Connect with us

China

နိုင်ငံအများအပြားက တရုတ်တစ်နိုင်ငံတည်းမူကို အခိုင်အမာလက်ကိုင်ထားသော ရပ်တည်ချက်အား ထပ်လောင်းပြောကြား

ပေကျင်း၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

နိုင်ငံအများအပြားမှ အစိုးရများနှင့် နိုင်ငံရေးပုဂ္ဂိုလ်များသည် လတ်တလောတွင် တရုတ်တစ်နိုင်ငံတည်းမူကို အခိုင်အမာလက်ကိုင်ထားသော ရပ်တည်ချက်အား အလေးအနက်ထားပြောကြားခဲ့ပြီး တရုတ်နိုင်ငံ၏ ပြည်တွင်းရေးတွင် ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုကို ကန့်ကွက်ကြောင်း စဉ်ဆက်မပြတ် ထုတ်ဖော်ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tahir Andrabi က ပါကစ္စတန်နှင့် တရုတ်နိုင်ငံတို့သည် သံမဏိပမာခိုင်မြဲသော မိတ်ဆွေများဖြစ်သလို အချိန်အခါမရွေး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ အဓိကကျသော အကျိုးစီးပွားနှင့် ပတ်သက်သည့် ကိစ္စရပ်အားလုံးတွင် ပါကစ္စတန်သည် တရုတ်နိုင်ငံအား အစဉ်အမြဲ ခိုင်မာစွာ ထောက်ခံကြောင်း ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ပါကစ္စတန်က အစဉ်အမြဲ ယူဆပြီး တရုတ်တစ်နိုင်ငံတည်းမူကို ဆက်လက်ခိုင်မာစွာ ထောက်ခံကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာ ကျင့်သုံးကြောင်း အလေးအနက်ထား ထပ်လောင်းပြောကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ဘင်္ဂလားဒေ့ရှ်-တရုတ် နှစ်နိုင်ငံဆက်ဆံရေးကို အထူးအလေးထားကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မော်လ်ဒိုက်နိုင်ငံခြားရေးဝန်ကြီးဌာနက မော်လ်ဒိုက်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာလိုက်နာကျင့်သုံးကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ဂျီဘူတီနိုင်ငံအစိုးရသည် တရုတ်နိုင်ငံ၏ ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ရပ်တည်ချက်ကို ခိုင်မာစွာထောက်ခံကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူကို ခိုင်မာစွာထောက်ခံကြောင်း၊ နိုင်ငံပေါင်းစည်းရေးရရှိရန် တရုတ်နိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုအားလုံးကို အခိုင်အမာ ထောက်ခံကြောင်း၊ “တရုတ်နှစ်နိုင်ငံ” သို့မဟုတ် “တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံ” ဖန်တီးရန် ကြိုးပမ်းမှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း ဂျီဘူတီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား အမျိုးသားလုံခြုံရေးအကြံပေး Wi Sung-lac က တောင်ကိုရီးယားအစိုးရ၏ ရပ်တည်ချက်မှာ တရုတ်တစ်နိုင်ငံတည်းမူကို လေးစားခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ထပ်လောင်းပြောကြားခဲ့သည်။
တာဂျစ်ကစ္စတန်ပြည်သူ့ဒီမိုကရက်တစ်ပါတီ၏ ပထမ ဒုတိယဥက္ကဋ္ဌ Nematzoda Maliksho က တာဂျစ်ကစ္စတန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကောကျိကျွင်းနှင့် တွေ့ဆုံစဉ် ထိုင်ဝမ်သည် တရုတ်နယ်မြေပိုင်နက် ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တာဂျစ်ကစ္စတန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူကို အခိုင်အမာလိုက်နာကာ တရုတ်နိုင်ငံ ပြည်တွင်းရေးအား ပြင်ပအင်အားစုများ ဝင်ရောက်စွက်ဖက်မှုမှန်သမျှကို ဆန့်ကျင်ကြောင်း ပြောကြားခဲ့သည်။
ဗဟိုအာဖရိကသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက ကြေညာချက်ထုတ်ပြန်၍ တရုတ်တစ်နိုင်ငံတည်းမူသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယေဘုယျသဘောတူညီချက်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ဗဟိုအာဖရိကသည် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်ကို ခိုင်မာစွာထောက်ခံပြီး တရုတ်နိုင်ငံက ဥပဒေနှင့်အညီ လိုအပ်သော တန်ပြန်ဆောင်ရွက်မှုများ လုပ်ဆောင်ခြင်းကို နားလည်ကာ ယင်းမှာ နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်ရန် တရားမျှတသောလုပ်ရပ်တစ်ခုဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြခဲ့သည်။
လစ်ဗျားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်၍ တရုတ်တစ်နိုင်ငံတည်းမူကို လက်ကိုင်ထားကြောင်း ထပ်လောင်းပြောကြားပြီး အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် ပုံစံမှန်သမျှကို ခိုင်မာစွာ ဆန့်ကျင်ခဲ့သည်။ (Xinhua)

……………………….
(Chinese Version)
综合消息|多国重申坚持一个中国原则的立场
新华社北京1月2日电 综合新华社驻外记者报道:多国政府、政要近日持续发声,强调坚持一个中国原则的立场,反对任何外部势力干涉中国内政。
巴基斯坦外交部发言人塔希尔·安德拉比在例行记者会上说,巴基斯坦和中国是铁杆朋友和全天候战略合作伙伴,在所有涉及中国核心利益的问题上,巴方始终坚定支持中方。巴方始终认为台湾是中国不可分割的一部分,将继续坚定奉行一个中国原则。
孟加拉国外交部发表声明,郑重重申孟方坚定奉行一个中国原则,并表示孟方高度重视孟中两国友好关系。
马尔代夫外交部重申,马方坚定奉行一个中国政策,承认中华人民共和国政府是代表全中国的唯一合法政府,台湾是中国领土不可分割的一部分。
吉布提外交部发表声明,表示吉政府坚定支持中国关于台湾问题的立场,坚决支持一个中国原则,坚决支持中方为完成国家统一的一切努力,坚决反对任何制造“两个中国”或“一中一台”的企图。
韩国国家安保室长魏圣洛2日重申,韩国政府的立场是尊重一个中国。
塔吉克斯坦人民民主党第一副主席涅马特佐达在会见中国驻塔吉克斯坦大使郭志军时表示,台湾是中国领土不可分割的一部分,塔方恪守一个中国原则,反对任何外部势力干涉中国内政。
中非共和国总理府发言人姆巴塔发表公开声明,强调一个中国原则是国际社会普遍共识。中非坚定支持中国在台湾问题上的正当立场,理解并支持中方依法采取必要反制措施,认为这是维护国家主权的正义之举。
利比亚外交部发表声明重申坚持一个中国原则,并坚决反对任何形式干涉他国内政的行为。(完)