Connect with us

China

ပဲရစ်အိုလံပစ်အားကစားပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် တရုတ်နိုင်ငံကိုယ်စားပြုအဖွဲ့ကို အိုလံပစ်ချန်ပီယံ ၄၂ ဦး ခေါင်းဆောင်မည်

တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ၂၀၂၄ ခုနှစ် ဇူလိုင် ၁၃ ရက်က ပြုလုပ်သော ပဲရစ် အိုလံပစ်အားကစားပွဲအတွက် တရုတ်နိုင်ငံကိုယ်စားပြုအဖွဲ့ ကြေညာခြင်းအခမ်းအနားမြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် မကြာမီကျင်းပမည့် ပဲရစ် အိုလံပစ်အားကစားပွဲသို့ အိုလံပစ်ချန်ပီယံ ၄၂ ဦး အပါအဝင် အားကစားသမား ၄၀၅ ဦး စေလွှတ်မည်ဖြစ်ကာ အဖွဲ့ဝင် ၇၁၆ ဦး ပါဝင်သော နိုင်ငံကိုယ်စားပြုအဖွဲ့ကို ယနေ့ (ဇူလိုင် ၁၃ ရက်) ကြေညာခဲ့သည်။
အားကစားသမား အမျိုးသား ၁၃၆ ဦးနှင့် အမျိုးသမီး ၂၆၉ ဦးတို့သည် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁၁ ရက်အထိ ကျင်းပမည့် ပဲရစ်အိုလံပစ်အားကစားပွဲတွင် အားကစားနည်း ၃၀ ၊ ပြိုင်ပွဲ ၂၃၆ ခုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
တရုတ်နိုင်ငံ အိုလံပစ်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ကောင်းကျစ်သန်းက ပဲရစ်အိုလံပစ်အားကစားများအနေဖြင့် “အားကစား အောင်မြင်မှု ကြိုးစားကြဖို့နဲ့ ကောင်းမွန်သော အားကစားသမားပီသမှုကို ဖော်ပြကြဖို့” နိုင်ငံကိုယ်စားပြုအဖွဲ့ ကြေညာခြင်းအခမ်းအနား၌ ပြောကြားခဲ့သည်။
တရုတ်အားကစားအဖွဲ့တွင် စကိတ်အားကစားသမား အသက် ၁၁ နှစ်အရွယ် ကျန့်ဟောင်ဟောင်သည် အသက်အငယ်ဆုံး တရုတ်အားကစားသမားဖြစ်ကာ အသက် ၃၇ နှစ်အရွယ် လျူဟုန်ကမူ အသက်အကြီးဆုံး ယှဉ်ပြိုင်သူဖြစ်ကြောင်း သိရသည်။ (Xinhua)


……………………………………..
(English Version)
42 Olympic champions lead Chinese delegation to Paris Olympics
BEIJING, July 13 (Xinhua) — China will send 405 athletes, including 42 Olympic champions, to the upcoming Paris Olympic Games, as a 716-member delegation was officially announced here on Saturday.
136 male and 269 female athletes will compete in 236 events across 30 sports at the July 26-August 11 Games. Gao Zhidan, head of the Chinese Olympic delegation, called on these Paris-bound athletes to “strive for athletic success and show good sportsmanship” at the delegation’s launch ceremony.
Eleven-year-old skateboarder Zheng Haohao is the youngest Chinese and Liu Hong, 37, is the oldest competitor.
Photo 1, 2: This photo taken on July 13, 2024 shows a general view at the inaugural meeting of the Chinese delegation for Paris 2024 Olympic Games in Beijing, capital of China.