Connect with us

China

ဖူကျန့်တောင်ပိုင်းပင်လယ်ပြင်တွင် ၂၀ မဂ္ဂါဝပ် ကမ်းလွန်လေအားလျှပ်စစ်တာဘိုင်ယူနစ်ကို လျှပ်စစ်ကွန်ရက်နှင့် အောင်မြင်စွာ ချိတ်ဆက်ကာ လျှပ်စစ်ထုတ်လုပ်မှု စတင်

တရုတ်နိုင်ငံ ဖူကျန့်တောင်ပိုင်းပင်လယ်ပြင်တွင် ၂၀ မဂ္ဂါဝပ် ကမ်းလွန်လေအားလျှပ်စစ် ယူနစ်နှင့် တန်ချိန် ၂,၀၀၀ အလိုအလျောက် မြှင့်တင်နိုင်သော ကမ်းလွန်လေအားလျှပ်စစ် တပ်ဆင်ရေးပလက်ဖောင်းအား ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိူး၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဖူကျန့်တောင်ပိုင်းပင်လယ်ပြင်တွင် တပ်ဆင်ထားသော ၂၀ မဂ္ဂါဝပ် ကမ်းလွန်လေအားလျှပ်စစ်တာဘိုင်ယူနစ်သည် ဖေဖော်ဝါရီလ ၅ ရက်တွင် စမ်းသပ်ချိန်ညှိမှုများ ပြီးစီးခဲ့ပြီး လျှပ်စစ်ကွန်ရက်နှင့် အောင်မြင်စွာ ချိတ်ဆက်ကာ လျှပ်စစ်ထုတ်လုပ်မှု စတင်ခဲ့သည်။
အဆိုပါ ၂၀ မဂ္ဂါဝပ် ကမ်းလွန်လေအားလျှပ်စစ်တာဘိုင်ယူနစ် တပ်ဆင်ခြင်း၊ စမ်းသပ်ချိန်ညှိခြင်းနှင့် ကွန်ရက်ချိတ်ဆက်ခြင်းတို့ ဆောင်ရွက်နိုင်ခဲ့ခြင်းသည် တရုတ်နိုင်ငံ၏ ဧရာမ စက်တပ်ဆင်စွမ်းရည်ရှိသော ဓာတ်အားပေးယူနစ်များကို သုတေသနပြုဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်ရေး၊ ပင်လယ်ပြင်ဆောက်လုပ်ရေးနှင့် လုပ်ငန်းလည်ပတ်စီမံရေး စွမ်းရည်များအနေဖြင့် အဆင့်သစ်တစ်ခုသို့ တက်လှမ်းရောက်ရှိခဲ့သည့် အမှတ်သင်္ကေတဖြစ်သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်တောင်ပိုင်းပင်လယ်ပြင်ရှိ ကမ်းလွန်လေအားလျှပ်စစ်ကွင်းပြင်တစ်နေရာကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

 

…………………
(Chinese Version)
20兆瓦海上风电机组在闽南海域成功并网发电
新华社照片,福州,2026年2月5日
2月5日,20兆瓦海上风电机组在闽南海域完成调试,成功并网发电。该20兆瓦海上风电机组吊装、调试、并网,标志着我国超大容量机组研发制造、海上施工及运营能力再上新台阶。
图说1:这是1月13日在闽南海域拍摄的20兆瓦海上风电机组和“大桥海风”号2000吨自升式海上风电安装平台(无人机照片)。 新华社记者 林善传 摄
图说2:这是1月13日拍摄的闽南海域海上风电场一角(无人机照片)。新华社记者 林善传 摄