Connect with us

China

ကွေ့ကျိုးပြည်နယ် လုန်လီခရိုင်တွင် ကျူးလစ်ပန်းများ ပွင့်လန်းကာ ခရီးသွားဧည့်သည့်များ လာရောက်ရှုစားရန် ကြိုဆိုနေ

တရုတ်နိုင်ငံ တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်နန် ပုရီးလူမျိုး၊ မြောင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုန်လီခရိုင် လုန်ကျာ့ဆန်း အမျိုးသားသစ်တောဥယျာဉ်အတွင်း ပန်းများ ရှုစား၍ လည်ပတ်သွားလာနေသော ခရီးသွားဧည့်သည့်များအား ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုန်လီ (ကွေ့ကျိုး)၊ မတ် ၁၃ ရက် (ဆင်ဟွာ)

မကြာသေးမီရက်တွင် တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်နန် ပုရီးလူမျိုး၊ မြောင် လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ လုန်လီခရိုင် လုန်ကျာ့ဆန်း အမျိုးသားသစ်တောဥယျာဉ်အတွင်း သောင်းနှင့်ချီသော ကျူးလစ်ပန်းများသည် အပြိုင်အဆိုင် ပွင့်လန်းကာ နေရာဒေသအသီးသီးမှ ခရီးသွားဧည့်သည်များ လာရောက်ရှုစားလည်ပတ်ရန် ဆွဲဆောင်လျက်ရှိသည်။
မကြာသေးမီနှစ်များတွင် လုန်လီခရိုင်သည် ၎င်း၏ ကောင်းမွန်သော ဂေဟစနစ်ပတ်ဝန်းကျင်နှင့် တည်နေရာ အားသာချက်များကို အမှီပြုလျက် “အလှအပစီးပွားရေး” ကို အားကောင်းစွာ ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ ရာသီအလိုက် ပန်းခင်းများစိုက်ပျိုးခြင်းနှင့် ခရီးသွားလုပ်ငန်း အခြေခံအဆောက်အအုံများ ပြည့်စုံကောင်းမွန်စေခြင်းဖြင့် လည်ပတ်ကြည့်ရှုခြင်း တစ်မျိုးတည်းမှ ဘက်စုံဝယ်ယူစားသုံးမှုသို့ အဆင့်မြှင့်တင်ရေးကို တွန်းအားပေးလုပ်ဆောင်ကာ “ပန်းအလှ ရှုစားခြင်း” စီးပွားရေးကဏ္ဍကို အားကောင်းသော စွမ်းအင်အဖြစ် ဖြည့်တင်းပေးခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
贵州龙里:郁金香开迎客来
新华社照片,龙里(贵州),2026年3月12日
近日,贵州省黔南布依族苗族自治州龙里县龙架山国家森林公园内的数万株郁金香竞相绽放,吸引各地游客前来游玩赏景。
近年来,龙里县依托良好的生态环境和区位优势,大力发展“美丽经济”,通过种植四季花海,完善旅游基础设施,推动单一观光向综合消费升级,为“赏花”经济注入强劲活力。
图说:游客在龙里县龙架山国家森林公园内赏花游玩(3月12日摄)。 新华社记者 陶亮 摄