China
ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ အချက်သုံးချက် တရုတ်ကိုယ်စားလှယ် အဆိုပြု
ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ယူကရိန်းအကျပ်အတည်းသည် အချိန်လေးနှစ်ကြာမြင့်ပြီဖြစ်ရာ လက်ရှိအခြေအနေမှာ အရေးကြီးလမ်းဆုံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၂၄ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ယူကရိန်းအရေးသုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ အရေးကြီးအချိန်အခါ ရောက်ရှိလေ၊ ယုံကြည်ချက် ခိုင်ခိုင်မာမာဖြင့် ပို၍ ကြိုးပမ်းရန် လိုအပ်လေ ဖြစ်ကြောင်း၊ ယူကရိန်းအကျပ်အတည်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံက အောက်ပါ အချက်သုံးချက်ကို အဆိုပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပထမအနေဖြင့် နိုင်ငံရေးအရ ဖြေရှင်းရေးကို အခိုင်အမာ မြှင့်တင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စစ်ရေးနည်းလမ်းသည် ရေရှည်ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်မှု မရှိဘဲ မည်သည့်ပဋိပက္ခမဆို နောက်ဆုံးတွင် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့်သာ ဖြေရှင်းရသည်ကို သမိုင်းက အကြိမ်ကြိမ် သက်သေပြပြီး ဖြစ်ရာ ယူကရိန်းအကျပ်အတည်းမှာလည်း အလားတူပင်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
လက်ရှိတွင် ဘက်ပေါင်းစုံ၏ ရပ်တည်ချက်များက ထပ်တူမကျသော်လည်း နိုင်ငံရေးအရ ဖြေရှင်းရန် ဦးတည်ချက်ကိုမူ အသိအမှတ်ပြုလက်ခံပြီး ဘက်စုံ ရေရှည်ဖြစ်၍ စည်းနှောင်နိုင်စွမ်းရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခု ရရှိရန် မျှော်လင့်ကြကြောင်း၊ အချင်းဖြစ်သူများက အပြုသဘောအရှိန်အဟုန်ကို ဆက်လက်ဖမ်းဆုပ်ကာ နိုင်ငံရေးသဘောဆန္ဒကို ပြသရန်၊ သဘောတူညီချက်များ စဉ်ဆက်မပြတ် စုစည်း၍ နိုင်ငံရေးအရ အကျပ်အတည်းဖြေရှင်းမှု၊ ရေရှည်ငြိမ်းချမ်းရေးဖော်ဆောင်မှု ရှိသော ဦးတည်ချက်သို့ ဆက်လက်ကြိုးပမ်းဆောင်ရွက်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် ဘုံလုံခြုံရေးကို အခိုင်အမာ ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ လုံခြုံရေးသည် အပြန်အလှန်ဖြစ်ပြီး နိုင်ငံတစ်နိုင်ငံ၏ လုံခြုံရေးက အခြားနိုင်ငံ၏ မလုံခြုံမှုပေါ်တွင် တည်ဆောက်၍ မရဘဲ ဒေသတွင်းလုံခြုံရေးကို စစ်ရေးအစုအဖွဲ့များ၏ အင်အားဖြည့်တင်းမှုသာမက တိုးချဲ့မှုဖြင့် အာမခံ၍ မရကြောင်းကို ယခုအကျပ်အတည်းက ပြသခဲ့ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ရုရှား၊ ယူကရိန်းနှင့် ဥရောပနိုင်ငံများသည် ရွှေ့ပြောင်း၍မရသည့် အိမ်နီးချင်းများဖြစ်ရာ သင့်မြတ်စွာ နေထိုင်ဆက်ဆံခြင်းသည် လက်တွေ့ကျသည့် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်ကြောင်း၊ သက်ဆိုင်သူများက စစ်အေးအတွေးအခေါ်နှင့် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများကို စွန့်လွှတ်ရန်၊ အတူတကွ ဘက်စုံဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုနှင့် စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးအမြင်ကို ဖော်ဆောင်ရန်၊ အပြန်အလှန် ကျိုးကြောင်းဆီလျော်သော လုံခြုံရေး စိုးရိမ်မှုများကို အလေးထားဖြေရှင်းရန်၊ မျှတ ထိရောက်ပြီး စဉ်ဆက်မပြတ်ဖြစ်သော ဒေသတွင်းလုံခြုံရေးမူဘောင် တည်ဆောက်မှုကို တွန်းအားပေးရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
တတိယအနေဖြင့် ပြင်ပသို့ အကျပ်အတည်း ယိုလျှံမှုကို အခိုင်အမာ စီမံထိန်းချုပ်ရမည်ဖြစ်ကြောင်း၊ ပြင်ပသို့ အကျပ်အတည်းများ ဆက်တိုက် ယိုလျှံလာခြင်းသည် မူလက ဝန်ထုပ်ဝန်ပိုး ဖြစ်နေပြီးသော ကမ္ဘာ့စီးပွားရေးကို ဘူးလေးရာ ဖရုံဆင့် စေကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အတူတကွ ကြိုးပမ်းကာ စားနပ်ရိက္ခာ၊ စွမ်းအင်၊ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးနှင့် အချက်အချာကျသည့် အခြေခံအဆောက်အဦ ကာကွယ်စောင့်ရှောက်ရေး စသည့် အရေးကိစ္စများနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် ထောက်ပံ့မှုကွင်းဆက် တည်ငြိမ်ချောမွေ့ရေးကို ကာကွယ်ထိန်းသိမ်းရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး နိုင်ငံရေးအသွင်ပြောင်းမှု၊ ကိရိယာအသွင်ပြောင်းမှုကို ဆန့်ကျင်သလို တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများကို အလွဲသုံးလုပ်ဆောင်ခြင်းနှင့် “လက်တံရှည်လှမ်း စီမံခြင်း” ကို ကန့်ကွက်ကြောင်း၊ ယင်းလုပ်ရပ်များသည် ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသည့်အပြင် ပြဿနာအသစ်များကိုပင် ဖန်တီးနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းဖြစ်ရာ “လုပ်ဆောင်သင့်သည့် အချက် ၄ ချက်” ကို အခြေခံလိုက်နာမှုအဖြစ် အစဉ်တစိုက် ထားရှိကြောင်း၊ လွန်ခဲ့သည့် ၄ နှစ်တာကာလတွင် တရုတ်နိုင်ငံသည် တရားမျှတ၍ဓမ္မဓိဋ္ဌာန်ကျမှုကို လက်ကိုင်ထားကာ ငြိမ်းချမ်းရေးအတွက် ကူးလူးဆောင်ရွက်ခဲ့သလို ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ အသိုက်အဝန်းနှင့်အတူ နိုင်ငံရေးနည်းလမ်းဖြင့် အကျပ်အတည်းအား ဆောလျင်စွာ ဖြေရှင်းရေးအတွက် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
အမေရိကန် ကိုယ်စားလှယ်၏ ပြောကြားမှုတွင် တရုတ်နိုင်ငံအပေါ် ထပ်မံ မဟုတ်မမှန် လုပ်ကြံပြောဆိုမှုနှင့်စပ်လျဉ်း၍ ဖုချုံးက တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကို ဖန်တီးသူ မဟုတ်သလို အချင်းဖြစ်ပွားသူလည်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ယူကရိန်းအရေးတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် ပွင့်လင်းမြင်သာပြီး စဉ်ဆက်မပြတ် မပြောင်းလဲကြောင်း၊ ယင်းမှာ အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲရပ်တန့်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု ဖြစ်မြောက်ရေးအား အခိုင်အမာ ဆောင်ရွက်ခြင်းပင်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို နိုင်ငံတကာ အသိုက်အဝန်းက မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ပဋိပက္ခဖြစ်ပွားသည့် မည်သည့်ဘက်ကိုမဆို အသက်သေဆုံးစေနိုင်သည့် လက်နက်များ ပံ့ပိုးခြင်း မရှိသလို စစ်ဘက်-အရပ်ဘက်သုံး ပစ္စည်းများ တင်ပို့မှုကို အမြဲတစေ တင်းကျပ်စွာ စီမံထိန်းချုပ်ထားကြောင်း၊ ကမ္ဘာ၏ အရေးကြီးသည့် ကုန်ထုတ်လုပ်မှုနိုင်ငံကြီး၊ ကုန်သွယ်ရေးနိုင်ငံကြီး၊ စားသုံးသူနိုင်ငံကြီးအနေဖြင့် တရုတ်နိုင်ငံသည် ရုရှား၊ ယူကရိန်း၊ ဥရောပတိုက်နှင့် အမေရိကန်တို့နှင့် ပုံမှန် ကုန်သွယ်စီးပွား ကူးလူးသွားလာမှုများကို ထိန်းသိမ်းထားကြောင်း၊ ယင်းကူးလူးသွားလာမှုများသည် ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းအခြေခံမူကို လေးစားလိုက်နာပြီး လုံခြုံရေးကောင်စီ၏ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်း မရှိသောကြောင့် အပြစ်ဆိုဖွယ်မရှိသလို ဝေဖန်ပြစ်တင်ခွင့်လည်းမရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အချိန်အတိုင်းအတာတစ်ခုမှစ၍ အမေရိကန်သည် အခမ်းအနားနေရာအမျိုးမျိုးတွင် အကြောင်းပြချက်နှင့် မုသားစကားအမျိုးမျိုး ဖန်တီးကာ တရုတ်နိုင်ငံအပေါ် ဆက်တိုက် ပုတ်ခတ်တိုက်ခိုက် ပြောဆိုလျက်ရှိကြောင်း၊ ယင်းမှာ ဗြောင်ကျကျ နိုင်ငံရေးကြိုးကိုင်မှုဖြစ်ကြောင်း၊ ၎င်း၏ ရည်ရွယ်ချက်မှာ အုပ်စုဖွဲ့ထိပ်တိုက်ရင်ဆိုင်မှုများကို စေ့ဆော်ခြင်း၊ ကွဲပြား၍ထိပ်တိုက်ဖြစ်မှုကို ဖန်တီးခြင်း ဖြစ်ကြောင်း၊ ပဋိပက္ခများကို လွှဲပြောင်းခြင်းကို ရပ်တန့်ရန်၊ အခြားသူအပေါ် အပြစ်ပုံချခြင်းကို ရပ်တန့်ရန်၊ ကမ္ဘာ့နေရာဒေသအသီးသီးတွင် ပဋိပက္ခနှင့် စစ်ပွဲများ ဖန်တီးခြင်းကို ရပ်တန့်ရန် တရုတ်နိုင်ငံက အမေရိကန်ကို ထပ်မံတိုက်တွန်းကြောင်း ဖုချုံးက အလေးထားပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
中国代表就乌克兰危机提出三点主张
新华社联合国2月24日电 中国常驻联合国代表傅聪24日在安理会审议乌克兰问题时表示,乌克兰危机延宕已有四年,当前局势发展走到了关键路口。越是到了关键时刻,越需要坚定信心,加大努力。就乌克兰危机,中方有以下主张:
第一,坚定推进政治解决。历史反复证明,军事手段无法带来持久和平,任何冲突最终只能通过谈判解决,乌克兰危机也不例外。当前,主要各方立场虽不尽相同,但都认可政治解决大方向,都希望达成一份全面、持久、有约束力的和平协议。中方呼吁当事方抓住积极势头,展现政治意愿,不断积累共识,继续朝着政治解决危机、实现持久和平的方向努力。
第二,坚定维护共同安全。这场危机表明,安全是相互的,一国的安全不能建立在别国的不安全之上,地区安全不能以强化甚至扩张军事集团来保障。俄罗斯、乌克兰和欧洲各国都是搬不走的邻居,和睦相处是唯一现实选择。中方呼吁相关各方摒弃冷战思维和阵营对抗,践行共同、综合、合作、可持续的安全观,重视和解决彼此合理安全关切,推动构建均衡、有效、可持续的地区安全架构。
第三,坚定管控外溢影响。危机持续外溢,让本已负重前行的全球经济雪上加霜。中方呼吁国际社会共同努力,就粮食、能源、金融、贸易以及保护关键基础设施等问题加强合作,维护全球产供链稳定畅通。中方反对把世界经济政治化、工具化,反对滥施单边制裁和“长臂管辖”,这些行为不但解决不了问题,反而会制造出新的问题。
傅聪说,中方在乌克兰问题上的立场一以贯之,始终以“四个应该”为根本遵循。过去四年,中方坚持客观公正,为和平奔走、为促谈努力。中方愿同国际社会一道,为危机早日政治解决发挥建设性作用。
就美国代表在发言中再次对中方进行污蔑抹黑,傅聪指出,中国不是乌克兰危机的制造者,也不是当事方。中方在乌克兰问题上的立场坦坦荡荡、一以贯之,那就是呼吁停火止战、坚持劝和促谈。中方的努力国际社会有目共睹。中方没有向冲突任何一方提供致命性武器,始终严格管控军民两用物项的出口。作为全球重要的生产大国、贸易大国、消费大国,中国同俄罗斯、乌克兰、欧洲以及美国都保持着正常的经贸往来。这些往来遵循市场和商业原则,不违反安理会决议,无可厚非,不容指摘。
傅聪强调,一段时间以来,美国利用各种场合编造各种借口和谎言,持续对中国进行攻击抹黑,这是赤裸裸的政治操弄。其目的就在于挑动阵营对立,制造分裂对抗。中方再次敦促美国停止转移矛盾,停止甩锅推责,停止在世界各地制造冲突与战争。(完)
1. 2025年12月9日,在纽约联合国总部,中国常驻联合国代表傅聪在“全球治理之友小组”启动会议上发言。新华社记者 张凤国 摄
