Connect with us

China

ပယ်မိသားစု ရာဇဝတ်ဂိုဏ်း၏ တရားခံ ၄ ဦးအား သေဒဏ် စီရင်

ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူများကို တရုတ်ရဲတပ်ဖွဲ့က စင်းလုံးငှားလေယာဉ်ဖြင့် တရုတ်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ဖမ်းဆီးခေါ်ဆောင်လာစဉ် (ဆင်ဟွာ)

ဆန်းကျန့်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

၂၀၂၅ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ အလယ်အလတ်အဆင့် တရားရုံးသည် ပယ်မိသားစုရာဇဝတ်ဂိုဏ်းအမှုမှ ပယ်ဆောက်ချိန်၊ ပယ်ရင်ချန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိ စသည့် လူပုဂ္ဂိုလ် ၅ ဦးအား ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှု၊ ပြန်ပေးဆွဲမှု၊ လောင်းကစားရုံဖွင့်လှစ်မှု စသည့် ပြစ်မှုများဖြင့် သေဒဏ်စီရင်ခဲ့ပြီး သက်ဆိုင်ရာဆက်စပ်အပြစ်ဒဏ်များကို ချမှတ်ခဲ့သည်။ ပထမအကြိမ် စီရင်ချက်ချပြီးနောက် ပယ်ဆောက်ချိန်သည် ရောဂါကြောင့် သေဆုံးခဲ့ပြီး အခြား တရားခံများက အယူခံဝင်ခဲ့ကြသည်။ ကွမ်တုန်းပြည်နယ် အဆင့်မြင့်တရားရုံးက ရုံးတော်တွင် စိစစ်ကြားနာခဲ့ရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်တွင် အယူခံတင်သွင်းမှုကို ပယ်ချရန်၊ မူလအမိန့်စီရင်ချက်ကို အတည်ပြုရန် ဆုံးဖြတ်ခဲ့ပြီး အမြင့်ဆုံးပြည်သူ့တရားရုံးမှ စိစစ်အတည်ပြုရန် ဥပဒေနှင့်အညီ လျှောက်ထားခဲ့သည်။

ယင်းအမှုကို အမြင့်ဆုံးပြည်သူ့တရားရုံးက ပြန်လည်စိစစ်ခဲ့ရာတွင် ပယ်ရင်ချန်နှင့် အခြားသူတို့ ဦးဆောင်သည့် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းသည် မြန်မာနိုင်ငံ ကိုးကန့်ဒေသတွင် ပြစ်မှုကျူးလွန်သည့်ဥယျာဉ်ဇုန်အများအပြားကို ကိုယ်တိုင်တည်ဆောက်ခြင်း၊ ပူးပေါင်းဖော်ဆောင်ခြင်းဖြင့် ယန်လိချန် အပါအဝင် “ငွေရှင်ကြေးရှင်အများအပြား” ဝင်ရောက်အခြေစိုက်စေရန် စည်းရုံးဆွဲဆောင်ပြီး လက်နက်ကိုင်များဖြင့် အကာအကွယ်ပေးခဲ့ကြောင်း၊ ထို “ငွေရှင်ကြေးရှင်များ” နှင့်အတူ ဆက်သွယ်ရေးအွန်လိုင်းလိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ပြည့်တန်ဆာလုပ်ငန်း စီစဉ်မှုနှင့် အတင်းအဓမ္မခိုင်းစေမှု စသည့် ပြစ်မှုများကို ကျူးလွန်ခဲ့ကြောင်း၊ လောင်းကစားနှင့် လိမ်လည်မှု စသည်တို့နှင့်စပ်လျဉ်းသည် ငွေကြေးပမာဏမှာ ယွမ် ၂၉ ဘီလီယံကျော် ရှိပြီး တရုတ်နိုင်ငံသား ၆ ဦး သေဆုံး၍ အခြားသူအများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ပယ်ရင်ချန်သည် အဖွဲ့နှင့်အတူ မက်သ်အဖက်တမင်း (Methamphetamine) မူးယစ်ဆေးဝါး တန်ချိန် ၁၁ တန်ခန့် ရောင်းဝယ်ဖောက်ကားခြင်းနှင့် ထုတ်လုပ်ခြင်း ပြုလုပ်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

တရားခံ ပယ်ရင်ချန်သည် ပယ်မိသားစု ရာဇဝတ်ဂိုဏ်းကို ဖွဲ့စည်းဦးဆောင်ကာ ဆက်သွယ်ရေးလိမ်လည်မှုရာဇဝတ်ဂိုဏ်းများ ပြစ်မှုကျူးလွန်ခြင်းအား လက်နက်ကိုင်အကာအကွယ်ပေးခဲ့ကြောင်း၊ တရားခံ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ရွမ်ယွိ တို့သည် ဆက်သွယ်ရေးလိမ်လည်မှုရာဇဝတ်ဂိုဏ်းနှင့် အဖွဲ့များကို ဖွဲ့စည်းခြင်း၊ ဦးဆောင်ခြင်း၊ ပါဝင်ခြင်း ပြုခဲ့ပြီး ရည်ရွယ်ချက်ရှိရှိ ထိခိုက်နာကျင်စေမှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ လိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ထုတ်လုပ်မှု စသည့် ပြစ်မှုများစွာကို ကျူးလွန်ခဲ့ကြောင်း၊ ပယ်ရင်ချန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိ တို့ ကျူးလွန်သည့် ပြစ်မှုများမှာ အလွန်တရာ ဆိုးရွားသလို ပြစ်မှုဖြစ်စဉ်နှင့် နောက်ဆက်တွဲဆိုးကျိုးများမှာ အထူးပြင်းထန်ပြီး လူမှုအသိုက်အဝန်းအပေါ် ဘေးန္တရာယ် ကြီးမားလှကာ ပြစ်မှုကျူးလွန်ခြင်းသည် လွန်စွာ ပြင်းထန်ခြင်းကြောင့် ဥပဒေနှင့်အညီ ပြင်းပြင်းထန်ထန်အပြစ်ပေးသင့်ကြောင်း အမြင့်ဆုံးတရားရုံးက ယူဆသည်။

ပထမအကြိမ် စီရင်ချက်၊ ဒုတိယအကြိမ် စီရင်ဆုံးဖြတ်ချက်တွင် အတည်ပြုထားသည့် ဖြစ်ရပ်မှာ ရှင်းလင်းပြတ်သား၍ သက်သေအထောက်အထားခိုင်မာပြည့်စုံပြီး ပြစ်မှုသတ်မှတ်ချက်တိကျမှန်ကန်သလို ပြစ်ဒဏ်ချမှတ်မှုမှာ လျော်ကန်ကြောင်း၊ ထိုအချက်များအရ အမြင့်ဆုံးပြည်သူ့တရားရုံးသည် ပယ်ရင်ချန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ရိ တို့အား သေဒဏ်ပေးရန် ဥပဒေနှင့်အညီ စိစစ်အတည်ပြုခဲ့သည်။

ကွမ်တုန်းပြည်နယ် ဆန်းကျန့်မြို့ အလယ်အလတ်အဆင့် ပြည်သူ့တရားရုံးက အမြင့်ဆုံးပြည်သူ့တရားရုံး၏ ပြစ်မှုစီရင်ဆုံးဖြတ်ချက်စာလွှာနှင့် သေဒဏ်စီရင်ချက်အမိန့်ကို လက်ခံရရှိပြီးနောက် တရားခံ ပယ်ရင်ချန်၊ ရန်လိချန်၊ ဟူရှောင်ကျန်း၊ ချန်ကွမ်ယိတို့အား ဥပဒေနှင့်အညီ စီရင်ချက်ဖတ်ကြားကာ သေဒဏ်စီရင်ရန် ဆောင်ရွက်ခဲ့သည်။ သေဒဏ်မစီရင်မီ တရားခံများ၏ နီးစပ်သောဆွေမျိုးများအား တွေ့ဆုံခွင့်ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

——————–
(Chinese Version)
白家犯罪集团案4名罪犯被执行死刑
新华社深圳2月2日电 2025年11月3日,广东省深圳市中级人民法院以故意杀人、故意伤害、诈骗、贩卖、制造毒品、绑架、开设赌场等罪,判处白家犯罪集团案白所成、白应苍、杨立强、胡小姜、陈广益等5人死刑,并判处相应附加刑。一审宣判后,白所成因病死亡,其他被告人提出上诉。广东省高级人民法院经开庭审理,于2025年12月24日裁定驳回上诉,维持原判,并依法报请最高人民法院核准。
最高人民法院经复核确认,以白应苍等为首要分子的白家犯罪集团,在缅甸果敢地区通过自行修建、合作开发等方式设立多个园区,招揽、吸引杨立强等多名“金主”入驻并提供武装庇护,伙同“金主”实施电信网络诈骗、开设赌场、故意杀人、故意伤害、绑架、敲诈勒索、组织、强迫卖淫等犯罪,涉赌、诈等资金290余亿元,造成6名中国公民死亡、多名中国公民受伤。此外,白应苍还结伙贩卖、制造毒品甲基苯丙胺约11吨。
最高人民法院认为,被告人白应苍组织、领导白家犯罪集团,武装庇护电诈犯罪集团实施犯罪,被告人杨立强、胡小姜、陈广益分别组织、领导、参加电诈犯罪集团或团伙实施犯罪,分别构成故意伤害、故意杀人、诈骗、贩卖、制造毒品等多项罪名。白应苍、杨立强、胡小姜、陈广益犯罪性质特别恶劣,情节、后果特别严重,社会危害极大,罪行极其严重,依法均应严惩。第一审判决、第二审裁定认定的事实清楚,证据确实、充分,定罪准确,量刑适当。审判程序合法。据此,最高人民法院依法核准白应苍、杨立强、胡小姜、陈广益死刑。
广东省深圳市中级人民法院收到最高人民法院的刑事裁定书和执行死刑命令后,依法对罪犯白应苍、杨立强、胡小姜、陈广益宣判并执行死刑。临刑前,罪犯的近亲属进行了会见。(完)
1. Criminal suspects escorted by Chinese police officers are pictured on a charter flight to China, Jan. 30, 2024. (Xinhua/Yin Gang)