဖြစ်ပေါ်စေခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ခင်ဗျား ဖော်ပြခဲ့တဲ့ အစီရင်ခံစာမှာ ဂျပန်လက်ယာယိမ်းရဲ့ နျူကလီးယားပိုင်ဆိုင်ဖို့ ကြံစည်မှုတွေကို ဖော်ထုတ်တယ်၊ ဂျပန်ရဲ့ နျူကလီးယားလက်နက်တွေ လျှို့ဝှက်တီထွင်မှု၊ ထိလွယ်ရှလွယ်တဲ့ နျူကလီးယားပစ္စည်းများစွာကို ရေရှည်သိုလှောင်ထားမှု၊ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့ အလားအလာရှိတယ်ဆိုတဲ့ အန္တရာယ်ရှိတဲ့ အမှန်တရားတွေကို စာရင်းပြုစုထားတယ်၊ ဂျပန်လက်ယာယိမ်းရဲ့ နျူကလီးယားနဲ့ပတ်သက်တဲ့ ပြောဆိုလုပ်ဆောင်ချက်တွေရဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုကို နက်နက်ရှိုင်းရှိုင်း ခွဲခြမ်းစိတ်ဖြာထားတယ်။ ဒါ့အပြင် ဂျပန်ရဲ့ ပြောဆိုလုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို ဖယ်ရှားဖို့ အစီအမံ အကြံပြုချက်တွေကို အဆိုပြုထားပြီး ဂျပန် နျူကလီးယားပိုင်ဆိုင်ခြင်းကို ကန့်ကွက်ကြောင်း ဖော်ပြကာ ကမ္ဘာကြီးငြိမ်းချမ်းရေးကို ထိန်းထိမ်းကာကွယ်ဖို့ တိုက်တွန်းထားတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

ဂျပန်လက်ယာယိမ်း၏ စဉ်ဆက်မပြတ်ကြီးထွားလာသော နျူကလီးယားရည်မှန်းချက်သည် ဂျပန် စစ်ဝါဒ ပြန်လည်ဦးမော့လာသည့် အန္တရာယ်ရှိသော အချက်ပြမှုဖြစ်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်ရေးအပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုဖြစ်စေသည်ဟု မော်နင်က ပြောကြားခဲ့သည်။ ဂျပန်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ တရားမျှတသော တိုက်တွန်းသံများကို ရင်ဆိုင်သင့်ပြီး နျူးကလီယားလက်နက်အရေးတွင် ရပ်တည်ချက်ကို ချက်ချင်း ရှင်းလင်းပြောကြားကာ “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” တာဝန်ဝတ္တရားများနှင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အခိုင်အမာ ထိန်းသိမ်းထားသင့်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ဂျပန်၏ နျူးကလီယားပိုင်ဆိုင်ခြင်း အန္တရာယ်ရှိသော ဦးတည်မှုကို အထူးသတိပြုကာ ဂျပန်နှင့် နျူကလီးယားပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရာတွင် သတိရှိသင့်ကြောင်း၊ ဂျပန်နိုင်ငံ၏ နျူကလီးယားပိုင်ဆိုင်ရေး ရည်မှန်းချက်အား တားဆီးမှုများကို နှစ်နိုင်ငံ၊ နိုင်ငံစုံ ပလက်ဖောင်းများတွင် ဆက်လက်၍ လုပ်ဆောင်ကာ ဂျပန်နိုင်ငံအား ကြီးကြပ်မှုနှင့် စိစစ်မှုတို့အပေါ် ဆွေးနွေးမှုများကို အားကောင်းစေပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်ကို မထိခိုက်စေရန် သေချာစေသင့်ကြောင်း၊ နျူကလီးယားလက်နက်ပိုင်ဆိုင်မှုအရေးတွင် နိုင်ငံတကာတရားမျှတမှု၏ အခြေခံစည်း၊ အနီရောင်စည်းအား အကဲစမ်းခြင်းကို ရပ်တန့်ရန် ဂျပန်နိုင်ငံအား တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်အား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

……………………………..
(Chinese Version)
外交部:日本右翼日益膨胀的核野心对世界和平稳定构成严重威胁
新华社北京1月8日电(记者曹嘉玥、董雪)外交部发言人毛宁1月8日就当日发布的《日本右翼的核野心:对世界和平的严重威胁》研究报告答问时表示,日本右翼日益膨胀的核野心,是日本军国主义死灰复燃的危险信号,对世界和平与稳定构成严重威胁。
当日例行记者会上,有记者问:8日上午,中国军控与裁军协会等学术机构发布了《日本右翼的核野心:对世界和平的严重威胁》报告,指出日本右翼不断膨胀的核野心对世界和平构成严重威胁,呼吁日本首相高市早苗立即澄清日方在核武器问题上的立场。中方对此有何评论?
毛宁说,日本新政府执政以来,急不可耐地暴露出日本右翼的核野心。日首相高市早苗等高官推动修改“无核三原则”,暗示引入核潜艇,鼓动强化所谓对日“延伸威慑”,公开声称“日本应该拥有核武器”。日方行径是对以《不扩散核武器条约》为基石的国际核不扩散体系、战后国际秩序的严重挑战,引发国际社会以及日本国内各界人士的强烈反对。
“你提到的报告揭露日本右翼拥核图谋,列举日本秘密研发核武器、长期囤积大量敏感核材料、具备发展核武器潜力的危险事实,深入分析日本右翼涉核言行对国际和平与安全的消极影响,并提出一系列消除日方言行恶劣影响的措施建议,发出了反对日本拥核、维护世界和平的呼吁。”毛宁说。
毛宁表示,日本右翼日益膨胀的核野心,是日本军国主义死灰复燃的危险信号,对世界和平与稳定构成严重威胁。日方应当正视国际社会正义呼声,立即澄清在核武器问题上的立场,恪守《不扩散核武器条约》义务及“无核三原则”。国际社会应高度警惕日方拥核危险倾向,谨慎开展对日核合作,继续在双多边平台开展遏制日本拥核野心、加强对日监督核查的讨论,确保国际法和国际核不扩散体系不受冲击,促日停止在拥核问题上试探国际正义的底线红线。(完)
图说1:12月23日,在日本东京的首相官邸前,民众参加抗议集会。新华社记者 贾浩成 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.