Connect with us

China

တရုတ်နိုင်ငံက Yaogan-50 02 ဂြိုဟ်တု အောင်မြင်စွာ လွှတ်တင်

တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-6 သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တု Yaogan-50 02 ကို ဒေသစံတော်ချိန် မတ် ၁၅ ရက် ည ၉ နာရီ ၂၂ မိနစ်တွင် အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်မှုရရှိခဲ့သည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ မတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-6 သယ်ဆောင်ရေးဒုံးပျံကို အသုံးပြုပြီး အဝေးထိန်းအာရုံခံဂြိုဟ်တု Yaogan-50 02 ကို ဒေသစံတော်ချိန် မတ် ၁၅ ရက် ည ၉ နာရီ ၂၂ မိနစ်တွင် အာကာသအတွင်းသို့ အောင်မြင်စွာလွှတ်တင်ခဲ့ပြီး ဂြိုဟ်တုမှာ သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ အဆင်ပြေချောမွေ့စွာ ရောက်ရှိသွားကာ လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်ခဲ့သည်။
Yaogan-50 02 ဂြိုဟ်တုကို နိုင်ငံတော်မြေယာစစ်တမ်းကောက်ယူခြင်း၊ သီးနှံအထွက်နှုန်းခန့်မှန်းခြင်းနှင့် ဘေးအန္တရာယ်ကာကွယ်ရေးနှင့် လျှော့ချရေး စသည့် နယ်ပယ်များတွင် အဓိက အသုံးပြုမည်ဖြစ်သည်။
ယခုအကြိမ် မစ်ရှင်သည် Long March စီးရီး ပို့ဆောင်ရေးဒုံးပျံ၏ ၆၃၃ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)
…………………………..
(Chinese Version)
我国成功发射遥感五十号02星
新华社太原3月15日电(李国利、李宸)3月15日21时22分,我国在太原卫星发射中心使用长征六号改运载火箭,成功将遥感五十号02星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。
遥感五十号02星主要用于国土普查、农作物估产和防灾减灾等领域。
这次任务是长征系列运载火箭的第633次飞行。(完)
图说:3月15日21时22分,我国在太原卫星发射中心使用长征六号改运载火箭,成功将遥感五十号02星发射升空,卫星顺利进入预定轨道,发射任务取得圆满成功。 新华社发(尚宇航 摄)