Connect with us

China

ဖုဟွာနှင့် ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေးကောင်စီ (WBCSD) အမှုဆောင်အရာရှိချုပ် Peter Bakker တွေ့ဆုံဆွေးနွေး

ဂျီနီဗာ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေးကောင်စီ (WBCSD) အမှုဆောင်အရာရှိချုပ် Peter Bakker နှင့် တွေ့ဆုံဆွေးနွေးပြီး သတင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို နှစ်ဖက်လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက ဆင်ဟွာသတင်းဌာနက စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အကြောင်းအရာများအား ကာလကြာရှည်စွာ တင်ဆက်ဖော်ပြ၍ ရာသီဥတုပြောင်းလဲမှု၊ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု၊ လုပ်ငန်းကုမ္ပဏီများ၏ လူမှုအကျိုးပြုလုပ်ငန်းများ တာဝန်ယူဆောင်ရွက်မှု စသည့် ကဏ္ဍများကို စဉ်ဆက်မပြတ် အာရုံစိုက်ကာ သတင်းတင်ဆက်ဖော်ပြမှုနှင့် Think Tank အစီရင်ခံစာများမှတစ်ဆင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ဓမ္မဓိဋ္ဌာန်ကျကာ သဘောထားလျော်ကန်သော သတင်းအချက်အလက်နှင့် သုတေသနပြုလုပ်မှုများကို ပံ့ပိုးပေးလျက်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနသည် WBCSD နှင့်အတူ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအယူအဆဖြင့် နိုင်ငံတကာဖြန့်ချိရေးနှင့် လက်တွေ့ဖော်ဆောင်မှုဆိုင်ရာ ဖလှယ်မှုများကို တွန်းအားပေးဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။
Peter Bakker က ဆင်ဟွာသတင်းဌာန၏ လတ်တလောနှစ်ပိုင်းအတွင်း သိသိသာသာ ဖွံ့ဖြိုးတိုးတက်မှုများအပေါ် တန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် လွှမ်းခြုံမှုကျယ်ပြန့်သော ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက် စုဆောင်းမှုကွန်ရက်ကို ပိုင်ဆိုင်ထားသဖြင့် တရုတ်နိုင်ငံ၏ ရှေ့ဆောင် မီဒီယာအဖွဲ့အစည်းဖြစ်ရုံသာမက တစ်ကမ္ဘာလုံးအတိုင်းအတာ အတွင်း၌လည်း အရေးကြီးသည့် သက်ရောက်မှုရှိကြောင်း၊ နှစ်ဖက်က အားသာချက်များအပြန်အလှန် ဖြည့်ဆည်းနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု အလားအလာကြီးမားကြောင်း၊ တစ်ကမ္ဘာလုံးအတိုင်းအတာအတွင်း၌ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအယူအဆနှင့် ဖြေရှင်းရေးနည်းလမ်းများအား အတူလက်တွဲ၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် မိတ်ဆက်ပေးရန် မျှော်လင့်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
傅华会见世界可持续发展工商理事会首席执行官贝德凯
新华社日内瓦2月24日电(记者褚怡 焦倩)新华社社长傅华24日在瑞士日内瓦会见世界可持续发展工商理事会首席执行官贝德凯(外文名:彼得·巴克),双方签署新闻合作谅解备忘录。
傅华表示,新华社长期致力于报道可持续议题,持续关注气候变化、绿色发展、企业社会责任等领域,通过新闻报道和智库报告,为国际社会提供客观理性的资讯和研究。新华社愿与理事会共同推动可持续发展理念的国际传播与实践交流。
贝德凯对新华社近年来取得的显著发展表示赞赏。他说,新华社拥有覆盖广泛的全球新闻信息采集网络,不仅是中国领先的媒体机构,也在全球范围内发挥着重要影响力。双方优势互补、合作潜力巨大,期待携手在全球范围内更广泛地推广可持续发展理念与解决方案。(完)