Connect with us

China

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြည်တွင်း စက်သုံးဆီဈေးနှုန်းများအား ယာယီ ထိန်းညှိမှုအစီအမံများ ဆောင်ရွက်

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ချန်ကျိုးမြို့ရှိ ဆီဆိုင်တစ်ဆိုင်အတွင်း စနစ်တကျ ဆီဖြည့်နေကြသည့် မော်တော်ယာဉ်များအား ၂၀၂၆ ခုနှစ် မတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) က မတ် ၉ ရက် ပြည်တွင်း စက်သုံးဆီဈေးနှုန်းများ ချိန်ညှိပြင်ဆင်မှုများ ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန်၊ အစ္စရေးနှင့် အီရန် ပဋိပက္ခ သက်ရောက်မှုများ ပို၍ ဆိုးရွားလာရာ ကမ္ဘာ့ဈေးကွက် ရေနံစိမ်းဈေးနှုန်း များစွာ မြင့်တက်လာခဲ့ကြောင်း၊ ကမ္ဘာ့ရေနံဈေးနှုန်းများ ပုံမှန်မဟုတ် မြင့်တက်လာသည့် ရိုက်ခတ်မှုဒဏ်ကို ပြေလျော့စေရန်၊ Downstream User များ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်၊ စီးပွားရေးတည်ငြိမ်စွာ လည်ပတ်မှုနှင့် လူမှုဘဝများ သေချာစေရန်အလို့ငှာ လက်ရှိ ဈေးနှုန်းသတ်မှတ်ချက် ယန္တရား မူဘောင်အား ထိန်းသိမ်းထားသည့် အခြေခံပေါ်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများအား ယာယီ ထိန်းညှိမှုအစီအမံများ ဆောင်ရွက်လိုက်ကြောင်း မတ် ၂၃ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိဈေးနှုန်းသတ်မှတ်ချက်ယန္တရား၏ တွက်ချက်မှုများအရ မတ် ၂၃ ရက် ညဉ့်သန်းခေါင်ယံ ၂၄ နာရီမှစ၍ ပြည်တွင်း ဓာတ်ဆီ၊ ဒီဇယ်ဆီ ဈေးနှုန်း (စံချိန်မီထုတ်ကုန်) သည် တစ်တန်လျှင် ၂,၂၀၅ ယွမ်၊ ၂,၁၂၀ ယွမ် အသီးသီး တိုးမြှင့်သင့်သော်လည်း ထိန်းညှိပြီးနောက် လက်တွေ့တွင်မူ ၁,၁၆၀ ယွမ်၊ ၁,၁၁၅ ယွမ်သို့ အသီးသီး တိုးမြှင့်လိုက်ကြောင်း သိရသည်။

မကြာသေးမီနှစ်များတွင် စက်သုံးဆီဈေးနှုန်းများကို လက်ရှိယန္တရားအတိုင်း အစဉ်တစိုက်ချိန်ညှိခြင်း ဖြစ်ပြီး ယခုအကြိမ်မှာမူ ၂၀၁၃ ခုနှစ်တွင် လက်ရှိယန္တရား ကျင့်သုံးပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ထိန်းညှိခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံ၏ ယခုအစီအမံသည် ကမ္ဘာ့ရေနံဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာမှုကို တုံ့ပြန်ရန်အတွက် အချိန်မီထိရောက်စွာ ဆောင်ရွက်သည့် အစီအမံဖြစ်ရာ ပြည်တွင်း စီးပွားရေးတည်ငြိမ်စွာ လည်ပတ်ရေးကို အာမခံရန်အတွက် အရေးကြီးအခန်းကဏ္ဍမှ ပါဝင်ကြောင်း သက်ဆိုင်ရာ ပညာရှင်များက သုံးသပ်ထားသည်။

စက်သုံးဆီ ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းကုမ္ပဏီများကို ဈေးကွက်ထောက်ပံ့ရေး ဖူလုံမှု သေချာစေရန် စက်သုံးဆီထုတ်လုပ်မှု၊ စုစည်းမှုနှင့် သယ်ယူပို့ဆောင်မှုလုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ကြီးကြပ်စစ်ဆေးမှု မြှင့်တင်သွားမည်ဖြစ်ကာ၊ နိုင်ငံတော်၏ ဈေးနှုန်းမူဝါဒများကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့် လုပ်ရပ်များ စသည့် ဥပဒေလုပ်ထုံးလုပ်နည်း ချိုးဖောက်မှုများကို ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး ဈေးကွက်၏ စည်းစနစ်ရှိမှုကို ထိရောက်စွာ ထိန်းသိမ်းကာ စားသုံးသူများ၏ အကျိုးစီးပွားကို ကာကွယ် စောင့်ရှောက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် (NDRC) သက်ဆိုင်ရာ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။ (Xinhua)

——————-
(Chinese Version)
国家发展改革委对国内成品油价格采取临时调控措施
新华社北京3月23日电(记者魏弘毅、戴锦镕)国家发展改革委23日发布消息,3月9日国内成品油价格调整以来,受美以伊冲突加剧影响,国际市场原油价格大幅上涨。为减缓国际油价异常上涨带来的冲击,减轻下游用户负担,保障经济平稳运行和社会民生,在保持现行价格机制框架的基础上,对国内成品油价格采取临时调控措施。
根据现行价格机制计算,自3月23日24时起,国内汽油、柴油价格(标准品)每吨分别应上调2205元、2120元,调控后实际上调1160元、1115元。
记者了解到,近年来,成品油价格一直按现行机制调整,本次是2013年现行机制实施以来的首次调控。相关专家分析,国家此举是应对国际油价大幅上涨采取的及时有力举措,对保障国内经济平稳运行具有重要作用。
国家发展改革委有关负责人表示,将指导成品油生产销售企业全力做好成品油生产组织调运,保障市场供应,并配合有关部门加大市场监督检查力度,严厉查处不执行国家价格政策等违法违规行为,切实维护市场秩序,保护消费者利益。(完)
1. 3月9日,汽车在江苏省常州市一加油站内有序加油(无人机照片)。新华社发(陈暐 摄)