Connect with us

China

ကျယ်ပြန့်လှသော နွေဦး မုန်ညင်းပန်း လွင်ပြင်

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အော်မေဆန်းမြို့ ကျိုလီမြို့နယ် ဝမ့်ကျားကျေးရွာရှိ မုန်ညင်းပန်းလယ်ကွင်းဘေးတွင် ခရီးသွားဧည့်သည်နှစ်ဦး စက်ဘီးစီးနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ မတ် ၁၇ ရက် (ဆင်ဟွာ)

နွေဦးကာလရောက်ချိန်ဝယ် တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ဒေသအသီးသီးက မုန်ညင်းပန်းများသည် ဝေဝေဆာဆာ ပွင့်လန်းလာကြပေသည်။ လူအများသည်လည်း လယ်ကွင်းသို့ သွားရောက်ကြပြီး ရွှေရောင်ပန်းပင်လယ်အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ သဘာဝတရားနှင့် ထိတွေ့ကာ နွေဦး အငွေ့အသက်များ လာရောက်ခံစားကြသည်။

မကြာသေးမီနှစ်များအတွင်း စီချွမ်းပြည်နယ် ဒေသအသီးသီးတွင် “ပန်းစီးပွားရေး” ကို အဓိကထားကာ ဂေဟစနစ်ခရီးသွားအပန်းဖြေစခန်းများရှိ ဝန်ဆောင်မှု အဆောက်အအုံများကို စဉ်ဆက်မပြတ် ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြပြီး ပန်းရှုစားခြင်း ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးနှင့် ခရီးသွားလုပ်ငန်းကို နက်နက်ရှိုင်းရှိုင်း ပေါင်းစည်း ဖော်ဆောင်ခြင်းဖြင့် နွေဦးရာသီ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍကို ပိုမိုစုံလင်လာစေရုံသာမက ကျေးလက်ဒေသရှိ စားသုံးမှု အားမာန်သစ်များကိုလည်း မြှင့်တင်ပေးခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အော်မေဆန်းမြို့ ဖူရှီးမြို့နယ်ရှိ အော်မေမြစ်တွင် ဘဲအုပ်တစ်အုပ် အစာရှာရေကူးနေကြပြီး ကမ်းစပ်တွင် ရွှေရောင် မုန်ညင်းပန်းများ ပွင့်နေသည်ကို ၂၀၂၆ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကွမ်အန်းမြို့ ကွမ်အန်းခရိုင် ဟွားကျောက်မြို့နယ်ရှိ မုန်ညင်းပန်းလယ်ကွင်းအတွင်း လည်ပတ်နေကြသော ခရီးသွားဧည့်သည်များကို ၂၀၂၆ ခုနှစ် မတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………..
(Chinese Version)
诗意中国丨平野菜花春
新华社照片,成都,2026年3月15日
春回大地,四川各地的油菜花次第盛开,人们纷纷走进田野,徜徉在金色花海中,亲近自然,感受春的气息。近年来,四川各地紧扣“花经济”,不断完善生态旅游休闲目的地的服务设施,围绕赏花主题推动农业与旅游深度融合,丰富了春日文旅供给,也激发了乡村消费新活力。
图说1:两名游客骑行在四川省峨眉山市九里镇汪家村的油菜花田旁(3月6日摄,无人机照片)。 新华社记者 江宏景 摄
图说2:在四川省峨眉山市符溪镇,一群鸭子在峨眉河中游动觅食,岸边是金黄的油菜花(3月4日摄)。
图说3:游客在四川省广安市广安区花桥镇油菜花田间赏花游玩(3月8日摄,无人机照片)。新华社发(张国盛摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.