China
“ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်လေးများ” အတွက် မြန်နှုန်းမြင့်ရထား လက်မှတ်ဝယ်ယူပေး
လန်ကျိုး၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
နှစ်ကူးနွေဦးပွဲတော်ခရီးသွားကာလ နီးကပ်လာသည်နှင့်အတူ တရုတ်နိုင်ငံ လန်ကျိုးမြို့ အနောက်ဘူတာတွင် “ချစ်စဖွယ် အိမ်မွေးတိရစ္ဆာန်” ခရီးသွားဧည့်သည်တချို့ကို ကြိုဆိုလက်ခံခဲ့သည်။ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိသော ဤအိမ်မွေးတိရစ္ဆာန်လေးများကို ရထားဝန်ထမ်းများက အထူးလှည့်လည်စစ်ဆေးကြည့်ရှုစောင့်ရှောက်ပေးမည်ဖြစ်ပြီး စမတ်နည်းပညာသုံးစောင့်ကြည့်ရေးစနစ် တပ်ဆင်ထားသည့် မြန်နှုန်းမြင့်ရထားအတွင်း အိမ်မွေးတိရစ္ဆာန်များ သယ်ယူပို့ဆောင်ရေး အထူးသုံးလှောင်အိမ်များအတွင်း၌ မြန်နှုန်းမြင့်ရထားစီး၍ ခရီးသွားမည်ဖြစ်သည်။
မီးရထားဌာနသည် ဇန်နဝါရီ ၂၈ ရက်မှစ၍ မြန်နှုန်းမြင့်ရထား အိမ်မွေးတိရစ္ဆာန် ပို့ဆောင်ရေး ဝန်ဆောင်မှု စမ်းသပ်လုပ်ဆောင်သည့် အစီအစဉ်ကို တိုးချဲ့ခဲ့ရာ အိမ်မွေးတိရစ္ဆာန် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ဆောင်ရွက်ပေးသည့် မြန်နှုန်းမြင့်ရထားဘူတာ စုစုပေါင်းအရေအတွက်ကို ၁၁၀ ခုအထိလည်း တိုးချဲ့ခဲ့ပြီး မြန်နှုန်းမြင့်ရထားတွဲ ပြေးဆွဲမှုအရေအတွက်မှာ ၅၄ ကြိမ်မှ ၁၇၀ ကြိမ်အထိ တိုးမြှင့်လာသည်။ ခရီးသွားဧည့်သည်များသည် 12306 အက်ပ် (app) သို့မဟုတ် “China Railway Express” WeChat မီနီပရိုဂရမ် (mini-program) မှတစ်ဆင့် အွန်လိုင်းမှ ကြိုတင်မှာယူနိုင်သောကြောင့် နှစ်ကူးနွေဦးပွဲတော်ခရီးသွားကာလအတွင်း ခရီးသွားဧည့်သည်များအား ၎င်းတို့၏ အိမ်မွေးတိရစ္ဆာန်များနှင့်အတူ ခရီးသွားလာရာတွင် ပိုမိုအဆင်ပြေစေသည်။ (Xinhua)

တရုတ်နိုင်ငံ လန်ကျိုးမြို့ အနောက်ဘူတာ China Railway Express လုပ်ငန်းရေးရာဌာန အိမ်မွေးတိရစ္ဆာန်လွှဲပြောင်းပေးအပ်သည့်နေရာတွင် ခရီးသွားဧည့်သည် တုန်ဝမ်ချီက လှောင်အိမ်ထဲရှိ ၎င်း၏ ခွေးလေးနှင့် အပြန်အလှန် တုံ့ပြန်နေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)








…………………..
(Chinese Version)
给“萌宠”买张高铁票
新华社照片,兰州,2026年2月1日
春运来临,兰州西站迎来了一些“萌宠”旅客,这些符合条件的宠物将由列车工作人员专门巡查照料,在配备智能监控系统的高铁宠物运输专用箱内搭乘高铁出行。
铁路部门自1月28日起再次扩大高铁宠物托运服务试点范围,将办理宠物托运业务的高铁站总数扩大到110个,高铁列车由54趟增至170趟,旅客可通过12306客户端或“中铁快运”微信小程序线上预约,让春运期间旅客携宠出行更便捷。
图说1:2月1日,中铁快运兰州西站营业部工作人员孙谦(右)为旅客董文琦办理宠物托运手续。 新华社记者 陈斌 摄
图说2:2月1日,在中铁快运兰州西站营业部宠物交接区,旅客董文琦隔着箱子与自己的小狗互动。新华社记者 陈斌 摄
