Connect with us

China

ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် Laura Fernandez ရွေးကောက်တင်မြှောက်ခံရခြင်းအတွက် ဂုဏ်ပြုသဝဏ်လွှာပေးပို့

ကော်စတာရီကာနိုင်ငံ မြို့တော် San José တွင် ကျင်းပသော အောင်ပွဲခံ စုဝေးပွဲသို့ တက်ရောက်လာသော ကော်စတာရီကာ အချုပ်အခြာအာဏာ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း Laura Fernandez အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ကော်စတာရီကာနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် Laura Fernandez ထံ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။
ဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ကော်စတာရီကာ သံတမန်ဆက်ဆံရေး ထူထောင်သည့် ၁၈ နှစ်တာကာလတစ်လျှောက်တွင် နှစ်ဖက်ဆက်ဆံရေးသည် အရှိန်မြင့် ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ကဏ္ဍအသီးသီး ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝဖြစ်ထွန်းရာ နှစ်နိုင်ငံပြည်သူများ အကျိုးစီးပွားကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်-ကော်စတာရီကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုသည် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများ၏ အခြေခံအကျိုးစီးပွားနှင့် ကိုက်ညီမှုရှိသလို ယင်းမှာ ဖွံ့ဖြိုးတိုးတက်မှု၏ ယေဘုယျလမ်းကြောင်း၊ ပြည်သူများ၏စိတ်ဆန္ဒ ဖြစ်သည်ကို ဖြစ်ရပ်မှန်များက အပြည့်အဝ သက်သေပြုခဲ့ကြောင်း ဖော်ပြထားသည်။

ရှီကျင့်ဖိန်က မိမိသည် တရုတ်-ကော်စတာရီကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ Fernandez သမ္မတနှင့်အတူ မဟာဗျူဟာ ညှိနှိုင်းဆွေးနွေးမှုကို အားဖြည့်ရန်၊ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို နက်ရှိုင်းစေရန်၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို တက်ကြွစွာ မြှင့်တင်ရန်၊ တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို အခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးအား အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရန် ဦးဆောင်ကာ နှစ်နိုင်ငံပြည်သူများကို ပိုမိုကောင်းမွန်စွာ အကျိုးပြုပေးရန် ကြိုးပမ်းဆောင်ရွက်သွားလိုကြောင်း အလေးထား ဖော်ပြခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
习近平致电祝贺费尔南德斯当选哥斯达黎加总统
新华社北京2月7日电 2月5日,国家主席习近平向劳拉·费尔南德斯致贺电,祝贺她当选哥斯达黎加共和国总统。
习近平指出,中哥建交18年来,双边关系快速发展,各领域交流合作成果丰硕,有力增进两国人民福祉。事实充分证明,中哥关系发展符合两国和两国人民根本利益,是大势所趋、人心所向。
习近平强调,我高度重视中哥关系发展,愿同费尔南德斯总统一道努力,加强战略沟通,深化政治互信,积极推进各领域合作,引领两国关系在一个中国原则的基础上不断发展,更好造福两国人民。(完)
图说:2月1日,哥斯达黎加主权人民党总统候选人劳拉·费尔南德斯在首都圣何塞参加胜选集会。新华社发(弗朗西斯科·卡涅多摄)