China
ဖုဟွာနှင့် ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာရုံး ညွှန်ကြားရေးမှူးချုပ် Tatiana Valovaya တွေ့ဆုံဆွေးနွေး
ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာရုံး ညွှန်ကြားရေးမှူးချုပ် Tatiana Valovaya နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ကုလသမဂ္ဂဆိုင်ရာ ဂျီနီဗာရုံးသည် နိုင်ငံစုံသံတမန်ဆက်ဆံရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု၏ အရေးကြီးဆုံချက်ဖြစ်ကြောင်း၊ ဆင်ဟွာသတင်းဌာနအနေဖြင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ယန္တရားနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုအား တစ်ဆင့်တိုး နက်ရှိုင်းစေပြီး သတင်းဌာန၏ တာဝန်စွမ်းရည် အားသာချက်ကို ဘက်စုံအသုံးပြုကာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) အား လက်တွေ့ဖော်ဆောင်သွားလိုကြောင်း၊ ယုံကြည်မှုများမြှင့်တင်၍ သံသယများဖယ်ရှားကာ သဘောတူညီချက်များ စုစည်းပေးသော နိုင်ငံတကာပြောရေးဆိုခွင့်စနစ်ကို တည်ဆောက်ခြင်းဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံလာစေရန် အားဖြည့်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Tatiana Valovaya က ဆင်ဟွာသတင်းဌာနအနေဖြင့် ကုလသမဂ္ဂ သက်ဆိုင်ရာသတင်းများအား တင်ဆက်ရာတွင် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်မှုကို တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတကာစည်းစနစ် နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှုကို ကိုင်တွယ်စီမံရာ၌ ၎င်းအနေဖြင့် ကျွမ်းကျင်မီဒီယာ၏ အင်အားကြီးမားသော ထုတ်ဖော်ပြောဆိုမှုနှင့် ပေါင်းကူးတံတား အခန်းကဏ္ဍဖြင့် တရုတ်နိုင်ငံနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲမှုအား တွန်းအားပေးသွားရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
傅华会见联合国日内瓦办事处总干事瓦罗瓦娅
新华社日内瓦2月24日电(记者石松)新华社社长傅华24日在瑞士日内瓦会见联合国日内瓦办事处总干事瓦罗瓦娅。
傅华表示,联合国日内瓦办事处是多边外交与全球治理的重要枢纽,新华社愿进一步深化同联合国及国际组织的机制化协作,全面发挥通讯社职能优势,践行全球治理倡议,构建增信释疑、凝聚共识的国际话语体系,助力完善全球治理体系。
瓦罗瓦娅赞赏新华社在报道联合国相关新闻中发挥的重要作用。她表示,面对国际秩序的深刻变革,她期待依托专业媒体的强大声量与桥梁作用,同中国一道共同推动全球治理体系改革。(完)
图说: 2月24日,新华社社长傅华在瑞士日内瓦会见联合国日内瓦办事处总干事瓦罗瓦娅。 新华社记者 连漪 摄
