Connect with us

China

ယူကရိန်းအကျပ်အတည်း နိုင်ငံရေးအရ ဖြေရှင်းရေးကို မြှင့်တင်ရန် အပြုသဘောဆောင်သည့် ကြိုးပမ်းများ ဆက်လက် ဆောင်ရွက်သွားမည်ဟု တရုတ်နိုင်ငံ ပြောကြား

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ နိုင်ငံစုံနန်းတော်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ အကြံပေး ထိန်ဖေးက ကုလသမဂ္ဂအထွေထွေညီလာခံ အရေးပေါ် အထူးအစည်းအဝေး၌ “ယူကရိန်း၏ ရေရှည်ငြိမ်းချမ်းရေး ထောက်ခံခြင်း” ဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအား မဲခွဲဆုံးဖြတ်ပြီးနောက် သဘောထားဖော်ပြရာ၌ လက်ရှိ အရေးကြီးအချိန်အခါတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေးအရ အကျပ်အတည်း ဖြေရှင်းမှုကို မြှင့်တင်ရန်အတွက် နိုင်ငံတကာ အသိုက်အဝန်းက အကျိုးရှိသောအခြေအနေ ဖန်တီးပေးရန်မျှော်လင့်သလို ကုလသမဂ္ဂအထွေထွေညီလာခံက အဖွဲ့ဝင်နိုင်ငံများ၏ ငြိမ်းချမ်းရေး သဘောတူညီချက်ကို စုစည်းရာတွင် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်း ဖြေရှင်းရေးကို မြှင့်တင်ရန် တရုတ်နိုင်ငံကလည်း အပြုသဘောဆောင်သည့် ကြိုးပမ်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်မူကြမ်း မဲခွဲဆုံးဖြတ်ရာတွင် တရုတ်နိုင်ငံအနေဖြင့် ကြားနေမဲ ပေးခဲ့ကြောင်း၊ ထိုသို့မဲပေးသည့်ရပ်တည်ချက်က ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ တသမတ်တည်းဖြစ်သော အခြေခံမူနှင့် ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း ထိန်ဖေးက ပြောကြားခဲ့သည်။
နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုကို လေးစားမှုရှိသင့်သည်၊ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများ အားလုံးကို လေးစားလိုက်နာသင့်သည်၊ ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်မှုရှိသည့် လုံခြုံရေးစိုးရိမ်မှုများကို အလေးထားသင့်ကာ ငြိမ်းချမ်းစွာ အကျပ်အတည်းဖြေရှင်းသည့် ကြိုးပမ်းမှုမှန်သမျှကို ထောက်ခံအားပေးသင့်သည်ဟု တရုတ်နိုင်ငံအနေဖြင့် အစဉ်သဖြင့် ယူဆကြောင်း ၎င်းက ပြောကြား ခဲ့သည်။

လက်ရှိတွင် ယူကရိန်းအရေးသည် ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းသည့် အရေးကြီးအပိုင်းအခြားသို့ ရောက်ရှိနေပြီး ဆွေးနွေးမှု၊ ထိတွေ့ဆက်ဆံမှု အမျိုးမျိုးကို ခပ်စိပ်စိပ် ရှေ့သို့ တွန်းအားပေးလုပ်ဆောင်လျက်ရှိရာ အထူးသဖြင့် ယူကရိန်းအကျပ်အတည်း၏ လက်တွေ့ပကတိပြဿနာများကို စတင် အာရုံစိုက်လာပြီဖြစ်ကြောင်း ထိန်ဖေးက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေး ကြိုးပမ်းအားထုတ်မှုမှန်သမျှကို ထောက်ခံအားပေးသလို သက်ဆိုင်သူအသီးသီးကလည်း အပြုသဘောအရှိန်အဟုန်ကို ထိန်းထားရန်၊ သဘောတူညီချက်များကို ဆက်လက်စုဆောင်းရန်၊ ဘက်စုံ ရေရှည်ဖြစ်၍ စည်းနှောင်နိုင်စွမ်းရှိသည့် ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို ရရှိအောင် ကြိုးပမ်းရန် တိုက်တွန်းကြောင်း၊ ပြဿနာ၏အရင်းအမြစ်ကို ဖြေရှင်းခြင်းမှတစ်ဆင့် ပိုမိုဟန်ချက်ညီ၍ ထိရောက်သော၊ စဉ်ဆက်မပြတ်ဖြစ်သော ဥရောပလုံခြုံရေးမူဘောင် ဖြစ်တည်စေကာ ဥရောပ၏ ရေရှည် အေးချမ်းသာယာမှုကို ဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂအထွေထွေညီလာခံတွင် ထိုနေ့က ထောက်ခံမဲ ၁၀၇ မဲ၊ ကန့်ကွက်မဲ ၁၂ မဲ၊ ကြားနေမဲ ၅၁ မဲဖြင့် “ယူကရိန်း၏ ရေရှည်ငြိမ်းချမ်းရေးကို ထောက်ခံခြင်း” ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သည်။ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များသည် နိုင်ငံရေးအရ ဩဇာသက်ရောက်မှုရှိသော်လည်း ဥပဒေအရ စည်းနှောင်မှုမရှိပေ။ (Xinhua)

——————-
(Chinese Version)
中方将继续为推动乌克兰危机政治解决作出积极努力
新华社联合国2月24日电 中国常驻联合国代表团参赞滕飞24日在紧急特别联大表决“支持乌克兰持久和平”决议草案后的解释性发言中表示,在当前关键节点,中方期待国际社会为推动危机政治解决创造有利氛围,期待联大为凝聚会员国和平共识发挥建设性作用。中方也将继续为推动危机政治解决作出积极努力。
滕飞说,中方对刚刚付诸表决的联大决议草案投了弃权票,这一投票立场体现了中方在乌克兰问题上的一贯原则和立场。中方始终认为,各国主权和领土完整都应该得到尊重,联合国宪章宗旨和原则都应该得到遵守,各方合理安全关切都应该得到重视,一切有利于和平解决危机的努力都应该得到支持。
滕飞表示,当前,乌克兰问题进入谈判解决的关键阶段,各种对话接触密集推进,特别是开始聚焦乌克兰危机的实质性问题。中方鼓励和支持一切致力于和平的努力,呼吁各当事方保持积极势头,持续积累共识,争取达成全面、持久、有约束力的和平协议。要通过解决根源性问题,形成更加均衡、有效、可持续的欧洲安全架构,实现欧洲的长治久安。
联合国大会当天以107票赞成、12票反对、51票弃权的表决结果,通过“支持乌克兰持久和平”决议。联大决议具有政治影响力,但没有法律约束力。(完)
1. 这是2025年9月8日在瑞士日内瓦拍摄的万国宫。新华社记者 马汝轩 摄