Connect with us

China

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားကာ ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ဖယ်ကြဉ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် ဧပြီ ၇ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဂျပန်အနေဖြင့် “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်ခြင်းသည် ဖြစ်ရပ်မှန်နှင့် လက်တွေ့ဖြစ်ကာ လက်တွေ့လမ်းကြောင်းနှင့် လှုပ်ရှားမှုများရှိပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုအား ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားကာ ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသား ဖယ်ကြဉ်ရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဧပြီ ၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။

ဂျပန်အစိုးရသည် ယခုလအတွင်း “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” အား တရားဝင်ပြင်ဆင်နိုင်ခြေရှိကာ အကြောင်းအရာများအနေဖြင့် စစ်ပွဲတိုက်ခိုက်မှုတွင် အသုံးပြုခြင်းမဟုတ်သော ကာကွယ်ရေးပစ္စည်းများအား တင်ပို့မှုကို မကန့်သတ်တော့ဘဲ လူသေကျေစေနိုင်သည့်လက်နက်များအား တင်ပို့မှုကို မူအားဖြင့်ခွင့်ပြုခြင်း၊ ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံထံသို့ လက်နက်တင်ပို့ရာတွင် ချွင်းချက်သတ်မှတ်မှုအတွက် အလားအလာချန်ထားပေးခြင်း၊ လွှတ်တော်ထံ ကြိုတင်အစီရင်ခံတင်ပြရန် မလိုတော့ဘဲ ကိစ္စလုပ်ဆောင်ပြီးမှသာ အသိပေးရန်လိုအပ်ခြင်း စသည်တို့ ပါဝင်သည်ဟု သတင်းများအရသိရကြောင်း၊ ယင်းအပေါ် တရုတ်အနေဖြင့် မည်ကဲ့သို့သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။

“တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ်များစွာအလေးထားဂရုပြုပါတယ်။ နိုင်ငံတကာတတ်သိပညာရှင်နဲ့ ဂျပန် အမြော်အမြင်ရှိသူတွေက သက်ဆိုင်ရာလှုပ်ရှားမှုအပေါ် များစွာစိုးရိမ်ပူပန်ကြပြီး ဒါကလည်း စစ်ပွဲအလွန် ဂျပန်လက်နက်တင်ပို့မှုမူဝါဒရဲ့ အရင်းခံအရ ဦးတည်ချက်ပြောင်းလဲမှုကို ဖော်ပြနေတယ်လို့ ယူဆကြပါတယ်။ ဒါတွေက “ကိုင်ရိုကြေညာချက်” ၊ “ပေါ့စ်ဒမ်ကြေညာချက်” ၊ “ဂျပန်လက်နက်ချအညံ့ခံခြင်း စာချုပ်” စတဲ့ နိုင်ငံတကာ ဥပဒေသက်ရောက်မှုရှိသော စာရွက်စာတမ်းတွေရဲ့ သတ်မှတ်ချက်ကို ဆိုးရွားစွာ ချိုးဖောက်နေတာ၊ ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်တွင်းမှာ ရှိပြီးသား စည်းမျဉ်းစည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတာ၊ စစ်ပွဲအလွန် ဂျပန်စစ်ရေးဝါဒ ပြန်လည်ဦးမော့လာမှုကို ကာကွယ်ထားတဲ့ စနစ်အရအာမခံမှုကို ဖောက်ဖျက်နေတာလည်း ဖြစ်တယ်” ဟု မော်နင်က ပြောကြားခဲ့သည်။

“ဒီမတိုင်ခင် ဂျပန်အစိုးရလုပ်ဆောင်ထားတဲ့ ပြည်သူ့သဘောထား စစ်တမ်းကောက်ယူမှုအရ ဂျပန်ပြည်သူအများစုက လက်နက်တင်ပို့မှုကန့်သတ်ချက် ဖြေလျှော့တာအပေါ် ကန့်ကွက်ကြတာကိုလည်း ကျွန်မ သတိပြုမိပါတယ်” ဟု ၎င်းက ဆိုသည်။
ဂျပန်လက်ယာယိမ်းအင်အားစုများက လုံခြုံရေးမူဝါဒကို တိုက်ခိုက်မှုအသွင်၊ တိုးချဲ့မှုအသွင် ဦးတည်ချက်ဆီသို့ ပြောင်းလဲနေသည်ဟု အခြေအနေအရပ်ရပ်က ဖော်ပြနေကြောင်း၊ ဂျပန်အနေဖြင့် “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်ခြင်းသည် ဖြစ်ရပ်မှန်နှင့် လက်တွေ့ဖြစ်ကာ လက်တွေ့လမ်းကြောင်းနှင့် လှုပ်ရှားမှုများရှိပြီး ဒေသတွင်းငြိမ်းချမ်းတည်ငြိမ်မှုအား ခြိမ်းခြောက်လျက်ရှိကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အထူးသတိထားက ဂျပန်၏ “စစ်ရေးဝါဒပုံစံသစ်” ဆင်ခြင်မဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသားဖယ်ကြဉ်ရမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

“ကျွန်မတို့အနေနဲ့ ဂျပန်ဘက်က စစ်ရေးဝါဒ ကျူးကျော်မှုသမိုင်းကို လေးလေးနက်နက် ပြန်လည်ဆင်ခြင်သုံးသပ်ကာ စစ်ရေးလုံခြုံမှုကဏ္ဍတွင် ကတိစောင့်ထိန်းရန်၊ သတိထားလုပ်ဆောင်ရန်၊ မှားယွင်းသောလမ်းထက်မှာ ဆက်လက်ဝေးလံအောင် မလျှောက်လှမ်းရန် တိုက်တွန်းလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။ (Xinhua)

—————–
(Chinese Version)
外交部:国际社会必须高度警惕,坚决抵制日本“新型军国主义”的妄动
新华社北京4月7日电(记者曹嘉玥、邵艺博)外交部发言人毛宁7日在例行记者会上答问时表示,日本加速“再军事化”是事实和现实,有实际的路线和行动,正在威胁地区和平稳定。国际社会必须高度警惕,坚决抵制日本“新型军国主义”的妄动。
有记者问:据报道,日本政府本月拟正式修改“防卫装备转移三原则”,内容包括:不再仅限出口非战斗用途防卫装备,原则允许出口杀伤性武器;就向冲突中国家出口武器设立例外规定,保留出口空间;不再需要提前向国会报告,仅事后通知。中方对此有何评论?
“中方对此严重关切。很多国际学者和日本有识之士对相关动向深感担忧,认为这标志着战后日本武器出口政策的根本转向,严重违背《开罗宣言》《波茨坦公告》《日本投降书》等具有国际法效力文件的规定,严重违背日本宪法和国内既有规范,破坏战后防范日本军国主义死灰复燃的制度性保障。”毛宁说,“我也注意到,此前日本政府进行的民调显示,大多数日本民众反对放宽武器出口限制。”
毛宁表示,种种迹象表明,日本右翼势力正在推动安保政策朝着进攻性、扩张性的方向转变。日本加速“再军事化”是事实和现实,有实际的路线和行动,正在威胁地区和平稳定。国际社会必须高度警惕,坚决抵制日本“新型军国主义”的妄动。
“我们敦促日方深刻反省军国主义侵略历史,在军事安全领域恪守承诺、慎重行事,不要在错误的道路上越走越远。”她说。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.