China
ဖုဟွာနှင့် နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ရာသက်ပန် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Thomas Bach တွေ့ဆုံဆွေးနွေး
လူဆားနီး၊ ဆွစ်ဇာလန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ဖုဟွာသည် ဖေဖော်ဝါရီ ၂၅ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ လူဆားနီးမြို့၌ နိုင်ငံတကာ အိုလံပစ်ကော်မတီ (IOC) ရာသက်ပန် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Thomas Bach နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဖုဟွာက Thomas Bach သည် ၂၀၁၉ ခုနှစ်တွင် ဆင်ဟွာသတင်းဌာနသို့ လာရောက်ပြီး ဆင်ဟွာသတင်းဌာနသည် IOC ၏ အသိအမှတ်ပြုခြင်းခံရသည့် နိုင်ငံတကာသတင်းဌာနဖြစ်ကြောင်း ကြေညာခဲ့ရာ ဆင်ဟွာသတင်းဌာန၏ ကျွမ်းကျင်မှုအဆင့်နှင့် တစ်ကမ္ဘာလုံးသက်ရောက်မှုအပေါ် များစွာ အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း၊ လတ်တလောနှစ်ပိုင်းတွင် နိုင်ငံတကာသတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာနသည် တိုကျို အိုလံပစ်အားကစားပြိုင်ပွဲ၊ ပေကျင်း ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ၊ ပဲရစ် အိုလံပစ်အားကစားပြိုင်ပွဲနှင့် မကြာသေးမီကမှ ကျင်းပပြီးစီးခဲ့သည့် မီလန် ဆောင်းရာသီ အိုလံပစ်အားကစားပြိုင်ပွဲ စသည့် အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်များစွာ သတင်းတင်ဆက်မှုကို အောင်မြင်စွာ လုပ်ဆောင်ခဲ့ကြောင်း၊ အနာဂတ်တွင် ဆင်ဟွာသတင်းဌာနအနေဖြင့် IOC နှင့်အတူ ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစွာဆောင်ရွက်ပြီး ပိုမိုများပြားသော နွေးထွေးသက်ဝင်မှုရှိသော အားကစားအကြောင်းအရာများကို အတူဖော်ဆောင်ကာ အိုလံပစ်စိတ်ဓာတ်နှင့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အယူအဆအား တစ်ကမ္ဘာလုံး၌ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိခြင်းကို တွန်းအားပေးဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Thomas Bach က ဖုဟွာထံသို့ အိုလံပစ်ပြတိုက်အတွင်းရှိ အိုလံပစ်အားကစား၏ ဖွံ့ဖြိုးတိုးတက်မှုသမိုင်းအား မိတ်ဆက်ပြောကြားခဲ့ပြီး ၂၀၀၈ ခုနှစ် ပေကျင်း အိုလံပစ်အားကစားပြိုင်ပွဲ စသည့် တရုတ်နိုင်ငံနှင့် စပ်လျဉ်းသော အဖိုးတန်ပြခန်းပစ္စည်းများကို ပြသခဲ့သည်။ ဆင်ဟွာသတင်းဌာနသည် အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်များစွာ၏ သတင်းတင်ဆက်မှုကို အောင်မြင်စွာလုပ်ဆောင်ခဲ့ခြင်း၊ နိုင်ငံတကာဖြန့်ချိမှုအားသာချက်ဖြင့် အိုလံပစ်အားကစား အကြောင်းအရာများအား ကောင်းမွန်စွာ တင်ဆက်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း၊ ဆင်ဟွာသတင်းဌာနသည် IOC ၏ များစွာယုံကြည်ခြင်းခံရသည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဖြစ်ကြောင်း၊ အနာဂတ်တွင် နှစ်ဖက်အနေဖြင့် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်နက်ရှိုင်းစွာဖော်ဆောင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————-
(Chinese Version)
傅华会见国际奥委会终身名誉主席巴赫
新华社瑞士洛桑2月25日电(记者丁英华 褚怡)新华社社长傅华25日在瑞士洛桑会见国际奥委会终身名誉主席巴赫。
傅华表示,2019年巴赫到访新华社并宣布新华社成为国际奥委会认可的国际通讯社,是对新华社专业水准与全球影响力的高度认可。近年来,作为国际通讯社,新华社圆满完成了东京奥运会、北京冬奥会、巴黎奥运会及刚刚落幕的米兰冬奥会等多届奥运会报道。未来,新华社愿与国际奥委会持续深化合作,共同挖掘更多动人体育故事,推动奥林匹克精神与人类命运共同体理念在全球广泛传播。
巴赫向傅华介绍了奥林匹克博物馆内关于奥林匹克运动的发展历史,展示了2008年北京奥运会等与中国有关的珍贵展品。他对新华社圆满完成多届奥运会报道、凭借国际传播优势讲好奥运故事致以谢意,并表示新华社是国际奥委会高度信任的合作伙伴,期待未来双方继续深化紧密合作。(完)
图说:2月25日,新华社社长傅华在瑞士洛桑会见国际奥委会终身名誉主席巴赫。这是傅华和巴赫在奥林匹克博物馆看奥运奖牌。 新华社记者 连漪 摄
