China
၂၀၂၆ ခုနှစ် ထိုက်ကျိုးမြို့ ကျန်းယန့်ခရိုင် ချင်ထုန်လှေပြိုင်ပွဲ ဖွင့်လှစ်ကျင်းပ
ထိုက်ကျိုး (ကျန်းဆူး)၊ ဧပြီ ၇ ရက် (ဆင်ဟွာ)
၂၀၂၆ ခုနှစ် ထိုက်ကျိုးမြို့ ကျန်းယန့်ခရိုင် ချင်ထုန်လှေပြိုင်ပွဲကို တရုတ်နိုင်ငံ ထိုက်ကျိုးမြို့ ကျန်းယန့်ခရိုင်ရှိ အမျိုးသားစိမ့်မြေဥယျာဉ်တွင် ဧပြီ ၆ ရက်က ဖွင့်လှစ်ကျင်းပခဲ့သည်။ ရာနှင့်ချီရှိသော ပုံစံမျိုးစုံ လှေများနှင့် ပြိုင်ပွဲဝင် တစ်သောင်းကျော်တို့သည် လှော်တက်များကို အားမာန်ဖြင့် လျင်မြန်စွာလှော်ခတ်ကာ အပြိုင်အဆိုင် ယှဉ်ပြိုင်ခဲ့ကြပြီး အချိန်နှင့်အမျှ ပို၍ကောင်းမွန်လာသော ရိုးရာပန်းချီကားသဖွယ်မြင်ကွင်းကို ပုံဖော်ခဲ့ကြသည်။
“ကမ္ဘာ့လှေပြိုင်ပွဲများတွင် ချင်ထုန်ကအကောင်းဆုံးဖြစ်ပြီး ချင်ထုန်လှေပြိုင်ပွဲသည် ကမ္ဘာပေါ်တွင် အကောင်းဆုံးဖြစ်သည်” ဟု တင်စားကြသည်။ ချင်ထုန်လှေပြိုင်ပွဲကို ချင်းမင်ပွဲတော် လှေပြိုင်ပွဲဟုလည်း လူသိများပြီး တောင်စုန့်မင်းဆက်ခေတ်မှစ၍ ယနေ့တိုင် လက်ဆင့်ကမ်းလာခဲ့ခြင်းဖြစ်ကာ တရုတ်နိုင်ငံ၏ အမျိုးသားအဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် နာမည်စာရင်းတွင် ထည့်သွင်းထားသည်။ (Xinhua)

တရုတ်နိုင်ငံ ချင်ထုန်လှေပြိုင်ပွဲတွင် ထွက်ခွာရန် စောင့်ဆိုင်းနေကြသော လှေများအား ၂၀၂၆ ခုနှစ် ဧပြီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)








………………………
(Chinese Version)
2026年泰州姜堰溱潼会船节开幕
新华社照片,泰州(江苏),2026年4月6日
4月6日,2026年泰州姜堰溱潼会船节在江苏省泰州市姜堰区溱湖国家湿地公园开幕,数百条各式船只和上万名会船选手飞篙走桨,奋勇争先,演绎历久弥新的民俗画卷。
“天下会船数溱潼,溱潼会船甲天下。”溱潼会船又名清明会,由南宋相沿至今,被列入国家级非物质文化遗产名录。
图说1:4月6日,参加会船表演的船只奋力向前。新华社发(汤德宏 摄)
图说2:4月6日,参加会船表演的船只等待出发(无人机照片)。新华社发(颜禹铭 摄)
