Connect with us

China

လတ်တလော အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖြေကြား

အီရန် မြို့တော် တီဟီရန်တွင် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသော မီးခိုးလိပ်များကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၂၇ ရက် (ဆင်ဟွာ)

“လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ အဓိကကတော့ အခြေအနေတစ်ဆင့်တိုး ဆိုးရွားမလာအောင် ဘက်အသီးသီးအနေနဲ့ ချက်ချင်း အပစ်ရပ် စစ်ပွဲအဆုံးသတ်ဖို့၊ ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိဖို့ လုပ်ဆောင်တဲ့အပေါ် မူတည်ပါတယ်” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်ပင်းက မတ် ၂၆ ရက်တွင် ကျင်းပသော ကာကွယ်ရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ လတ်တလော အရှေ့အလယ်ပိုင်းအခြေအနေနှင့် စပ်လျဉ်း၍ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားစဉ် ပြောကြားခဲ့သည်။
အစ္စရေး ကာကွယ်ရေးဝန်ကြီးက ၎င်းနှင့် ဝန်ကြီးချုပ်နေတန်ယာဟုသည် အစ္စရေးစစ်တပ်အား ခွင့်ပြုချက်မရှိသေးသည့် အခြေအနေတွင်ပင် ပစ်မှတ်ဟု သတ်မှတ်ထားသည့် မည်သည့်အီရန်အဆင့်မြင့်အရာရှိကိုမဆို ပစ်သတ်နိုင်ရန် ခွင့်ပြုခဲ့သည်ဟု ဆိုခဲ့ကြောင်း၊ ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်း ဟု သတင်းထောက်က မေးမြန်းခဲ့သည်။

ဤကဲ့သို့သော ပြောကြားချက်နှင့် လုပ်ရပ်များသည် နိုင်ငံတကာ ဥပဒေကို ပြင်းထန်စွာ ချိုးဖောက်သလို လူသားမျိုးနွယ်၏ အသိတရားနှင့် ကျင့်ဝတ်ကိုပါ ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ တစ်ပါးနိုင်ငံ ခေါင်းဆောင်အား သတ်ဖြတ်ခြင်းမှ အရပ်သား ပစ်မှတ်များကို လိုသလို တိုက်ခိုက်ခြင်း၊ လက်နက်အင်အား အသုံးပြုမှုအပေါ် စွဲလမ်းခြင်းက အမုန်းတရားအား ပိုမိုနက်ရှိုင်းစေသော၊ စစ်မီးအား ပိုမိုဆိုးရွားစေသော သံသရာဆိုးကြီးအတွင်းသာ ကျရောက်စေမည်ဖြစ်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။
“အရှေ့အလယ်ပိုင်းဒေသနဲ့ ကမ္ဘာကြီးအား ပိုမိုကြီးမားတဲ့ ကပ်ဘေးမဖြစ်အောင် ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ဘက်အသီးသီးအား စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

လတ်တလော အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခများ စဉ်ဆက်မပြတ် အရှိန်မြင့်တက်လာခဲ့ပြီး အမေရိကန်၊ အစ္စရေးနှင့် အီရန်တို့သည် အပြန်အလှန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအပေါ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြရာ ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွားလာမှုသည်လည်း ပြင်းထန်စွာ ခြိမ်းခြောက်ခံခဲ့ရ၍ ပဋိပက္ခမှ နျူးကလီယားကပ်ဘေးသို့ အဆင့်မြင့်တက်သွားမည်ကို ပြင်ပအသိုင်းအဝိုင်းက စိုးရိမ်ပူပန်ကြကြောင်း၊ ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု အခြား သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
“သက်ဆိုင်ရာ ဘက်အသီးသီးအား စစ်ရေးလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ရပ်ဖို့၊ တန်းတူညီမျှ ဆွေးနွေးမှုများမှတစ်ဆင့် ဆန့်ကျင်ဘက်ကွဲလွဲမှုကို ဖြေရှင်းဖို့၊ စစ်မက်မီးလျှံများ ပြင်ပသို့ ယိုလျှံမသွားဖို့၊ အခြေအနေ တစ်ဆင့်တိုး မြင့်တက်စေမှုကို ရှောင်ရှားဖို့ ကျွန်တော်တို့အနေနဲ့ တိုက်တွန်းပါတယ်” ဟု ကျန်ပင်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် အခြေအနေဖြေလျှော့ရန်၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရန် အပြုသဘောဆောင်သော ကြိုးပမ်းမှုများ ဆက်လက်လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
လတ်တလော အရှေ့အလယ်ပိုင်း အခြေအနေ စဉ်ဆက်မပြတ် တင်းမာလာပြီး အမေရိကန်ဘက်က တရုတ်နိုင်ငံအနေဖြင့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းကာကွယ်ရေးအတွက် သင်္ဘောများ စေလွှတ်ရန် မျှော်လင့်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။ ယင်းအပေါ် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟုလည်း သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ဟော်မုဇ်ရေလက်ကြားနှင့် ၎င်းအနီးဝန်းကျင်ရှိ ပင်လယ်ပြင်၏ လတ်တလော အခြေအနေ တင်းမာနေမှုကြောင့် နိုင်ငံတကာ ကုန်ပစ္စည်းနှင့် စွမ်းအင် ကုန်သွယ်ရေး လမ်းကြောင်းများကို ရိုက်ခတ်ခဲ့ရာ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်မှုကို ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် အဓိကမှာ အခြေအနေတစ်ဆင့်တိုး ဆိုးရွားလာခြင်းကို ရှောင်ကြဉ်ရန် ဘက်အသီးသီးအနေနှင့် ချက်ချင်း အပစ်ရပ် စစ်ပွဲအဆုံးသတ်ရန်၊ ညှိနှိုင်းဆွေးနွေးမှု လမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရန် လုပ်ဆောင်ခြင်းတို့အပေါ် မူတည်ကြောင်း ကျန်ပင်းက ပြောကြားခဲ့သည်။ (Xinhua)

……………………..
(Chinese Version)
国防部新闻发言人就近期中东局势答记者问
新华社北京3月26日电(记者王春涛)“解决当前危机的关键在于各方立即停火止战,尽快重回对话谈判轨道,避免局势进一步升级恶化。”国防部新闻发言人蒋斌在26日举行的国防部例行记者会上,就近期中东局势答记者问时表示。
有记者问,以色列防长称,他和总理内塔尼亚胡授权军方在无需批准的情况下,就可以击毙任何被列为目标的伊朗高级官员。请问对此有何评论?
蒋斌表示,这样的言论和行径严重违反国际法,违背人类良知与道义。从杀害他国领导人到肆意攻击平民目标,迷信武力得不到安全,只会陷入仇恨更深、战火更烈的恶性循环。   “我们敦促有关各方立即停止军事行动,避免给中东地区和世界造成更大灾难。”蒋斌说。
另有记者问,近期中东地区军事冲突持续升级,美以与伊朗互相针对对方的能源设施实施打击,霍尔木兹海峡通行也面临严重威胁,外界担忧冲突升级触发核灾难。请问对此有何评论?
“我们呼吁各方立即停止军事行动,通过平等对话解决矛盾分歧,防止战火蔓延外溢,避免局势进一步升级。”蒋斌表示,中方将继续为缓和局势、恢复和平作出积极努力。
有记者问,近期中东局势持续紧张,美方多次提出,希望中方派遣船只赴霍尔木兹海峡护航。请问对此有何评论?
蒋斌表示,霍尔木兹海峡及其附近海域近期局势紧张,冲击国际货物和能源贸易通道,破坏地区和世界和平稳定。解决当前危机的关键在于各方立即停火止战,尽快重回对话谈判轨道,避免局势进一步升级恶化。(完)
图说:这是3月6日在伊朗首都德黑兰拍摄的爆炸产生的浓烟。 新华社记者 沙达提 摄