Connect with us

China

ကျန်းဆူးပြည်နယ် ရှင်းဟွမြို့တွင် မောင်ဆန်းလှေပြိုင်ပွဲ ကျင်းပ

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရှင်းဟွမြို့တွင် ကျင်းပသော မောင်ဆန်းလှေပြိုင်ပွဲ၌ ပြိုင်ပွဲဝင်များကို ၂၀၂၆ ခုနှစ် ဧပြီ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှင်းဟွ (ကျန်းဆူး)၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ရှင်းဟွမြို့၌ တစ်နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသော မောင်ဆန်းလှေပြိုင်ပွဲကို ဧပြီ ၅ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ လှေများနှင့် ပြိုင်ပွဲဝင်များသည် မောင်ဆန်း ရှီးတာ့ဟယ်မြစ်သို့ စုစည်းရောက်ရှိလာကြပြီး ပြိုင်ပွဲနှင့် ဖျော်ဖြေရေးအစီအစဉ်များတွင် ပါဝင်ဆင်နွှဲခဲ့ကြသည်။ မောင်ဆန်းလှေပြိုင်ပွဲသည် တောင်စုန့်မင်းဆက်အချိန်က စတင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် အမည်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။ (Xinhua)


…………………..
(Chinese Version)
江苏兴化:茅山会船
新华社照片,兴化(江苏),2026年4月5日
4月5日,江苏省兴化市举行一年一度的茅山会船盛会。船只和选手齐聚茅山西大河,参加竞技和表演。茅山会船始于南宋,2014年被列入国家级非物质文化遗产名录。
图说:4月5日,选手参加茅山会船盛会(无人机照片)。 新华社发(周社根摄)