Connect with us

China

ရှီက ငုယင်ဖူထျောင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းဖော်ပြ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးသို့ ၂၀၂၄ ခုနှစ် ဇူလိုင် ၂၀ ရက်က သွားရောက်ကာ ကွယ်လွန်သွားပြီဖြစ်သော ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်အတွက် ဝမ်းနည်းကြောင်းဖော်ပြနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်း‌ရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံးသို့ ဇူလိုင် ၂၀ ရက်က သွားရောက်ကာ ကွယ်လွန်သွားပြီဖြစ်သော ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်အတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
ဗီယက်နမ်သံရုံးရှိ ဝမ်းနည်းခြင်းအထိမ်းအမှတ်ခန်းမဆောင်တွင် ရှီနှင့် CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်များဖြစ်သော လီချန်၊ ကျောက်လဲ့ကျိ၊ ဝမ်ဟုနင်၊ ချိုက်ချီ၊ တင်းရွှဲရှန်နှင့် လီရှီးတို့က ထျောင်၏ ရုပ်ပုံရှေ့၌ လွမ်းသူ့ပန်းခွေများချထားခဲ့သည်။ ထို့ပြင် CPC ဗဟိုကော်မတီ၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၊ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ၊ ဗဟိုစစ်ကော်မရှင်၊ CPC ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ CPC ပေကျင်းမြို့ မြူနီစီပယ်ကော်မတီနှင့် ပေကျင်းမြူနီစီပယ်အစိုးရ၊ အခြားပြည်သူ့အဖွဲ့အစည်းများကလည်း လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xi mourns passing of Nguyen Phu Trong
BEIJING, July 20 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president, went to the Embassy of Vietnam in China on Saturday to mourn the passing of General Secretary of the Communist Party of Vietnam (CPV) Central Committee Nguyen Phu Trong.
In the hall of condolence in the embassy, laid in front of a portrait of Trong were wreaths sent by Xi and other members of the Standing Committee of the CPC Central Committee Political Bureau Li Qiang, Zhao Leji, Wang Huning, Cai Qi, Ding Xuexiang and Li Xi. There were also wreaths sent by the Central Committee of the CPC, the National People’s Congress, the State Council, the National Committee of the Chinese People’s Political Consultative Conference, the Central Military Commission, the International Department of the CPC Central Committee, the Ministry of Foreign Affairs, the Ministry of National Defense, the Beijing Municipal Committee of the CPC and the Beijing Municipal Government, and relevant people’s organizations.
Photo: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, mourns the passing of General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong at the Embassy of Vietnam in China on July 20, 2024. (Xinhua/Shen Hong)