Connect with us

China

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ အိမ်သုံးပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများပြပွဲ ရှန်ဟိုင်းတွင် ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံ ချုံချင့်မြို့ ထုန်နန်ခရိုင် ချုံခန်းပန်းပင်လယ် ရှုခင်းသာဧရိယာတွင် လှည့်ပတ်ကြည့်ရှုနေသော ခရီးသွားဧည့်သည့်များအား ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် တရုတ်နိုင်ငံ အိမ်သုံးပစ္စည်းနှင့် အီလက်ထရောနစ်ပစ္စည်းများပြပွဲ (AWE2026) ကို တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် မတ်လ ၁၂ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ ယခုအကြိမ် ပြပွဲကို “AI နည်းပညာဖြင့် စမတ်ကျစွာ အနာဂတ်ကို အတူခံစားခြင်း” ဟူသော ခေါင်းစဉ်ဖြင့် “ပြပွဲတစ်ခု၊ ပြခန်းနှစ်ခု” ဟူသော အသစ်အဆန်း ပုံစံကို ပထမဆုံးအကြိမ် အသုံးပြုထားသည်။ ပြပွဲ စုစုပေါင်းဧရိယာမှာ စတုရန်းမီတာ ၁၇၀,၀၀၀ ခန့်ရှိပြီး ပြည်တွင်းနှင့် ပြည်ပ ကုမ္ပဏီလုပ်ငန်းပေါင်း ၁,၂၀၀ ကျော် ပါဝင်ပြသရန် ဆွဲဆောင်ခဲ့သည်။

ယင်းအနက် ရှန်ဟိုင်း အရှေ့တိုင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ပြခန်းဧရိယာသည် “ကမ္ဘာလုံးဆိုင်ရာ ပထမဆုံး၊ တရုတ်နိုင်ငံအတွင်း တစ်ခုတည်းသော” အချိန်ခြားနားမှုမရှိသည့် စီးပွားရေးဇုန်တစ်ခုဖြစ်ပြီး ဖိတ်ကြားထားသော ပြည်ပမှ လူပုဂ္ဂိုလ်များသည် ဗီဇာမလိုဘဲ ဝင်ရောက်နိုင်ကာ ရက် ၃၀ ကြာ နေထိုင်ခွင့် ရှိရာ “လေယာဉ်မှ ဆင်းသည်နှင့် ပြပွဲသို့ ချက်ချင်းလာရောက်နိုင်ခြင်း” ကို အကောင်အထည်ဖော်နိုင်ပြီး နိုင်ငံတကာ ပြပွဲပါဝင်မှုနှင့် အပြန်အလှန် ဖလှယ်ရေးကို အလွန်ပင် လွယ်ကူချောမွေ့စေခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှန်ဟိုင်း အရှေ့တိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ပြခန်းဧရိယာတွင် စမတ်မျက်မှန်တပ်ဆင်၍ ယာဉ်ပျံ မြင်ကွင်းကျယ်ကို တွေ့ကြုံခံစားနေသော ပြပွဲလာရောက်ကြည့်ရှုသူကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်း အရှေ့တိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ပြခန်းဧရိယာတွင် ဖန်သားပြင်ကို ခေါက်သိမ်း၊ ဆန့်ထုတ်နိုင်သော လက်ပ်တော့ပ်ကွန်ပျူတာထုတ်ကုန်ရှေ့၌ ကြည့်ရှုနေကြသူများကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်း အရှေ့တိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် ပြခန်းဧရိယာတွင် ကြောင်လေးများအတွက် ထုတ်လုပ်ထားသော စမတ်အိမ်သာရှေ့၌ ဆွေးနွေးဖလှယ်နေကြသော ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)
上海:2026中国家电及消费电子博览会开幕
新华社照片,上海,2026年3月12日
3月12日,2026中国家电及消费电子博览会(AWE 2026)在上海开幕。本届展览以“AI科技 慧享未来”为主题,首次启用“一展双区”创新模式,总展览面积达17万平方米,吸引超过1200家国内外企业参展。其中东方枢纽展区是“全球首创、国内唯一”的零时差商务区,境外受邀人员可免签入境并停留30天,实现“下飞机即观展”,极大便利了国际参展与交流。
图说1:3月12日,参观者(右)在东方枢纽展区现场佩戴智能眼罩体验全景飞行器视角。 新华社记者 方喆 摄
图说2:3月12日,参观者在东方枢纽展区现场一款屏幕可伸缩的笔记本电脑产品前驻足观看。新华社记者 方喆 摄
图说3:3月12日,参观者在东方枢纽展区现场一款智能猫厕所产品前交流讨论。新华社记者 方喆 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.