China
ပေကျင်းမြို့တွင် ရှေးဟောင်းနန်းတော်ပြတိုက် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲ ကျင်းပပြုလုပ်

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံမြို့တော် ပေကျင်းမြို့တွင် ရှေးဟောင်းနန်းတော်ပြတိုက် နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် နှီးနှောဖလှယ်ပွဲတစ်ခုကို အောက်တိုဘာ ၁၀ ရက်ကကျင်းပပြုလုပ်ခဲ့ရာ ယဉ်ကျေးမှုအမွေအနှစ်များကို အမွေဆက်ခံခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းအကြောင်းအရာများကို ဆွေးနွေးနိုင်ရန် ဌာနဆိုင်ရာ အရာရှိ၊ ကျွမ်းကျင်ပညာရှင်နှင့် ယဉ်ကျေးမှုနယ်ပယ်မှ ကိုယ်စားလှယ်ပေါင်း ၁၀၀ ကျော် စုရုံးတက်ရောက်ခဲ့ကြသည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် CPC ဗဟိုကော်မတီ ပြန်ကြားရေးဌာနအကြီးအကဲ လီစူးလေ လည်း အဆိုပါနှီးနှောဖလှယ်ပွဲသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။
အဆိုပါနှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက ရှေးဟောင်းနန်းတော်ပြတိုက်မှာ တရုတ်သမိုင်းကြောင်း၏ အတုမရှိ ပြိုင်ဘက်ကင်းသော သင်္ကေတတစ်ခုနှင့် တရုတ်ယဉ်ကျေးမှု၏ အရေးပါသော အမှတ်လက္ခဏာ တစ်ခုဖြစ်သည်ကို သဘောတူ လက်ခံခဲ့ကြသည်။
ခေတ်သစ်တရုတ်နိုင်ငံ၏ လူမှုရေးပြုပြင်ပြောင်းလဲမှု ရိုက်ခတ်လွှမ်းမိုးမှုအလယ်တွင် အခြေခိုင်စွာရပ် တည်နေသော ရှေးဟောင်းနန်းတော်ပြတိုက်မှာ ရာစုနှစ်တစ်ခုကြာ ဖြတ်သန်းတည်တံ့ခဲ့ပြီးဖြစ်ကာ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာသမိုင်းကြောင်းနှင့် လူသားမျိုးနွယ်၏ ယဉ်ကျေးမှုဆိုင်ရာသမိုင်းကြောင်း နှစ်ခုစလုံးတွင် အဓွန့်ရှည်တည်တံ့ခိုင်မြဲသော အောင်မြင်မှုတစ်ခုကို ကိုယ်စားပြုရပ်တည်နေကြောင်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက ပြောကြားခဲ့သည်။
ထို့အပြင် ယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်များကို ထိန်းသိမ်းကာကွယ်ရန်နှင့် လက်ဆင့်ကမ်းအမွေပေးရန်၊ ယင်းတို့၏တန်ဖိုးကို ပိုမိုတိုးမြှင့်ကာ လေ့လာဖော်ထုတ်ရန်နှင့် ယင်းတို့ကို ကမ္ဘာကြီးနှင့်အတူလက်တွဲပြီး ပိုမိုထိရောက်အကျိုးရှိစွာမျှဝေရေးအတွက် ပို၍ကြီးမားစွာအားထုတ်ကြိုးပမ်းကြရန်လည်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက တိုက်တွန်းခဲ့ကြသည်။
နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုကို တောင့်တင်းခိုင်မာအောင်လုပ်ဆောင်ရန်၊ တရုတ်ယဉ်ကျေးမှုနှင့် နိုင်ငံတကာယဉ်ကျေးမှုများအကြား ပိုမိုနက်ရှိုင်းသော ကူးလူးဖလှယ်မှုနှင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် လေ့လာသင်ယူနိုင်မှုများကို အားပေးမြှင့်တင်ရန် အရေးကြီးမှုကိုလည်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသူများက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
——————–
(English Version)
Symposium on Palace Museum centenary held in Beijing
BEIJING, Oct. 10 (Xinhua)
A symposium on the centenary of the Palace Museum was held in Beijing on Friday, gathering more than 100 officials, experts and scholars, as well as representatives in the cultural sector to discuss the protection and inheritance of cultural heritage.
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attended and delivered a speech at the symposium.
Attendees agreed that the Palace Museum stands as a unique symbol of Chinese history and is an important emblem of Chinese civilization.
Established amid the sweeping social transformations of modern China, the Palace Museum has journeyed through a century, and it represents an enduring achievement in both China’s cultural history and the cultural history of humanity, they said.
Attendees called for greater efforts to safeguard and pass down cultural heritage, explore its value further, and to share it more effectively with the world.
They also emphasized the importance of strengthening international cooperation, and of promoting deeper exchange and mutual learning between Chinese and foreign civilizations. ■
Photo:
Li Shulei, a member of the Political Bureau of the Communist Party of China (CPC) Central Committee and head of the Publicity Department of the CPC Central Committee, attends and delivers a speech at a symposium on the centenary of the Palace Museum in Beijing, capital of China, Oct. 10, 2025. (Xinhua/Liu Weibing)