China
ဖုဟွာနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala တွေ့ဆုံဆွေးနွေး
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဖေဖော်ဝါရီ ၂၃ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ယခုနှစ်သည် တရုတ်နိုင်ငံက WTO တွင် ပါဝင်သည့် ၂၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ ၂၅ နှစ်တာကာလအတွင်း ဆင်ဟွာသတင်းဌာနသည် တရုတ်နိုင်ငံနှင့် WTO ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်သည့် ကောင်းမွန်သောအခိုက်အတန့်များကို အစဉ်အမြဲ သက်သေထူ၍ မှတ်တမ်းတင်ခဲ့ကြောင်း၊ အနာဂတ်တွင် ဆင်ဟွာသတင်းဌာနအနေဖြင့် WTO နှင့်အတူ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ကာ နိုင်ငံစုံကုန်သွယ်ရေးစနစ်၏ အရေးကြီးမှု ထင်ရှားလာစေရန် အတူတကွလုပ်ဆောင်၍ ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို တရုတ်နိုင်ငံနှင့် WTO လက်တွဲ တွန်းအားပေးသည့် အကြောင်းအရာကောင်းများအား ကောင်းမွန်စွာအတူတင်ဆက်သွားရန် မျှော်လင့်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Ngozi Okonjo-Iweala က WTO ပြုပြင်ပြောင်းလဲမှုအပေါ် တရုတ်နိုင်ငံ၏ ကာလကြာရှည်စွာ ထောက်ခံအားပေးမှုအတွက် တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ WTO ၏ လက်ရှိနှင့် အနာဂတ် ဆွေးနွေးညှိနှိုင်းမှုအတွင်း ထူးခြား၍ ကွာခြားမှုရှိသော ခံစားခွင့်အသစ်များ ရှာဖွေဖော်ဆောင်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံက ယမန်နှစ်တွင် ကြေညာခဲ့ရာ ယင်းသည် တရုတ်နိုင်ငံက ပြုပြင်ပြောင်းလဲ တံခါးဖွင့်လှစ်မှုအား ထဲထဲဝင်ဝင် ဖော်ဆောင်လိုသည့် သန္နိဋ္ဌာန်ကို ပေါ်လွင်စေကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုးမြှင့်တင်ပြီး WTO ပြုပြင်ပြောင်းလဲမှု ပြည့်စုံကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား အတူတွန်းအားပေးဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————–
(Chinese Version)
傅华会见世界贸易组织总干事伊维拉
新华社日内瓦2月23日电(记者丁英华 焦倩)新华社社长傅华23日在瑞士日内瓦会见世界贸易组织总干事伊维拉。
傅华表示,今年是中国加入世贸组织25周年。25年来,新华社始终见证并记录中国与世贸组织交往合作的精彩瞬间。未来,新华社期待同世贸组织进一步加强沟通合作,共同彰显多边贸易体制的重要性,共同讲好中国与世贸组织携手推动世界经济增长的好故事。
伊维拉对中国长期以来支持世贸组织改革表示赞赏。她提出,中方去年宣布在世贸组织当前和未来谈判中将不寻求新的特殊和差别待遇,彰显了中国深化改革开放的决心。她表示,愿同中方进一步加强沟通合作,共同推动世贸组织改革完善与发展。(完)
图说:2月23日,新华社社长傅华在瑞士日内瓦会见世界贸易组织总干事伊维拉。 新华社记者 彭子洋 摄
