Connect with us

China

စိမ်းလန်းသောမီသနောလ်ကြောင့် တရုတ်ကုန်းတွင်းပိတ်ဒေသ ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးမြေပုံ ပေါ်ရောက်လာ

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းရှိ ထျန်းကျင်းဆိပ်ကမ်းတွင် စိမ်းလန်းသော မီသနောလ်လောင်စာ ဖြည့်တင်းနေသည့် CM HONG KONG သင်္ဘောကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၂ ရက်ကတွေ့ရစဥ် (ဆင်ဟွာ)

ဟူးဟော့၊ အောက်တိုဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအ‌ရှေ့မြောက်ပိုင်းရှိ ကျယ်ပြောသောပြောင်းခင်းများနှင့် လေပြင်းများတိုက်ခတ်မှုကြောင့် လူသိများသည့် ကုန်းတွင်းပိုင်းဒေသသည် ကမ္ဘာ့ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း အချက်အချာတစ်ခု ဖြစ်နိုင်ရန် ယုံနိုင်ဖွယ်မရှိပေ။
သို့သော်လည်း ၎င်းဒေသ၏ သန့်ရှင်းသောလောင်စာဆီထုတ်လုပ်မှုက ကမ္ဘာ့အကြီးဆုံး ကုန်တင်သင်္ဘောများကို စွမ်းအင်ဖြည့်ဆည်းရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အနာဂတ်ကို ပုံဖော်ပြောင်းလဲရန် စွမ်းအင်တော်လှန်ရေးတစ်ရပ် လုပ်ဆောင်လျက်ရှိသည်။ ဒေသ၏ လေ၊နေရောင်ခြည်နှင့်ဇီဝဒြပ်ထုများ အပါအဝင် ကြွယ်ဝသော ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးချကာ အတွင်းမွန်ဂိုလီးယားဒေသ ရှင်းအန်းမုန်သည် ရေကြောင်းကုန်သွယ်ရေး တွင် ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးအတွက် အရေးပါသည့် ရုပ်ကြွင်းလောင်စာ အစားထိုးရန် သန့်စင်၍ စိမ်းလန်းသည့် မီသနောလ် စွန့်ဦးတီထွင်ထုတ်လုပ်လျက်ရှိသောကြောင့်ပင်ဖြစ်သည်။
အဆိုပါ ကြီးမားသည့်စီးပွားရေးအလားအလာကို ပေါ်ထွက်လာနေသည့် ကမ္ဘာ့စည်းကမ်းထိန်းသိမ်းမှု မှတ်တိုင်တစ်ခုတစ်ခုက တွန်းအားပေးခဲ့သည်။ နိုင်ငံတကာပင်လယ်ရေကြောင်းအဖွဲ့သည် သမိုင်းဝင် “ကာဗွန်ထုတ်လွှတ်မှုသုညမူဘောင်”တစ်ခု မဲခွဲဆုံးဖြတ်ရန်ပြင်ဆင်လျက်ရှိပြီး အဆိုပါကဏ္ဍတွင် အပြင်းထန်ဆုံး ကာဗွန်ထုတ်လွှတ်မှုစည်းကမ်းများအဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။
သဘောတူလက်ခံခဲ့လျှင် အဆိုပါမူဘောင်ကို ၂၀၂၇ ခုနှစ်တွင် ထိထိရောက်ရောက် စတင်လုပ်ဆောင်မည် ဖြစ်သည်။ လုပ်ငန်းတစ်ခုလုံးအတွက် မဖြစ်မနေ စည်းကမ်းလိုက်နာရမည့် ကာဗွန်ထုတ်လွှတ်မှုအတွက် ကျသင့်စျေးနှုန်းနှင့် ပေါင်းစပ်ပြဋ္ဌာန်းထားသည့် ကမ္ဘာ့ပထမဆုံးသော ထုတ်လွှတ်မှု ကန့်သတ်ချက် ဖြစ်လာမည် ဖြစ်ပြီး တန်ချိန် ၅,၀၀၀ ကျော် သမုဒ္ဒရာဖြတ်ကျော်သင်္ဘောကြီးများ ခန့်မှန်း‌ခြေ ၉၀,၀၀၀ စင်း အပေါ် သက်ရောက်မည်ဖြစ်သည်။
နာရီများလည်နေသည်နှင့်အမျှ Maersk နှင့် Hapag-Lloyd ကဲ့သို့ သင်္ဘောကုမ္ပဏီကြီးများသည် အစားထိုးလောင်စာအရင်းအမြစ်များကို ရှာဖွေရန် အလုအယက်လုပ်ဆောင်လျက်ရှိသည်။ အဆိုပါအခြေအနေ၌ ပြည့်ဖြိုးမြဲစွမ်းအင်အခြေခံအဆောက်အအုံများ၌ တရုတ်နိုင်ငံ၏ ရေရှည်ရင်းနှီးမြှုပ်နှံမှုသည် ကုန်ကျစရိတ် အားသာသည့် ဆုံးဖြတ်ချက်တစ်ခုအဖြစ်သို့ ပြောင်းလဲလျက်ရှိနေသည်။
ယင်းမှာ ရှင်းအန်းမုန်၏ ထူးခြားသော အခွင့်အလမ်းကောင်းရောက်ရှိလာခြင်းလည်းဖြစ်သည်။ လေအားလျှပ်စစ် ကီလိုဝပ် သန်း ၄၀ ထုတ်လုပ်နိုင်မည့်အလားအလာနှင့် နှစ်စဥ် ပြောင်း တန်ချိန် ၆ သန်းထုတ်လုပ်နိုင်ပြီး ပြောင်းရိုး တန်ချိန် ၇ သန်းကျော် ထွက်ရှိမည် ဖြစ်သည်။
ရှေ့တန်းမှဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည့် တရုတ်ကုမ္ပဏီ Goldwind သည် အဆိုပါ အဖိုးတန်ပိုင်ဆိုင်မှုများ ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
Goldwind သည် ရှင်းအန်း တွင် ၂၀၂၄ ခုနှစ် ဧပြီက လေအားစွမ်းအင်အသုံးပြု စိမ်းလန်းသောမီသနောလ် ထုတ်လုပ်မှု စီမံကိန်း တန်ချိန် ၅၀၀,၀၀၀ စတင်ခဲ့သည်။ ဇီဝဒြပ်ထု အရင်းအမြစ်ပေါများသော ဤဒေသသည် စိမ်းလန်းသောလောင်စာအတွက် အရေးပါသည့်အစိမ်း‌ရောင်ကာဗွန်အရင်းအမြစ် ပေးစွမ်းနိုင်ပြီး ကုမ္ပဏီ၏ လေအားစွမ်းအင်ထုတ်လုပ်မှုအတွက် ဒေသတွင်း အာမခံချက်ရှိပြီး ကြီးမားသော စိမ်းလန်းသည့်စွမ်းအင်အထောက်အပံ့အဖြစ် စီမံကိန်း၏ စိမ်းလန်းသောကွင်းဆက်ကို ပြည့်စုံစေသည်။
Goldwind သည် နှစ်စဥ် စိမ်းလန်းသောမီသနောလ်တန်ချိန် ၅၀၀,၀၀၀ ထောက်ပံ့ပေးရန် Maersk နှင့်ရေရှည်သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး လအနည်းငယ်တွင် အုတ်မြစ်ချအခမ်းအနား ကျင်းပခဲ့သည်။ ကနဦးထုတ်လုပ်မှု ကို ၂၀၂၆ ခုနှစ်တွင် စတင်မည်ဟုမျှော်မှန်းထားကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက်သည် ရေကြောင်းပို့ဆောင်ရေးလုပ်ငန်း၏ ပထမဆုံးအနေဖြင့် စိမ်းလန်းသောမီသနောလ် ကြီးမားသည့်ပမာဏဝယ်ယူမှုကို ကိုယ်စားပြုခြင်း ဖြစ်သည်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် Hapag-Lloyd ကလည်း နှစ်စဥ် စိမ်းလန်းသောမီသနောလ်တန်ချိန် ၂၅၀,၀၀၀ ပေးပို့ရန် Goldwind နှင့် စာချုပ်ချုပ်ခဲ့ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို အနည်းဆုံး ၇၀ ရာခိုင်နှုန်း အခိုင်အမာ လျှော့ချမည်ဖြစ်ကြောင်းသိရသည်။
ဒီဇယ်ရုပ်ကြွင်းလောင်စာဖြင့် နှိုင်းယှဥ်ပါက စိမ်းလန်းသော မီသနောလ်တန်ချိန် ၂၀၀ သည် ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှတ်မှုကို ၃၂၅ တန်ခန့် လျှော့ချပေးနိုင်ကြောင်း သိရသည်။ (Xinhua)
………………..
(English Version)
Green methanol puts China’s landlocked region on global shipping map
HOHHOT, Oct. 9 (Xinhua) — A hinterland area in northeast China, better known for its vast cornfields and strong winds, might have been an unlikely hub for the global shipping industry.
Yet an energy revolution is taking hold here as the clean fuel it produces is set to power the world’s largest cargo ships and reshape the future of global trade. Utilizing its abundant renewable resources, including wind, sunlight and biomass, Xing’an League in Inner Mongolia is now pioneering the production of green methanol, a clean alternative to fossil fuels that is crucial for reducing carbon emissions in the shipping industry.
This immense commercial potential is driven by a looming global regulatory milestone. The International Maritime Organization is poised to vote on a historic “net-zero framework” this month, which is described as the toughest carbon emission rules in the sector.
If adopted, the framework is scheduled to take effect in 2027, making it the world’s first to combine mandatory emission limits with a carbon price across the entire industry, covering approximately 90,000 large ocean-going vessels, each with a gross tonnage exceeding 5,000.
With the clock ticking, shipping giants such as Maersk and Hapag-Lloyd are scrambling to find alternative sources of fuel. This situation is now turning China’s long-term investments in renewable energy infrastructure into a decisive cost advantage.
This is where Xing’an League’s unique niche comes in. It boasts wind power potential of 40 million kilowatts and produces 6 million tonnes of corn annually, resulting in over 7 million tonnes of collectable corn stalks.
Chinese company Goldwind, one of the front-runners, is leveraging these assets.
Goldwind launched a 500,000-tonne wind-powered green methanol production project in Xing’an League in April 2024. The league, rich in biomass resources, offers a vital source of green carbon for green fuels, while the company’s wind power development in the region guarantees a massive supply of green power for the production, thus completing a “green loop” of the project.
A groundbreaking ceremony was held just months after Goldwind signed a long-term agreement with Maersk to supply 500,000 tonnes of green methanol annually, with the initial production expected in 2026. The deal represents the shipping industry’s first large-scale procurement of green methanol.
Later in 2024, Hapag-Lloyd secured a contract with Goldwind for the delivery of 250,000 tonnes of green methanol per year to ensure greenhouse gas emissions reduction of at least 70 percent.
Compared to traditional fossil fuels like diesel, the 200 tonnes of green methanol resulted in a reduction of approximately 325 tonnes in carbon dioxide emissions.
Photo : A drone photo shows green methanol refueling for the ship CM HONG KONG at Tianjin Port in Tianjin, north China, Sept. 22, 2025. (Xinhua/Zhao Zishuo)

 

 

 

 

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.