China
တရုတ်နိုင်ငံက နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်ကြောင်း အမေရိကန်၏ ပြစ်တင်မှုမှာ လုံးဝအခြေအမြစ်မရှိဟု တရုတ်နိုင်ငံ လက်နက်လျှော့ချရေး သံအမတ်ကြီး ဆို
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ လက်နက်လျှော့ချရေးဆိုင်ရာ သံအမတ်ကြီး ရှန်ကျန့်သည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဂျီနီဗာ လက်နက်လျှော့ချရေး ဆွေးနွေးညှိနှိုင်းမှုအစည်းအဝေး အဆင့်မြင့်အပိုင်းလိုက်အစည်းအဝေး၌ ပါဝင်ဆွေးနွေးခဲ့ရာ လက်ရှိနိုင်ငံတကာလုံခြုံရေးနှင့် လက်နက်ထိန်းချုပ်မှုဆိုင်ရာ အဓိက အကြောင်းအရာများနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ရှန်ကျန့်က ရှုပ်ထွေးခက်ခဲသော နိုင်ငံတကာလုံခြုံရေးအခြေအနေအား ရင်ဆိုင်ရာ၌ တရုတ်နိုင်ငံသည် တရားမျှတသော၊ ပူးပေါင်းဆောင်ရွက်သော၊ ဟန်ချက်ညီသော၊ ထိရောက်မှုရှိသော လက်နက်ထိန်းချုပ်မှု အယူအဆကို အရင်းခံကာ နိုင်ငံတကာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး စီမံခန့်ခွဲမှု ပြည့်စုံကောင်းမွန်စေရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်ထိန်းချုပ်ခြင်းသည် ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းရန် အရေးကြီးအာမခံချက်ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် တရားမျှတ၍ သဘောထားလျော်ကန်သော၊ ဓမ္မဓိဋ္ဌာန်ကျကျနှင့် လက်တွေ့ကျသော နျူကလီးယားလက်နက်လျှော့ချရေး အယူအဆအား အရင်းခံထား၍ နိုင်ငံရေးအရ သံတမန်နည်းလမ်းဖြင့် နျူကလီးယားလက်နက်မပြန့်ပွားရေး အရေးကိစ္စ ဖြေရှင်းခြင်းအား အခိုင်အမာ လက်ကိုင်ထားပြီး နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို လိုက်နာကာ နိုင်ငံစုံ လက်နက်ထိန်းချုပ်ရေး၊ လက်နက်လျှော့ချရေး ယန္တရားအား ပြန်လည်ဖော်ဆောင်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက် စမ်းသပ်မှု အလုံးစုံတားဆီး ပိတ်ပင်ရေးစာချုပ် (CTBT) ၏ ရည်မှန်းချက်အား ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ရှန်ကျန့်က အလေးထား ပြောကြားခဲ့သည်။ တရုတ်နိုင်ငံက နျူကလီးယားစမ်းသပ်မှု လုပ်ဆောင်သည်ဟု အမေရိကန်၏ ပြစ်တင်ပြောကြားမှုသည် လုံးဝအခြေအမြစ်မရှိဘဲ မိမိကိုယ်တိုင် နျူကလီးယားစမ်းသပ်မှု ပြန်လည်လုပ်ဆောင်ရန်အတွက် ဆင်ခြေဖန်တီးခြင်းဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် နျူကလီးယား ၅ နိုင်ငံ၏ “နျူကလီးယားစမ်းသပ်မှု ရပ်တန့်ခြင်း” ကတိကဝတ်အား အလေးထား၍ တစ်ကမ္ဘာလုံးတွင် နျူကလီးယားစမ်းသပ်မှု တားမြစ်ထားခြင်း သဘောတူညီချက်ကို ကာကွယ်ထိန်းသိမ်းပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国裁军大使:美国指责中国开展核爆炸试验毫无事实依据
新华社日内瓦2月23日电(记者石松)中国裁军大使沈健23日在日内瓦裁军谈判会议高级别周全会发言,阐述中方关于当前国际安全与军控热点问题立场。
沈健表示,面临复杂严峻的国际安全形势,中国秉持公正、合作、平衡、有效的军控理念,致力于增进国际安全合作,完善全球安全治理。核军控是维护全球战略稳定的重要保证。国际社会应秉持公正合理、理性务实的核裁军理念,坚持政治外交解决核不扩散问题,遵守国际法治,重振多边军控裁军机制。
沈健强调,中国坚定支持《全面禁止核试验条约》宗旨和目标。美国指责中国开展核爆炸试验,毫无事实依据,是为自身重启核试验编造借口。中方敦促美国重申五核国“暂停核试验”承诺,维护全球禁止核试验共识。(完)
