Connect with us

China

ချုံချင့်မြို့ ရုံချွမ်းခရိုင်တွင် နှစ်သစ်ကူးကုန်စည် ယဉ်ကျေးမှုပွဲတော် ကျင်းပ

တရုတ်နိုင်ငံ ချုံချင့်မြို့၊ ရုံချွမ်းခရိုင်ရှိ ရှင်းလုံရေကန်ဥယျာဉ်တွင် မြို့ခံများ သံရည်ကြိုမီးပန်းဖျော်ဖြေမှု ကြည့်ရှုနေကြသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်နွေဦးနှစ်သစ်ကူး ကုန်စည်ယဉ်ကျေးမှုပွဲတော်ကို တရုတ်နိုင်ငံ ချုံချင့်မြို့၊ ရုံချွမ်းခရိုင်ရှိ ရှင်းလုံရေကန်ဥယျာဉ်တွင် ဖေဖော်ဝါရီ ၅ ရက်က စတင်ဖွင့်လှစ်ခဲ့သည်။ ယခုအကြိမ် ယဉ်ကျေးမှုပွဲတော်ကို “မြင်းစီးကာ နှစ်သစ်ကိုကြိုဆိုခြင်း၊ နှစ်သစ်ကူးကုန်စည်များဖြင့် မိသားစုဝင်များပြန်လည်ဆုံစည်းမှုကို ဂုဏ်ပြုခြင်း” ဟူသော ခေါင်းစဉ်ဖြင့် စီချွမ်းပြည်နယ်နှင့် ချုံချင့်မြို့မှ ကုမ္ပဏီလုပ်ငန်းပေါင်း ၁၀၀ နီးပါးကို စုစည်းပေးထားပြီး “အစားအစာ၊ အသုံးအဆောင်ပစ္စည်းများ၊ ဖျော်ဖြေရေးနှင့် ရှုစားခြင်း” စသည့် စားသုံးသူကဏ္ဍများစွာကို လွှမ်းခြုံပါဝင်ရာ မြို့ခံများအတွက် အမျိုးစုံလင်ကြွယ်ဝသော၊ ရွေးချယ်စရာ များပြားသော နှစ်သစ်ကူးကုန်စည်များအား တစ်နေရာတည်းတွင် ဝယ်ယူနိုင်သော ဝန်ဆောင်မှုကို ပေးဆောင်ခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့၊ ရုံချွမ်းခရိုင်ရှိ ရှင်းလုံရေကန်ဥယျာဉ်တွင် ရောင်းချသော နှစ်သစ်ကူးကုန်စည် သရေစာမုန့်များကို စိတ်ဝင်စားနေသော ကလေးငယ်တစ်ဦးအား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………..
(Chinese Version)
重庆永川举办年货文化节
新华社照片,重庆,2026年2月6日
2月5日,2026年新春“光影贺岁”年货文化节在重庆市永川区兴龙湖公园拉开帷幕。本次文化节以“策马迎新春 年货庆团圆”为主题,汇聚川渝两地近百家企业参展,涵盖“吃、用、玩、赏”等多个消费领域,为市民提供内容丰富、选择多样的一站式年货采购服务。
图说1:2月5日,在重庆市永川区兴龙湖公园,市民观看打铁花表演。 新华社记者 陈诚 摄
图说2:2月5日,在重庆市永川区兴龙湖公园,小朋友被售卖的年货小吃所吸引。新华社记者 陈诚 摄