Connect with us

China

မြင်းနှစ် နှစ်သစ်ကူး နွေဦးပွဲတော်အတွက် ပြည်ပနိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း တာဝန်ခံများ ဆုမွန်ကောင်းတောင်း

တရုတ်နိုင်ငံ မကာအိုဒေသရှိ Senado Square တွင် နဂါးအကအဖွဲ့ ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ ရှီကျင့်ဖိန်ထံသို့ နိုင်ငံအများအပြားမှ နိုင်ငံ့ခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း တာဝန်ခံများသည် မကြာမီရက်ပိုင်းက စာလွှာ သို့မဟုတ် သဝဏ်လွှာများ ပေးပို့ကာ တရုတ်ပြည်သူများ မြင်းနှစ် နှစ်သစ်ကူး နွေဦးပွဲတော်တွင် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ဂုဏ်ပြုဆုတောင်းပေးခဲ့ကြကြောင်း သိရသည်။

ဂျာမနီ ဝန်ကြီးချုပ် Friedrich Merz က လူမှုကွန်ရက်မီဒီယာတွင် နွေဦးပွဲတော် ရွှင်လန်းချမ်းမြေ့ပါစေကြောင်း ပို့စ်တင်၍ ဂုဏ်ပြုဆုမွန်ကောင်းတောင်းပေးခဲ့ရာ မြင်းနှစ်တွင် ဂျာမနီ-တရုတ် ဆက်ဆံရေးအတွက် အားအင်နှင့် တွန်းအားသစ်များ ဖြည့်တင်းပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် သမ္မတ Asif Ali Zardari က တရုတ်နိုင်ငံ အေးချမ်းသာယာ၍ စည်ပင်ဝပြောပါစေ၊ တရုတ်အမျိုးသား မဟာပြန်လည်အားသစ်လောင်းရေးလုပ်ငန်း စဉ်ဆက်မပြတ် ရှေ့သို့ တက်လှမ်းပါစေ ဟူ၍ ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ စီးပွားရေးအသွင်ပြောင်းခြင်း၊ သိပ္ပံနည်းပညာတိုးတက်ခြင်း၊ ဆင်းရဲနွမ်းပါးမှု လျော့နည်းပပျောက်ခြင်းနှင့် ခေတ်မီအသွင် တည်ဆောက်ရေးကဏ္ဍများတွင် ရရှိခဲ့သော တရုတ်နိုင်ငံ၏ သာလွန်ထူးခြားသည့် အောင်မြင်မှုများအပေါ် ချီးကျူးလေးစားကြောင်း၊ တရုတ်နိုင်ငံ အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီး ၄ ရပ်သည် ထက်သန်သည့်စိတ်ဓာတ်ခွန်အားဖြင့် ရှေ့သို့ လှမ်းချီမှု၊ ဆန်းသစ်တီထွင်မှု တိုးချဲ့သော၊ စည်းလုံးညီညွတ်သော စိတ်ဓာတ်ကို အထင်အရှား ဖော်ပြကြောင်း၊ ယခုနှစ်သည် ပါကစ္စတန်-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း ၇၅ နှစ်မြောက်နှင့် ကြုံကြိုက်ရာ သမ္မတ ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမား၍ သာလွန်ကောင်းမွန်သော ဦးဆောင်မှုအောက်တွင် ပါကစ္စတန်-တရုတ် နှစ်နိုင်ငံသည် အနာဂတ်တွင် ပို၍နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သော အခန်းကဏ္ဍသစ်ကို မုချမသွေဖွင့်လှစ်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကာဇက်စတန် သမ္မတ Kassym-Jomart Tokayev က နွေဦးပွဲတော်သည် အရာအားလုံး သစ်လွင်တောက်ပခြင်း ဟူသော အတိတ်နိမိတ်ဆောင်သလို ပျော်ပျော်ရွှင်ရွှင် စုံညီခြင်းကိုလည်း ကိုယ်စားပြုကြောင်း၊ နှစ်သစ်တွင် တရုတ်နိုင်ငံ တိုးတက်စည်ပင်ဝပြောပါစေ၊ ပြည်သူများ အေးချမ်းသာယာစွာ ပျော်ရွှင်ချမ်းမြေ့ပါစေ ဟု ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်၏ ဉာဏ်ပညာကြီးမားသည့် ဆုံးဖြတ်ချက်မူဝါဒများနှင့် ခိုင်မာသည့် ဦးဆောင်မှုအောက်တွင် တရုတ်နိုင်ငံ၏ ဘက်စုံအင်အားသည် စဉ်ဆက်မပြတ် တောင့်တင်းအားကောင်းလာပြီး တရုတ်ပြည်သူများသည်လည်း မဟာပြန်လည်အားသစ်လောင်းရေးသို့ တည်ငြိမ်စွာ တက်လှမ်းလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ဘုံအကျိုးစီးပွားကို အခြေခံသည့် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများတွင် မကြုံစဖူး အရှိန်အဟုန်ဖြင့် တိုးတက်မှုများ ရရှိခဲ့သည်ကို အလွန်ဝမ်းမြောက်ဖွယ် မြင်တွေ့ရကြောင်း၊ ကာဇက်စတန်-တရုတ် အပြန်အလှန်အားပေးထောက်ခံမှု ခိုင်မာစေရေး၊ နိုင်ငံတကာညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရေး၊ နှစ်ဖက်ဆက်ဆံရေး တစ်ဆင့်တိုး နက်ရှိုင်းစေရေးတို့ကို တရုတ်နိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တာ့ခ်မင်နစ္စတန် သမ္မတ Gurbanguly Berdimuhamedow က နှစ်သစ်ကူး နွေဦးပွဲတော်သည် ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် စည်ပင်ဝပြောရေး ဟူသော ကောင်းမွန်သည့်ဆန္ဒများကို ဆောင်ကြဉ်းပေးသလို ပြည်သူချင်း စိတ်ချင်းဆက်နွှယ်ရင်းနှီးမှုကို မြှင့်တင်ပေးကြောင်း ပြောကြားခဲ့သည်။ တာ့ခ်မင်နစ္စတန်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် အချိန်နှင့်အမျှ ခိုင်မာမြဲမြံလျက်ရှိရာ ပူးပေါင်းဆောင်ရွက်မှုများကို စဉ်ဆက်မပြတ် နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုသွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

တာဂျစ်ကစ္စတန် သမ္မတ Emomali Rahmon က လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ်တွင် တရုတ်နိုင်ငံက သာလွန်ကောင်းမွန်သည့် အောင်မြင်မှုများ ရရှိခဲ့သလို နိုင်ငံတကာဩဇာတိက္ကမ အစဉ်တစိုက် မြင့်တက်လာခြင်းမှာ ချီးကျူးဖွယ်ရာဖြစ်ကြောင်း ပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန်-တရုတ် ဆက်ဆံရေးသည် အိမ်နီးချင်းသင့်မြတ်ချစ်ကြည်မှု၊ အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် ထောက်ခံအားပေးမှု အခြေခံမူပေါ်တွင် အခြေတည်ပြီး ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ မြင့်မားသောအဆင့်သစ်သို့ ရောက်ခဲ့ပြီ ဖြစ်ရာ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုအတွက် အနှစ်သာရသစ်များ ဖြည့်တင်းသွားလိုကြောင်း၊ ချစ်ကြည်ရင်းနှီး၍ ကြီးမားသည့် တရုတ်နိုင်ငံ ငြိမ်းအေးချမ်းသာ၍ သာယာဝပြောပါစေဟု ဆုမွန်ကောင်းတောင်းပေးလိုက်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘီလာရုဇ် သမ္မတ Alexander Lukashenko ကလည်း တရုတ်နိုင်ငံ ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးခဲ့သည်။ ယမန်နှစ်သည် ဘီလာရုဇ်-တရုတ် အချိန်အခါမရွေး မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးတက်မှုအပေါ် အရေးကြီးသည့် အနက်အဓိပ္ပာယ်ရှိရာ ယခုနှစ်တွင် နှစ်ဖက်အနေဖြင့် အရှိန်အဟုန်မပြတ် ပို၍တိုးတက်ပြီး နှစ်ဖက်ဆက်ဆံရေးနှင့် ဒေသန္တရ ကူးလူးဖလှယ်ရေးအတွက် တွန်းအားသစ်များ ဖြည့်တင်းမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံ (DRC) သမ္မတ Felix Tshisekedi က သမ္မတ ရှီကျင့်ဖိန်ထံ နွေဦးနှစ်သစ်ကူး ဆုတောင်းစကားကို လှိုက်လှိုက်လှဲလှဲ ပြောကြားခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ ကွန်ဂို-တရုတ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ဆက်လက် ဖွံ့ဖြိုးတိုးတက် နက်ရှိုင်းစေပြီး ကဏ္ဍအသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

ဂမ်ဘီယာနိုင်ငံ သမ္မတ Adama Barrow က ဂမ်ဘီယာနိုင်ငံသည် အပြန်အလှန် လေးစားမှုကို အရင်းခံသော ချစ်ကြည်ရေးကို နက်ရှိုင်းစေရန်၊ အောင်မြင်မှုရလဒ်များ ဖြစ်ထွန်းကြွယ်ဝသော ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် အားစိုက်ဆောင်ရွက်လျက်ရှိကြောင်း၊ တရုတ် မြင်းနှစ် စိတ်ဓာတ်က နှစ်နိုင်ငံ ပြည်သူများ လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ရန်၊ အောင်မြင်မှုကို မျှဝေခံစားရန် စဉ်ဆက်မပြတ် အားပေးအားမြှောက်ပြုသွားမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မာလီနိုင်ငံ ကြားဖြတ်သမ္မတ Assimi Goita က နှစ်သစ်တွင် တရုတ်ပြည်သူများ အေးချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ပြီး တရုတ်နိုင်ငံနှင့်အတူ မာလီ-တရုတ် စည်းလုံးညီညွှတ်မှု၊ ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုရှိသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် ခိုင်မာ ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။

မိုက်ခရိုနီးရှား ဖက်ဒရယ်ပြည်ထောင်စု သမ္မတ Wesley Simina က မိုက်ခရိုနီးရှားအနေဖြင့် တရုတ်ဘက်နှင့်အတူ ဝေးလံသောလမ်းခရီးကို မကြောက်ရွံ့သော၊ အန္တရာယ်နှင့်အတားအဆီးများကို မမူသော စိတ်ဓာတ်ကို လက်ကိုင်ထားပြီး သတ္တိ၊ ဉာဏ်ပညာ၊ ယုံကြည်မှုနှင့် ကြံ့ကြံ့ခံနိုင်မှုတို့ဖြင့် အနာဂတ်ကို အတူတကွ လျှောက်လှမ်းကာ နှစ်နိုင်ငံ မိတ်ဖက်ဆက်ဆံရေး ဆက်လက် နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆော်လမွန်ကျွန်းစုနိုင်ငံ ဝန်ကြီးချုပ် Jeremiah Manele က တရုတ်ပြက္ခဒိန် မြင်းနှစ်သည် ဆော်လမွန်ကျွန်းစုနိုင်ငံအတွက် အရေးပါသော အနက်အဓိပ္ပာယ်ရှိကြောင်း၊ ဆော်လမွန်ကျွန်းစုသည် ၁၉၇၈ ခုနှစ်တွင် လွတ်လပ်ရေးရချိန်မှာ တိုက်ဆိုင်စွာ မြင်းနှစ်ဖြစ်ခဲ့ကြောင်း၊ မြင်းနှစ်သည် ကြံ့ခိုင်ခြင်း၊ အင်အားနှင့် အလျင်ကို ကိုယ်စားပြုပြီး ဆော်လမွန်ကျွန်းစုနိုင်ငံအနေဖြင့် ဆော်လမွန်-တရုတ် ဆက်ဆံရေးကို ပိုမိုမြန်ဆန်သော၊ ပိုမိုကြီးမားသော ခြေလှမ်းများဖြင့် စဉ်ဆက်မပြတ် အားကောင်းသွားစေရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Kirsty Coventry က မြင်းနှစ်သည် တက်ကြွမှု၊ သန္နိဋ္ဌာန်နှင့် ရဲစွမ်းသတ္တိတို့ကို ကိုယ်စားပြုရာ ယင်းမှာ မီလန်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် ကြိုးပမ်းရုန်းကန်နေသော အားကစားသမားများ၏ စိတ်ဓာတ်နှင့် ပြီးပြည့်စုံစွာ ကိုက်ညီကြောင်း၊ အီတလီ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲတွင် တရုတ်အားကစားသမားများ၏ ပြောင်မြောက်သောစွမ်းဆောင်ရည်များသည် ပြည်တွင်းပြည်ပရှိ တရုတ်ပြည်သူများအတွက် အလွန်ကြီးမားသော ဂုဏ်ယူဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေးခဲ့ကြောင်း၊ ဤပွဲတော်ကို ပိုမိုအဓိပ္ပာယ်ရှိလာစေပြီး ထူးထူးခြားခြားဖြစ်စေခဲ့ကြောင်း၊ အနာဂတ်တွင် နှစ်ဘက်၏ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းလာလိမ့်မည်ဟု ခိုင်မာစွာယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်၊ မောလ်ဒိုဗာနိုင်ငံ သမ္မတ Maia Sandu ၊ ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီး၊ ဂျော်ဂျီယာနိုင်ငံ သမ္မတ Mikheil Kavelashvili ၊ ပါလက်စတိုင်း သမ္မတ Mahmoud Abbas ၊ ဗင်နီဇွဲလားနိုင်ငံ ယာယီသမ္မတ Delcy Rodriguez ၊ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်မန်နက်၊ အာမေးနီးယားနိုင်ငံ ဝန်ကြီးချုပ် Nikol Pashinyan ၊ ဂရီနေဒါနိုင်ငံ ဝန်ကြီးချုပ် Dickon Mitchell ၊ နိုင်ငံတကာ အိုလံပစ်ကော်မတီ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ Thomas Bach စသည်တို့ကလည်း ဖုန်းဖြင့်ဆက်သွယ်ခြင်း သို့မဟုတ် စာလွှာပေးပို့၍ သမ္မတ ရှီကျင့်ဖိန်အား နွေဦးနှစ်သစ်ကူး ဆုမွန်ကောင်းတောင်းပေးခဲ့ကြပြီး တရုတ်ပြည်သူများ ပျော်ရွှင်ကျန်းမာချမ်းသာကာ တရုတ်နိုင်ငံ သာယာဝပြောတိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းခဲ့ကြသည်။ (Xinhua)

………………………..
(Chinese Version)
外国领导人和国际组织负责人祝贺马年新春
新华社北京2月21日电 近日,又有许多国家领导人和国际组织负责人致电或致函中共中央总书记、国家主席习近平,祝贺中国人民喜迎马年新春。
德国总理默茨在社交媒体发文祝贺春节快乐,期待马年为德中关系注入力量和新动力。   巴基斯坦总统扎尔达里祝愿中国和平安宁、繁荣昌盛,中华民族复兴伟业不断向前推进,表示巴方由衷钦佩中国在经济转型、科技进步、脱贫减贫和现代化建设方面取得的非凡成就,中国提出的四大全球倡议彰显中国锐意进取、开拓创新、团结一致的精神。今年恰逢巴中建交75周年,相信在习近平主席富有远见的卓越领导下,巴中两国必将在未来开启更紧密合作的新篇章。
哈萨克斯坦总统托卡耶夫表示,春节寓意着万象更新,代表着喜乐团圆,衷心祝愿新的一年里中国繁荣发展、人民安居乐业。在习近平主席英明决策和坚强领导下,中国综合实力不断增强,中华民族稳步迈向伟大复兴。很高兴看到基于世代友好和互利共赢的两国关系及各领域合作取得前所未有的快速发展。愿同中方一道努力,巩固哈中相互支持,加强国际协作,进一步深化双边关系。
土库曼斯坦总统别尔德穆哈梅多夫表示,新春佳节带来对和平、和谐与繁荣的美好愿望,促进民心相亲。土中全面战略伙伴关系历久弥坚,愿坚持不断深化合作,造福两国人民。
塔吉克斯坦总统拉赫蒙表示,中国在经济社会发展道路上取得了卓越成就,国际威望不断提升,值得赞颂。塔中关系基于睦邻友好、相互理解、相互尊重、相互信任和支持原则,达到了全面战略伙伴的新高度,愿共同努力为互利共赢的两国合作充实新内涵。祝愿友好伟大的中国和平、安宁、繁荣。
白俄罗斯总统卢卡申科祝愿中国和平繁荣并表示,过去一年对白中全天候全面战略伙伴关系发展具有重要意义,相信今年双方必将乘势而上,为双边关系及地方交往注入新动能。
刚果(金)总统齐塞克迪向习近平主席致以最热烈的新春祝贺,重申愿同中方一道,继续发展深化刚中两国友谊和各领域务实合作。
冈比亚总统巴罗表示,冈比亚坚定致力于深化基于相互尊重的友谊,加强硕果累累的合作,相信马年精神将持续激励两国人民携手合作、共享成功。
马里过渡总统戈伊塔祝愿中国人民在新的一年里安宁繁荣,表示愿同中方一道努力,不断巩固发展马中团结、友好、合作的战略伙伴关系。
密克罗尼西亚联邦总统西米纳表示,密方将同中方一道,秉持不畏远路、不惧险阻的精神,以勇气、智慧、信任、坚韧共赴前程,推动双边伙伴关系不断深入发展。
所罗门群岛总理马内莱表示,中国农历马年对所方具有重要意义,所罗门群岛1978年独立时恰逢马年。马象征着坚强、力量和速度,所方愿以更快速度、更大步伐,持续强化所中关系。   国际奥委会主席考文垂表示,马年象征活力、决心与魄力,这与正在米兰冬奥会上拼搏的运动员精神完美契合。中国运动员在意大利冬奥赛场上的出色表现为海内外中国人民带来巨大自豪与喜悦,让这个节日更加意义非凡。坚信未来双方的紧密合作将不断深化。
菲律宾总统马科斯、摩尔多瓦总统桑杜、乌克兰总统泽连斯基、格鲁吉亚总统卡韦拉什维利、巴勒斯坦总统阿巴斯、委内瑞拉代总统罗德里格斯、柬埔寨首相洪玛奈、亚美尼亚总理帕什尼扬、格林纳达总理米切尔、国际奥委会名誉主席巴赫等也致电或致函习近平主席表达新春祝福,祝愿中国人民幸福安康,国家繁荣进步。(完)
图说:2月17日,舞龙队伍在澳门议事亭前地表演。新华社发(张金加摄)