Connect with us

China

တရုတ်ကွန်မြူနစ်ပါတီ (CPC)နှင့် တရုတ်ကူမင်တန်ပါတီ (KMT) Think tank ဖိုရမ် ပေကျင်းမြို့တွင် ကျင်းပ

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးသုတေသနစင်တာနှင့် တရုတ်ကူမင်တန်ပါတီ (KMT) အမျိုးသားမူဝါဒရေးရာသုတေသနဖောင်ဒေးရှင်းတို့ အတူတကွ ကြီးမှူးကျင်းပသော CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်ကို ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ စုန့်ထောင်းက ဖွင့်ပွဲအခမ်းအနား၌ အမှာစကားပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးသုတေသနစင်တာနှင့် တရုတ်ကူမင်တန်ပါတီ (KMT) အမျိုးသားမူဝါဒရေးရာသုတေသနဖောင်ဒေးရှင်းတို့ အတူတကွ ကြီးမှူးကျင်းပသော CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်ကို ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

အဆိုပါဖိုရမ်ကို “ရေလက်ကြား နှစ်ဖက် ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ရှေ့အလားအလာ” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခြင်းဖြစ်ရာ CPC နှင့် KMT ပါတီနှစ်ရပ်မှ Think tank ပညာရှင်များနှင့် ရေလက်ကြားနှစ်ဖက်ကမ်းရှိ ခရီးသွားလာရေး၊ စက်မှုလုပ်ငန်း၊ သိပ္ပံနည်းပညာ၊ ဆေးကုသရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့်နယ်ပယ်များမှ ကိုယ်စားလှယ်၊ ကျွမ်းကျင်ပညာရှင် စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ စုန့်ထောင်းက ဖွင့်ပွဲအမှာစကားပြောကြားရာတွင် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က မစ္စ ကျိန့်လိဝန်အား တရုတ်ကူမင်တန်ပါတီ (KMT) ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ပါတီနှစ်ရပ် ဆက်ဆံရေးနှင့် ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံရေး တိုးတက်စေရန်အတွက် ဦးတည်ချက်များကို ရှင်းလင်းစွာ လမ်းညွှန်ခဲ့ကြောင်း၊ CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်သည် ပါတီနှစ်ရပ်ခေါင်းဆောင်များအပြန်အလှန်ပေးပို့ခဲ့သော ဂုဏ်ပြုသဝဏ်လွှာနှင့် ပြန်စာသဝဏ်လွှာများ၏ စိတ်ဓာတ်ကို အကောင်အထည်ဖော်သော လက်တွေ့လုပ်ဆောင်ချက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပါတီနှစ်ရပ်အနေဖြင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အခိုင်အမာလက်ကိုင်ထားခြင်း၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ကို ဆန့်ကျင်ခြင်း ဟူသော ဘုံနိုင်ငံရေးအခြေခံကို မယိမ်းမယိုင်ထားရှိကာ ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးကို မှန်ကန်သည့် ဦးတည်ချက်ဆီသို့ ဦးဆောင်ရမည် ဖြစ်ကြောင်း၊ ပေါင်းစည်းဖွံ့ဖြိုးတိုးတက်ရေးကို နက်ရှိုင်းစေရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူကို ဗဟိုပြု၍ သွေးချင်းများ ချစ်ခင်ရင်းနှီးမှုနှင့် အကျိုးစီးပွားကို တိုးမြှင့်ကာ ထိုင်ဝမ်မွေးချင်းများ အပါအဝင် တရုတ်ပြည်သူတစ်ရပ်လုံး ပိုမိုကောင်းမွန်သော ဘဝကို ရရှိစေရန် ခိုင်ခိုင်မာမာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ကို အခိုင်အမာ ဆန့်ကျင်ကာ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်ထိန်းသိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့သည် “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ခေါင်းမာသူများနှင့် ၎င်းတို့၏ကြံရာပါများအပေါ် တိုက်ဖျက်ရန် လက်တွန့်မည်မဟုတ်သလို “ထိုင်ဝမ်ဖြင့် တရုတ်နိုင်ငံကို ဟန့်တားရန်” စိတ်ကူးယဉ်ကြံစည်သည့် ပြည်ပအင်အားကို လုံးဝဥဿုံ သည်းညည်းခံမည် မဟုတ်ကြောင်း၊ ရေလက်ကြားနှစ်ဖက်သွေးချင်းများသည် အမျိုးသားရေး တာဝန်ဝတ္တရားများကို ရဲဝံ့စွာ ထမ်းဆောင်ရမည် ဖြစ်သလို နိုင်ငံပေါင်းစည်းရေး၊ အမျိုးသားပြန်လည်အားသစ်လောင်းရေး၏ ပါဝင်သူ၊ အကျိုးဆောင်သူနှင့် အကျိုးခံစားသူအဖြစ် ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်ရေးအောင်မြင်မှုရလဒ်များကို မျှဝေကာ ခေတ်ကာလကောင်း၏ ဂုဏ်ကျက်သရေကို အတူဖန်တီးသွားရမည် ဖြစ်ကြောင်း စုန့်ထောင်း အလေးထားပြောကြားခဲ့သည်။

တရုတ်ကူမင်တန်ပါတီ (KMT) ဒုတိယ ဥက္ကဋ္ဌ ရှောင်းရွှိချန်က အမှာစကား ပြောကြားရာတွင် ရေလက်ကြားနှစ်ဖက်စလုံးသည် တရုတ်လူမျိုးများ၊ ယန်နှင့် ဟွမ် ဧကရာဇ်တို့၏ သားစဉ်မြေးဆက်များ ဖြစ်ကြရာ အပြန်အလှန် ကူညီဖေးမကာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တရုတ်နိုင်ငံ အမျိုးသားအားသစ်လောင်းရေးအတွက် အားထားဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
ထိုင်ဝမ်ပြည်သူများ၏ စစ်မှန်သောသဘောထားမှာ တရုတ်ပြည်မကြီးအား ပိုမိုသိရှိလိုပြီး တရုတ်ပြည်မကြီးနှင့် ပို၍ လက်တွေ့ကျစွာ ထိတွေ့ဆက်ဆံလိုရုံသာမက ရေလက်ကြားနှစ်ဖက်ဒေသအကြား ညှိနှိုင်းဆွေးနွေးသည့်လမ်းကြောင်းကို ထိန်းသိမ်းခြင်းလည်း အပါအဝင် ဖြစ်ကြောင်း၊ ယခုအကြိမ် ဖိုရမ်သည် ပြည်သူ့အတွက် အသံပြုခြင်း၊ ပြည်သူတို့၏ အကျိုးစီးပွားကို ဖော်ဆောင်သည့် ရေလက်ကြားနှစ်ဖက်ညှိနှိုင်းဆွေးနွေးမှု ပလက်ဖောင်းဖြစ်ကြောင်း၊ ရေလက်ကြားနှစ်ဖက်ဒေသအနေဖြင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အခိုင်အမာလက်ကိုင်ထားခြင်း၊ “ထိုင်ဝမ်သီးခြားရပ်တည်ရေး” ကို ဆန့်ကျင်ခြင်း ဟူသော ဘုံနိုင်ငံရေးအခြေခံပေါ်တွင် သဟဇာတဖြစ်၍ သင့်မြတ်စွာ ပေါင်းစည်းရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းရန်၊ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရန်၊ ကမ္ဘာ့အလယ်တွင် တရုတ်လူမျိုးများ ခေါင်းမော့ရင်ကော့ကာ ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်ဒေသ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအသင်း တည်ထောင်သူ ဥက္ကဋ္ဌ ရောင်တာ့ကွမ်း၊ တရုတ်နိုင်ငံ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး သုတေသနအကယ်ဒမီ ဉာဏ်ရည်တုကဏ္ဍသုတေသနဌာန၏ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန ညွှန်ကြားရေးမှူး ရွှီဆန်း၊ ထိုင်ကျုံးမြို့ တိကျမှုမြင့်မားသောစက်ယန္တရားစက်မှုဥယျာဉ် ထုတ်လုပ်သူများအသင်း ဥက္ကဋ္ဌဟောင်း ချန်ရုန်ဖုန်း၊ တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် စွမ်းအင် သုတေသနဌာန ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စင်တာ ညွှန်ကြားရေးမှူး ကျောက်ရုန်ချန်တို့က ဖိုရမ်တွင် ခေါင်းစဉ်ကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါဖိုရမ်သို့ တက်ရောက်သူများက ရေလက်ကြားနှစ်ဖက်ဒေသ ခရီးသွား ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်ထုတ်လုပ်မှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပတ်ဝန်းကျင်နှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဟူသော အကြောင်းအရာ သုံးခုအား ထဲထဲဝင်ဝင် နှီးနှောဖလှယ်ခဲ့ကြရာ ကဏ္ဍ ၅ ရပ်၏ ဘုံသဘောထား ၁၅ ချက်ကို အဆိုပြုခဲ့သည်။
ဖိုရမ်သို့ တက်ရောက်ကြသူများက CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်၏ အပြုသဘောဆောင်သည့်အနက်အဓိပ္ပါယ်နှင့် အရေးကြီးသည့်အခန်းကဏ္ဍကို အထူးအသိအမှတ်ပြုခဲ့ကြရာ CPC နှင့် KMT ပါတီနှစ်ရပ် အနေဖြင့် ကောင်းမွန်သော အပြန်အလှန်ဆက်သွယ်တုံ့ပြန်မှုများကို ထားရှိခြင်းသည် ရေလက်ကြားနှစ်ဖက် ကူးလူးဖလှယ်ရေးနှင့် ပူပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန် အကျိုးပြုသလို ရေလက်ကြားနှစ်ဖက်ပြည်သူများ၏ အကျိုးစီးပွားကို တည်ဆောက်ပေးသည်ဟု ယူဆကြသည်။ ရေလက်ကြားနှစ်ဖက် နယ်ပယ်အသီးသီးအနေဖြင့် ရေလက်ကြားနှစ်ဖက်ဒေသဆက်ဆံမှု ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို အတူတကွ ကြိုးပမ်းပြီး အတားအဆီးများကို ပယ်ဖျက်ကာ ရေလက်ကြားနှစ်ဖက် ကဏ္ဍစုံဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန်အတွက် အခြေအနေများ ဖန်တီးကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေးသုတေသနစင်တာနှင့် တရုတ်ကူမင်တန်ပါတီ (KMT) အမျိုးသားမူဝါဒရေးရာသုတေသနဖောင်ဒေးရှင်းတို့ အတူတကွ ကြီးမှူးကျင်းပသော CPC နှင့် KMT ပါတီနှစ်ရပ် Think tank ဖိုရမ်ကို ဖေဖော်ဝါရီ ၃ ရက်က ပေကျင်းမြို့တွင် ကျင်းပရာ တရုတ်ကူမင်တန်ပါတီ (KMT) ဒုတိယ ဥက္ကဋ္ဌ ရှောင်းရွှိချန်က ဖွင့်ပွဲအခမ်းအနား၌ အမှာစကား ပြောကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
国共两党智库论坛在京举行
新华社北京2月3日电(记者王承昊、尚昊)由中共中央台办海峡两岸关系研究中心与中国国民党国政研究基金会共同主办的国共两党智库论坛3日在京举行。论坛以“两岸交流合作前瞻”为主题,国共两党智库人员及两岸旅游、工业、科技、医疗、环保等界别代表人士、专家学者100余人出席。
中共中央台办主任宋涛在开幕式致辞表示,习近平总书记致电祝贺郑丽文女士当选中国国民党主席,为两党关系和两岸关系发展指明了方向。举办国共两党智库论坛是落实两党领导人贺复电精神的具体举措。两党要毫不动摇坚持“九二共识”、反对“台独”共同政治基础,引领两岸关系发展正确方向;要深化融合发展,促进两岸交流合作;要坚持以人为本,增进同胞亲情福祉,让包括台湾同胞在内的全体中国人过上更好的日子;要坚决反对“台独”,维护台海和平稳定。宋涛强调,我们打击“台独”顽固分子及其打手帮凶决不手软,对妄图“以台遏华”的外部势力决不容忍。两岸同胞要勇担民族大义,做国家统一、民族复兴的参与者、贡献者和受益者,共享发展成果,共创盛世荣光。
中国国民党副主席萧旭岑致辞表示,两岸同属中华民族、都是炎黄子孙,应该互助合作,致力振兴中华。真实的台湾民心,不只反映在渴望更认识大陆、更实际接触大陆,还包括期望两岸之间能维持沟通管道,此次论坛就是为民发声、为民兴利的两岸沟通平台。期许两岸在坚持“九二共识”、反对“台独”的共同政治基础上,和谐交融,互利共荣,和平发展,让中华民族在全世界面前抬头挺胸。
台湾海峡两岸旅行发展协会创会理事长姚大光、中国信息通信研究院人工智能研究所国际发展部主任许珊、台中市精密机械园区厂商协进会前理事长陈永丰、国家发展改革委能源研究所可再生能源中心主任赵勇强在论坛上作了专题发言。
与会人士围绕两岸旅游交流合作、产业交流合作、环境与永续发展交流合作三项议题进行深入研讨,提出五方面15条共同意见。与会人士高度肯定举办国共两党智库论坛的积极意义和重要作用,认为国共两党保持良性互动有利于深化两岸交流合作,造福两岸人民,呼吁两岸各界共同努力推动两岸关系和平发展,破除障碍,为深化两岸各领域交流合作创造条件。(完)
1. 2月3日,由中共中央台办海峡两岸关系研究中心与中国国民党国政研究基金会共同主办的国共两党智库论坛在北京举行。这是中共中央台办主任宋涛在开幕式上致辞。 新华社记者 陈晔华 摄
2. 2月3日,由中共中央台办海峡两岸关系研究中心与中国国民党国政研究基金会共同主办的国共两党智库论坛在北京举行。这是中国国民党副主席萧旭岑在开幕式上致辞。 新华社记者 陈晔华 摄