Connect with us

China

China Eastern လေကြောင်းလိုင်းက ပေကျင်း-မက်စကတ် တိုက်ရိုက်လမ်းကြောင်း စတင်ပြေးဆွဲမည်

မလေးရှားနိုင်ငံ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၄ ခုနှစ် မတ် ၁၆ ရက်က ဆင်းသက်စဉ် ရေပက်ဖျန်းခံနေသော China Eastern လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ်အမှတ် MU9629 ကို တွေ့ရစဉ် (ဆင်ဟွာ)

မက်စကတ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
China Eastern လေကြောင်းလိုင်းသည် ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မက်စကတ်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ တိုက်ရိုက်ပျံသန်းမှုကို နိုဝင်ဘာ ၃၀ ရက်၌ စတင်မည်ဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသတွင် ၎င်း၏ လမ်းကြောင်းကွန်ရက်ကို အဓိကချဲ့ထွင်မှုတစ်ခုဖြစ်စေခြင်း ဖြစ်ကြောင်း China Eastern လေကြောင်းလိုင်းက စက်တင်ဘာ ၁၈ ရက်၌ ကြေညာခဲ့သည်။
လမ်းကြောင်းသစ်သည် တရုတ်နိုင်ငံနှင့် အိုမန်နိုင်ငံအကြား တိုက်ရိုက်ချိတ်ဆက်မှုကို အားကောင်းစေမည်ဖြစ်ပြီး လမ်းခရီးကြာချိန်ကို အခြားဒေသတွင်း အချက်အချာနေရာများမှတစ်ဆင့် သွားလာရသောကြာမြင့်ချိန် နာရီပေါင်း ၂၀ ကျော်နှင့် နှိုင်းယှဉ်ပါက ၁၀ နာရီအောက်သို့ လျော့ကျစေမည်ဖြစ်ကြောင်း ၎င်းလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။
China Eastern လေကြောင်းလိုင်းသည် ဒူဘိုင်း၊ အဘူဒါဘီနှင့် ရီယတ်ကဲ့သို့သော အဓိကအရှေ့အလယ်ပိုင်းအချက်အချာနေရာများသို့ ပျံသန်းပြေးဆွဲနေပြီဖြစ်သည်။ မက်စကတ်သို့ လမ်းကြောင်းထပ်တိုးမှုသည် ပါရှားပင်လယ်ကွေ့မှ အိုမန်ပင်လယ်ကွေ့အထိ လွှမ်းခြုံချဲ့ထွင်မည်ဖြစ်ပြီး ဒေသတွင်း၌ ၎င်း၏ယှဉ်ပြိုင်နိုင်စွမ်းနှင့် ကွန်ရက်တည်ရှိမှုကို ပိုမိုမြှင့်တင်ပေးမည်ဖြစ်သည်။
China Eastern လေကြောင်းလိုင်းက ယင်းဝန်ဆောင်မှုအသစ်သည် တရုတ်နိုင်ငံနှင့် အိုမန်နိုင်ငံအကြား ပိုမိုနက်ရှိုင်းသော ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးတို့အတွက် အဓိကတွန်းအားပေးသူအနေဖြင့် ဆောင်ရွက်ကြောင်း အရှေ့အလယ်ပိုင်းဈေးကွက်၌ ၎င်း၏ဆက်လက်စောင့်ထိန်းထားသည့် ကတိကဝတ်ကို ပြသခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………….
(English Version)
China Eastern Airlines to launch direct Beijing-Muscat route
MUSCAT, Sept. 18 (Xinhua) — China Eastern Airlines will launch a direct flight from Beijing Daxing International Airport to Muscat International Airport on Nov. 30, marking a major expansion of its route network in the Middle East, the airline announced Thursday.
The new route will strengthen direct connectivity between China and Oman, reducing travel time to less than 10 hours compared with more than 20 hours when transiting through other regional hubs, it said.
The carrier already flies to major Middle Eastern hubs such as Dubai, Abu Dhabi, and Riyadh. The addition of Muscat will expand its coverage from the Gulf to the Gulf of Oman, further boosting its competitiveness and network presence in the region.
China Eastern Airlines said the new service demonstrated its continued commitment to the Middle East market, serving as a key enabler of deeper trade, tourism and cultural exchanges between China and Oman. ■
English Caption
Flight MU9629 of China Eastern Airlines receives a water cannon salute as it lands at Kuala Lumpur International Airport, Malaysia, March 16, 2024. (Xinhua/Cheng Yiheng)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.