China
နှစ်ကူးနွေဦးပွဲတော်ခရီးသွားကာလ ထက်ဝက်ကျော်ရောက်ရှိ၊ တရုတ်နိုင်ငံ သယ်ယူပို့ဆောင်ရေး ခရီးသည် ခရီးစဉ်အကြိမ်ရေ စုစုပေါင်း ၅.၀၈ ဘီလီယံ ရောက်ရှိ
ပေကျင်း၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)
ဖေဖော်ဝါရီ ၂၁ ရက်တွင် ရက်ပေါင်း ၄၀ ကြာမြင့်သော ၂၀၂၆ ခုနှစ် တရုတ်နှစ်ကူးနွေဦးပွဲတော်ခရီးသွားကာလသည် ထက်ဝက်ကျော်ပြီးဆုံးလာပြီဖြစ်သည်။ နှစ်ကူးနွေဦးပွဲတော်ခရီးသွားကာလ ပထမ ၂၀ ရက်အတွင်း နိုင်ငံတစ်ဝန်း ဒေသဖြတ်ကျော် ခရီးသည်သွားလာမှုပမာဏ စုစုပေါင်းမှာ ခရီးစဉ် အကြိမ်ရေ ၅.၀၈ ဘီလီယံ ရှိခဲ့ကြောင်း သတင်းထောက်က တရုတ်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာနထံမှ ဖေဖော်ဝါရီ ၂၂ ရက်တွင် သိရှိရသည်။
အထူးသဖြင့် အဝေးပြေးလမ်း ခရီးသည်သွားလာမှုပမာဏ စုစုပေါင်းမှာ ခရီးစဉ်အကြိမ်ရေ ၄.၇၅၅ ဘီလီယံ၊ ရထားလမ်း ခရီးသည် ပို့ဆောင်မှုပမာဏ စုစုပေါင်းမှာ ခရီးစဉ်အကြိမ်ရေ ၂၅၈ သန်း၊ ရေကြောင်း ခရီးသည်ပို့ဆောင်ရေးပမာဏ စုစုပေါင်းမှာ ခရီးစဉ်အကြိမ်ရေ ၁၉.၉၉၂ သန်း၊ မြို့ပြလေကြောင်း ခရီးသည် ပို့ဆောင်ရေးပမာဏ စုစုပေါင်းမှာ ခရီးစဉ်အကြိမ်ရေ ၄၇.၅၁၆ သန်း ရှိကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟားအယ်ပင်း ရထားဘူတာရုံတွင် EMU ကျည်ဆန်ရထား စီးနင်းလိုက်ပါမည့် ခရီးသည်များအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)




……………………
(Chinese Version)
春运过半 我国交通出行人数累计为50.8亿人次
新华社北京2月22日电(记者叶昊鸣)2月21日,为期40天的2026年春运已过半程。记者22日从交通运输部获悉,春运前20天全社会跨区域人员流动量累计为50.8亿人次。
具体来看,公路人员流动量累计为47.55亿人次,铁路客运量累计为2.58亿人次,水路客运量累计为1999.2万人次,民航客运量累计为4751.6万人次。(完)
图说1:这是江苏省扬州市境内的润扬大桥上的车流(2月22日摄,无人机照片)。新华社发(孟德龙摄)
图说2:2月22日,旅客在哈尔滨火车站乘坐动车组列车出行。新华社发(原勇摄)
