China
တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို အမိအရ ယူကာ အပြန်အလှန် အကျိုးပြုသော ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန် အမေရိကန် ကုမ္ပဏီလုပ်ငန်းများကို ကြိုဆိုကြောင်း အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ဟယ်လိဖုန်း ပြောကြား
ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းက အမေရိကန်-တရုတ် စီးပွားရေးကောင်စီ (USCBC) ကိုယ်စားလှယ်အဖွဲ့နှင့် မတ် ၂၂ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဟယ်လိဖုန်းက တရုတ်-အမေရိကန် ဆက်ဆံရေးသည် ယနေ့ကမ္ဘာကြီးတွင် အရေးပါဆုံးသော နှစ်ဖက်ဆက်ဆံရေးဖြစ်ကြောင်း၊ USCBC အနေဖြင့် ပေါင်းကူးတံတားချိတ်ဆက်မှု အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်ကာ တရုတ်-အမေရိကန် ချစ်ကြည်ရင်းနှီးသော ကူးလူးဆက်ဆံရေးနှင့် ကုန်သွယ်စီးပွား ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားရန် မျှော်လင့်ကြောင်း၊ အမေရိကန် ကုမ္ပဏီလုပ်ငန်းများအနေဖြင့် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို အပြည့်အဝ လက်ကိုင်ထားကာ တရုတ်ဈေးကွက် အလားအလာများကို ကောင်းမွန်စွာ အသုံးချရန်၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေး ဆက်ဆံရေးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် အပြုသဘောဆောင်သော စွမ်းအင်များ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။
USCBC ဘုတ်အဖွဲ့ဥက္ကဋ္ဌ Rajesh Subramaniam ၊ USCBC ဥက္ကဋ္ဌ Sean Stein စသည်တို့က အမေရိကန် စက်မှုစီးပွားရေး နယ်ပယ်သည် တရုတ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအလားအလာကို အကောင်းမြင်ကြပြီး တရုတ်ဈေးကွက်တွင် လုပ်ငန်းများကို ဆက်လက်၍ ထဲထဲဝင်ဝင်လုပ်ဆောင်သွားရန်၊ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ရန်၊ အမေရိကန်-တရုတ် ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအား နက်ရှိုင်းစေရန် စဉ်ဆက်မပြတ်မြှင့်တင်လုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
何立峰会见美中贸易全国委员会代表团时指出 欢迎美国企业把握中国发展机遇 深化互利合作
新华社北京3月22日电 中共中央政治局委员、国务院副总理何立峰22日下午在京会见美中贸易全国委员会代表团。
何立峰表示,中美关系是当今世界最重要的双边关系。希望美中贸易全国委员会继续发挥桥梁纽带作用,促进中美友好交往和经贸关系平稳健康发展。希望美国企业充分把握中国发展机遇,利用好中国市场潜力,为中美经贸关系注入更多稳定性和正能量。
美中贸易全国委员会董事会主席芮思博、会长谭森等表示,美国工商界看好中国经济发展前景,愿继续深耕中国市场,发挥积极作用,持续推动深化美中经贸合作。(完)
图说:3月22日下午,中共中央政治局委员、国务院副总理何立峰在北京会见美中贸易全国委员会代表团。 新华社记者 岳月伟 摄
