Connect with us

China

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်နှင့် ဆိုးလ်မြို့တော်အကြား ချိတ်ဆက်ပျံသန်းမည့် တိုက်ရိုက်လေယာဉ်လမ်းကြောင်း စတင်ပြေးဆွဲ

တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်ရှိ ကျာရှို့ မျှော်စင်ရှုခင်းသာနေရာသို့ လာရောက်လည်ပတ်ကြသူများကို ဝေဟင်မှရိုက်ကူးထားသော ဓါတ်ပုံမှတစ်ဆင့် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကွေ့ယန်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်၏ မြို့တော် ကွေ့ယန်နှင့် တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အကြား ချိတ်ဆက်ပျံသန်းမည့် တိုက်ရိုက်လေယာဉ်လမ်းကြောင်းအသစ်ကို စက်တင်ဘာ ၁၇ ရက်က စတင်ဖွင့်လှစ်ပြေးဆွဲလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လမ်းကြောင်းအသစ်ကို Jiuyuan Airlines ဟု လူသိများသော 9 Air လေကြောင်းလိုင်းက တာဝန်ယူပြေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။ ကွေ့ကျိုး မြို့ပြလေကြောင်း စက်မှုလုပ်ငန်းအုပ်စု၏ သတင်းထုတ်ပြန်မှုအရ ကွေ့ယန် လုန်တုန့်ပေါင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အင်ချွန်း နိုင်ငံတကာ လေဆိပ်သို့ အသွားခရီးစဉ်မှာ ၄ နာရီနီးပါးကြာမြင့်မည်ဖြစ်သော်လည်း အပြန်ခရီးစဉ်မှာမူ ၃ နာရီခွဲနီးပါးသာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
လေယာဉ်ပြေးဆွဲမှု ခရီးစဥ်အား ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့များတွင် တစ်ပတ်လျှင်နှစ်ကြိမ် ပျံသန်း ပြေးဆွဲရန် စီစဉ်ထားခြင်းဖြစ်သည်။ ကွေ့ယန်မှ အသွားခရီးစဉ်ကို ပေကျင်းစံတော်ချိန် နေ့လယ် ၂း၅၅ နာရီအချိန်တွင် စတင်ထွက်ခွာမည်ဖြစ်ကာ ဆိုးလ်သို့ ညနေ ၆း၅၀ နာရီအချိန်တွင် ဆိုက်ရောက်မည် ဖြစ်ကြောင်း၊ ဆိုးလ်မှ အပြန်ခရီးစဉ်ကိုမူ ပေကျင်းစံတော်ချိန် ည ၈း၂၅ နာရီအချိန်တွင် စတင်ထွက်ခွာပြီး ကွေ့ယန်သို့ ည ၁၁း၅၅ နာရီအချိန်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် စက်တင်ဘာလနှောင်းပိုင်းမှစ၍ တရုတ်နိုင်ငံသား ကမ္ဘာလှည့်ခရီးသည် အဖွဲ့များအတွက် ယာယီဗီဇာကင်းလွတ်ခွင့်ပေးမည့်မူဝါဒကို ကျင့်သုံးရန်စီစဉ်ထားရာ ယခုပြေးဆွဲမည့် လေကြောင်းဝန်ဆောင်မှုခရီးစဥ်သစ်က ခရီးသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေနိုင်မည်ဟု မျှော်လင့် ထားကြောင်း ကွေ့ကျိုး မြို့ပြလေကြောင်း စက်မှုလုပ်ငန်းအုပ်စုက ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

………………………
(English Version)
Direct air route links SW China’s Guiyang with Seoul
GUIYANG, Sept. 19 (Xinhua) — A new direct air service linking Guiyang, capital of southwest China’s Guizhou Province, and Seoul, the Republic of Korea (ROK), was launched on Wednesday.
The route is operated by 9 Air, also known as Jiuyuan Airlines. The flight from Guiyang Longdongbao International Airport to Incheon International Airport takes about four hours, while the return trip takes about three and a half hours, according to Guizhou Civil Aviation Industry Group.
The route will have two flights per week, scheduled for Wednesdays and Sundays. The outbound flight will depart at 2:55 p.m. Beijing time from Guiyang and arrive in Seoul at 6:50 p.m. The return flight from Seoul departs at 8:25 p.m. Beijing time and arrives in Guiyang at 11:55 p.m.

The new air service is expected to make travel easier, as the ROK plans to introduce a temporary visa-free policy for Chinese group tourists starting in late September, the group added. ■
Photo:
An aerial drone photo taken on July 30, 2025 shows people visiting Jiaxiu tower scenic area in Guiyang, capital of southwest China’s Guizhou Province. (Xinhua/Liu Xu)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.