China
ဝမ်ရိနှင့် ကျူးဘားပါတီနှင့် အစိုးရ အထူးသံတမန်၊ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla တို့ တွေ့ဆုံဆွေးနွေး
ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျူးဘားပါတီနှင့် အစိုးရ အထူးသံတမန်၊ ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Bruno Rodriguez Parrilla နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ဦးစွာ ရဲဘော် Raúl နှင့် သမ္မတ Diaz-Canel အတွက် သမ္မတ ရှီကျင့်ဖိန်၏ နွေးထွေးသော နှုတ်ခွန်းဆက်စကားကို Rodriguez မှတစ်ဆင့် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကျူးဘား၏ နိုင်ငံအချုပ်အခြာအာဏာနှင့် လုံခြုံရေးကို ထိန်းသိမ်းကာကွယ်ခြင်းအပေါ် အခိုင်အမာ ထောက်ခံကြောင်း၊ ပြင်ပ အင်အားစု၏ ဆင်ခြင်မဲ့ ဝင်ရောက်စွက်ဖက်ခြင်းကို ကန့်ကွက်ကြောင်း၊ ကျူးဘားနိုင်ငံနှင့်အတူ နှစ်နိုင်ငံ ခေါင်းဆောင်တို့ ရရှိထားသော သဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ လက်လှမ်းမီသမျှ ဆက်လက်ကူညီထောက်ပံ့ပေးသွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Rodriguez က သမ္မတ ရှီကျင့်ဖိန်အတွက် ရဲဘော် Raúl နှင့် သမ္မတ Diaz-Canel ၏ ရင်းနှီးစွာ နှုတ်ခွန်းဆက်သမှုကို ဝမ်ရိမှတစ်ဆင့် ပြောကြားခဲ့ပြီး ကျူးဘားနှင့် တရုတ်တို့သည် ညီအစ်ကို၊ ရဲဘော်ရဲဘက် ဖြစ်ကြကြောင်း၊ ကျူးဘားနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်တို့ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ရန်၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
王毅同古巴党和政府特使、古共中央政治局委员、外交部长罗德里格斯会谈
新华社北京2月5日电 中共中央政治局委员、外交部长王毅5日在北京同古巴党和政府特使、古共中央政治局委员、外交部长罗德里格斯举行会谈。
王毅请罗德里格斯转达习近平主席对劳尔同志和迪亚斯-卡内尔主席的亲切问候。王毅表示,中方坚定支持古巴维护国家主权和安全,反对外部势力无理干涉。愿同古方落实好两国元首共识,继续提供力所能及的支持和帮助。
罗德里格斯请王毅转达劳尔大将和迪亚斯-卡内尔主席对习近平主席诚挚问候,表示古中是兄弟和同志,古方愿同中方落实好两国元首重要共识,加强各领域合作。(完)
图说:2月5日,中共中央政治局委员、外交部长王毅在北京同古巴党和政府特使、古共中央政治局委员、外交部长罗德里格斯举行会谈。新华社记者 李鑫 摄
