Connect with us

China

အပစ်အခတ်ရပ်စဲရေး၊ ဂါဇာဒေသ တင်းမာမှုအခြေအနေ လျှော့ချရေး ကြိုးပမ်းမှုများအားလုံးကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ပြော

ပေကျင်း၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးနှင့် အခြေအနေတင်းမာမှု လျှော့ချရေး ဆောင်ကြဉ်းပေးနိုင်မည့် ကြိုးပမ်းအားထုတ်မှုများအားလုံးကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ပါလက်စတိုင်း-အစ္စရေး အရေးနှင့်ပတ်သက်၍ နိုဝင်ဘာ ၂၇ ရက်၌ ပြောကြားခဲ့သည်။
ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဂါဇာဒေသ လက်ရှိအခြေအနေအပေါ် မှတ်ချက်ပြုရန် မေးမြန်းရာ၌ ဝမ်က အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

အစ္စရေးဘက်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရှိ အကူအညီပေးရေးဆိုင်ရာ စည်းကမ်းချက်များကို ဖောက်ဖျက်လျက်ရှိကြောင်းနှင့် ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း ဟားမက်စ်လက်နက်ကိုင်တပ်ဖွဲ့ Al-Qassam Brigades က စွပ်စွဲထားပြီး ၎င်းတို့အနေဖြင့် ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်ထားသော ထရပ်ကားများအား ဂါဇာမြောက်ပိုင်းသို့ အစ္စရေးဘက်က ဝင်ခွင့်ပြုသည့်တိုင်အောင် ဓားစာခံများလွှတ်ပေးရေးကို အချိန်ဆိုင်းထားမည်ဟု ကြေညာခဲ့ကြောင်း သတင်းများအရ သိရသည်။

အစ္စရေးစစ်တပ်ကလည်း ၎င်းတို့အနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ခိုက်ခြင်းနှင့် စစ်ဆင်ရေးများ ချက်ချင်းပြန်လည်စတင်မည်ဖြစ်ကြောင်းနှင့် ဓားစာခံများအားလုံး လွတ်မြောက်ခြင်းနှင့် ဟားမက်စ်အဖွဲ့ ၎င်းတို့ကိုယ်တိုင်ဖျက်သိမ်းသွားသည့်တိုင်အောင် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစ္စရေးနှင့် ဟားမက်စ်တို့သည် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိချိန်မှစ၍ နှစ်ဘက်လုံးက ထိန်းသိမ်းထားသူများအား အဖွဲ့သုံးဖွဲ့ဖြင့် လွှတ်ပေးခဲ့ကြောင်း ဝမ်က ဆိုသည်။

လက်ရှိ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသည် ရက်ပေါင်း ၅၀ ကျော်အထိ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး လူအမြောက်အမြားသေဆုံးခြင်းနှင့် ဆိုးဝါးသော လူသားချင်းစာနာထောက်ထားမှု အခြေအနေများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အကြမ်းဖက်မှုက မှန်ကန်သော လုံခြုံမှုကို မပေးစွမ်းနိုင်သလို အင်အားအသုံးပြုခြင်းကလည်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖန်တီးပေးနိုင်မည်မဟုတ်ကြောင်း ဝမ်က ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
China welcomes all efforts conducive to ceasefire, deescalating Gaza situation: FM spokesperson
BEIJING, Nov. 27 (Xinhua) — China welcomes all efforts that are conducive to bringing about ceasefire and deescalating the situation, foreign ministry spokesperson Wang Wenbin said on the Palestinian-Israeli issue on Monday.
Wang made the remarks at a regular press briefing when asked to comment on the current situation in Gaza.
According to reports, the Al-Qassam Brigades, the armed wing of Hamas, announced that it would delay the release of hostages until Israel allows aid trucks to enter northern Gaza, accusing Israel of violating the terms regarding aid in the ceasefire agreement and continuing to open fire.
The Israeli military said that it will immediately return to striking and operations in the Gaza Strip once the truce ends and that the fighting would continue until all hostages are freed and Hamas itself is dismantled.
Wang said since Israel and Hamas reached the ceasefire agreement, both sides have released three groups of detainees.
Noting that this round of Palestinian-Israeli conflict has continued for more than 50 days, causing great casualties and serious humanitarian disasters, Wang said violence does not bring true security and the use of force will not create lasting peace.