Connect with us

China

တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ ရေတပ်ပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသရှိ ဗစ်တိုးရီးယားဆိပ်ကမ်းကို ဖြတ်ကျော်မောင်းနှင်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ ရေတပ်သင်္ဘော ရီမုန်ဆန်း ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ အလယ်နှင့်နှောင်းပိုင်းတွင် ဆော်ဒီအာရေဗျနိုင်ငံ၌ “အပြာရောင်ဓား ၂၀၂၅ (Blue Sword-2025)” ဟုအမည်ပေးထားသော ရေတပ်ပူးတွဲလေ့ကျင့်မှုတစ်ခုကို ပူးတွဲပြုလုပ်လေ့ကျင့်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါ ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံ ရေတပ်အကြား ယင်းကဲ့သို့သော လေ့ကျင့်မှုများ တတိယအကြိမ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းလေ့ကျင့်မှုမှ နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ စစ်နည်းဗျူဟာများဖလှယ်မှုများကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ကျန်းပင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)
——————–
(English Version)
China, Saudi Arabia to hold joint naval training
BEIJING, Oct. 10 (Xinhua) — China and Saudi Arabia will hold a joint naval training codenamed “Blue Sword-2025” in Saudi Arabia in mid and late October, a spokesperson for the Ministry of National Defense said Friday.
This training will be the third of this kind between the two navies and is expected to help promote exchanges on skills and tactics, and deepen bilateral friendship and cooperation, spokesperson Jiang Bin told a press conference. ■
Photo:
Chinese People’s Liberation Army (PLA) Navy ship Yimengshan passes by Victoria Harbor in Hong Kong, south China, on Sept. 30, 2025.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.